မြန်မာနိုင်ငံအတွင်း Covid-19 ကာကွယ်ရေးအတွက် ဆက်လက်ရှိနေတဲ့ ကန့်သတ်ချက် (၇)ချက်

မြန်မာနိုင်ငံအတွင်း Covid-19 ကာကွယ်ရေးအတွက် ဆက်လက်ရှိနေတဲ့ ကန့်သတ်ချက် (၇)ချက်
ဇူလိုင် 31, 2020
By Tachileik News Agency

မြန်မာနိုင်ငံအတွင်း  Covid-19 ကာကွယ်ရေးအတွက် ဆက်လက်ရှိနေတဲ့ ကန့်သတ်ချက် (၇)ချက်

၂၀၂၀ ခုနှစ်၊ သြဂုတ်လ (၁၅) ရက်နေ့အထိ Covid-19 ကာကွယ်ရေးအတွက် ကန့်သတ်ချက် (၇)ချက် ဆက်လက်ရှိနေပါတယ်။

🔘 အစိုးရ၊ ဌာနဆိုင်ရာများက COVID 19 ကာကွယ်ရေးအတွက် ကျန်းမာရေး ထုတ်ပြန်ချက်နှင့်အညီ ကျင်းပသည့် ပွဲ၊အခမ်းအနားများမှအပ မည်သည့် ပွဲလမ်းသဘင်၊ အခမ်းအနားကိုမှ ကျင်းပခွင့်မပြုပါ။
🔘 ညဈေးများ၊ KTV၊ Bar၊ Club များ၊ ဘိလိယက်ခုံများ ဖွင့်ခွင့်မပြုပါ။
🔘 ပြည်ပမှ ပြန်လာသူတိုင်း (၂၁) ရက် Quarantine မဝင်ဘဲ နေထိုင်ခွင့် မပြုပါ။
🔘 အများပြည်သူဆိုင်ရာ နေရာများ (ဘုရား၊ ဝတ်ပြုဆုတောင်းရာနေရာများ၊ အပန်းဖြေနေရာများ စသဖြင့်) တွင် လူစုလူဝေးဖြင့် နေထိုင်၊ သွားလာခွင့် မပြုပါ။
🔘 အခြေခံစားသောက်ကုန်နှင့် ဆေးဝါးများ ဈေးကစား ရောင်းချခွင့်မပြုပါ။
🔘 သတင်းမှား၊ ကောလဟလဖြန့်ဝေခွင့် မပြုပါ။
🔘 နေ့စဉ် ည (၁၂) နာရီမှ နံနက် (၄)နာရီအတွင်း အပြင်ထွက်ခွင့်မပြုသည့် ညမထွက်ရအမိန့်ကို သြဂုတ်လ (၂၀)ရက်နေ့အထိ သက်တမ်းတိုးထားပါတယ်။
🔘 ပြည်ပလေကြောင်းလိုင်းများ ပျံသန်းမှုရပ်နားခြင်းကို သြဂုတ်လကုန်အထိ တိုးမြှင့်ထားပါတယ်။

(COVID 19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအမျိုးသားအဆင့် ဗဟိုကော်မတီ၏ ၂၀၂၀ ခုနှစ်၊ ဇူလိုင်လ (၂၉) ရက်နေ့ ထုတ်ပြန်ချက်)