တာချီလိတ်ရှိ Quarantine Center မှ ထိုင်းပြန် (၁၂၈)ဦးတွင် (၅၈)ဦးမှာ ဓါတ်ခွဲစစ်ဆေးပြီး ပိုးမတွေ့၍ နေရပ်ပြန်ကာ (၇၀)ဦးကျန်

တာချီလိတ်ရှိ Quarantine Center မှ ထိုင်းပြန် (၁၂၈)ဦးတွင် (၅၈)ဦးမှာ ဓါတ်ခွဲစစ်ဆေးပြီး ပိုးမတွေ့၍ နေရပ်ပြန်ကာ (၇၀)ဦးကျန်
ဇူလိုင် 31, 2020
By Tachileik News Agency
တာချီလိတ်ရှိ Quarantine Center မှ ထိုင်းပြန် (၁၂၈)ဦးတွင် (၅၈)ဦးမှာ ဓါတ်ခွဲစစ်ဆေးပြီး ပိုးမတွေ့၍ နေရပ်ပြန်ကာ (၇၀)ဦးကျန်

ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့ရှိ မိုးကုတ်ဝိပဿနာတရားရိပ်သာတွင် အသွားအလာ ကန့်သတ်ထားသည့် ထိုင်းနိုင်ငံမှ ဝင်လာသူ (၁၂၈) ဦးအနက် COVID 19 ဓာတ်ခွဲစစ်ဆေးပြီးသူ (၅၈) ဦးတွင် ပိုးမတွေ့ကြောင်းအဖြေရ၍ ၂၀၂၀ ခုနှစ်၊ ဇူလိုင်လ (၃၁)ရက်နေ့၌ နေရပ်အသီးသီးတွင် quarantine ဆက်ဝင်ရန် ပြန်ခွင့်ပြုလိုက်ပြီး ဓါတ်ခွဲစစ်ဆေးရန် (၇၀)ဦးကျန်ရှိနေသည်။

အခု ဓာတ်ခွဲအဖြေရတဲ့ (၅၈)ယောက်ထဲမှာ တာချီလိတ်က (၃)ယောက်ပါတယ်။ ကျန်တာတွေက ကျိုင်းတုံ၊ တောင်ကြီးနဲ့ လားရှိုးအထိ ကျွန်တော်တို့ ကားစီစဉ်ပြီး ပို့ပေးထားတယ်။ သူတို့တွေက သက်ဆိုင်ရာ ရပ်ကျေးတွေ စီစဉ်ပေးတဲ့နေရာမှာ  (၂၁) ရက်ပြည့်အောင် quarantine ဆက်နေကြရမှာပေါ့။ ကျန်တဲ့ (၇၀)က နောက်မှ ဝင်လာတာဆိုတော့ ဓာတ်ခွဲအဖြေစောင့်ရဦးမယ်

ဟု တာချီလိတ် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းအောင်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

တာချီလိတ်မြို့သို့ ထိုင်းနှင့် လာအိုမှ ဝင်ရောက်လာသူများအနက်  တစ်ဖက်နိုင်ငံများတွင် အကြောင်းအမျိုးမျိုးကြောင့် ပြစ်ဒဏ်ကျခံရပြီး ပြန်လည်လွှဲပြောင်းပေးလာသူများနှင့် တာချီလိတ်မြို့နယ်အတွင်းမှ ဒေသခံများကို မိုးကုတ်ဝိပဿနာတရားရိပ်သာ quarantine center ၌ ထားရှိကာ COVID 19 ဓာတ်ခွဲစစ်ဆေးပြီးမှ နေရပ်အသီးသီး၌ (၂၁)ရက်ပြည့်သည်အထိ quarantine ဝင်စေခြင်းဖြစ်ပြီး အခြားဒေသများမှ နေရပ်ပြန်များကို မိမိတို့ဒေသအသီးသီးသို့ တိုက်ရိုက်ပြန်ပို့ကာ ဓာတ်ခွဲ စစ်ဆေးစေခြင်းဖြစ်သည်။

လက်ရှိတွင် မိုးကုတ်ဝိပဿနာတရားရိပ်သာ quarantine စင်တာ၌ ဓာတ်ခွဲစစ်ဆေးရန် စောင့်နေသူ (၇၀)ဦးရှိနေဆဲဖြစ်ပြီး ဇူလိုင်လ (၃၁)ရက်နေ့တွင် မိုးကုတ်ဝိပဿနာတရားရိပ်သာမှ ပြန်သွားပြီး ရပ်ကွက် quarantine ဆက်ဝင်ရမည့်သူ (၃)ဦးမှာ ဝမ်ကောင်းရပ်ကွက်၊ ဆေခမ်းရပ်ကွက်နှင့် မကာဟိုခမ်းရပ်ကွက်တို့မှဖြစ်ကြောင်း သိရသည်။

Tachileik News Agency
သတင်း - ချယ်ရီထိုက်
ဓါတ်ပုံ - စောခေါင်


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~