တာချီလိတ်မြို့ အပိုင်း(ဈ)အနီး ဦးစိန်မောင်နှင့် ဦးဇော်ဇော်ထွန်းတို့ မြေကွက်များနှင့် ပတ်သက်၍ နောက်ဆုံးအကြိမ် တွေ့ဆုံ

တာချီလိတ်မြို့ အပိုင်း(ဈ)အနီး ဦးစိန်မောင်နှင့် ဦးဇော်ဇော်ထွန်းတို့ မြေကွက်များနှင့် ပတ်သက်၍ နောက်ဆုံးအကြိမ် တွေ့ဆုံ
ဒီဇင်ဘာ 16, 2019
By 🌸

တင်ဆက် - ကိုဇောင်း
သတင်းရိုက်ကူး - ဟန်စိုးထိုက်

တာချီလိတ်မြို့ အပိုင်း(ဈ)အနီး  ဦးစိန်မောင်နှင့် ဦးဇော်ဇော်ထွန်းတို့ မြေကွက်များနှင့် ပတ်သက်၍ 
နောက်ဆုံးအကြိမ် တွေ့ဆုံ

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့၊ ဆန်ဆိုင်း (ခ) ရပ်ကွက်အတွင်း မြို့ကွက်သစ် အပိုင်း(ဈ)အနီးမှာ ဦးစိန်မောင်နဲ့ ဦးဇော်ဇော်ထွန်းတို့ အမည်ဖြင့် လုပ်ပိုင်ခွင့်ရရှိထားတဲ့ မြေဧက (၂၀) ပေါ်မှာ မြေကွက်ဝယ်ယူထားသူတွေနဲ့ ရောင်းချထားသူတွေ  ဆန်ဆိုင်း(ခ) ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးမှာ ၂၀၁၉ ခုနှစ် ဒီဇင်ဘာလ (၁၅) ရက်နေ့ မနက်ပိုင်းက နောက်ဆုံးအကြိမ်အဖြစ် တွေ့ဆုံ ဆွေးနွေးခဲ့ကြပါတယ်။

အခုလို တွေ့ဆုံပွဲ (၃) ကြိမ်ပြုလုပ်ခဲ့ရာမှာ မြေကွက်ရောင်းချသူတွေဘက်က ဦးစိန်မောင်ရဲ့သားဖြစ်သူသာ တက်ရောက်ခဲ့ပေမဲ့ ဦးဇော်ဇော်ထွန်းဘက်က တာဝန်ရှိသူတွေ တစ်ယောက်မှ တက်ရောက်လာကြခြင်း မရှိတဲ့အတွက်  ကန့်ကွက်လွှာတွေကို ပယ်ဖျက်လိုက်ပါတယ်။၊

မြေယာကိစ္စတွေကူညီဆောင်ရွက်ပေးဖို့ ရောက်ရှိလာတာဖြစ်တဲ့အတွက် မြေယာဝယ်ယူထားပြီး လက်ဝယ်မရရှိသေးသူတွေနဲ့ စာရွက်စာတမ်း မရရှိသေးတဲ့သူတွေကို တတ်နိုင်တဲ့ဘက်က ကူညီဆောင်ရွက်ပေးသွားမယ်လို့ ဦးစိန်မောင်ရဲ့သားဖြစ်သူ ဦးဝင်းကျော်က ပြောပါတယ်။

အစည်းအဝေးအရ မြေကွက်တွေ ပြန်ရိုက်မှာဖြစ်တဲ့အတွက် မျှော်လင့်တကြီးနဲ့ စောင့်နေတယ်လို့ မြေကွက်ဝယ်ယူထားသူတွေထဲက အငြိမ်းစားကျောင်းအုပ်ဆရာကြီး ဦးခင်မောင်မြင့်က ပြောသည်။

အကူအညီတောင်းလာရင် ကူညီပေးရမှာဖြစ်ပြီးတော့ ဦးဇော်ဇော်ထွန်းဘက်က ကန့်ကွက်လာတဲ့အတွက် ခေါ်ယူတွေ့ဆုံတာလို့ ဆန်ဆိုင်း(ခ) ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးစိုင်းကျောက်က ပြောပါတယ်။

ဦးစိန်မောင်နဲ့ ဦးဇော်ဇော်ထွန်းတို့အမည်ဖြင့် လုပ်ပိုင်ခွင့်ရရှိထားတဲ့ မြေပေါ်မှာ ဝယ်ယူထားတဲ့ သူတွေစာရင်းကို ဆန်ဆိုင်း(ခ) ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးက စာရင်းကောက်ယူခဲ့ရာမှာ မြေကွက် (၂၄၇) ကွက်ကို (၁၁၇) ဦးက ဝယ်ယူထားတဲ့အတွက် မြေကွက်များလက်ရောက်ပေးနိုင်ဖို့အတွက် ဆက်လက်ဆောင်ရွက်သွားမယ်လို့ သိရပါတယ်။

ဆက်စပ်သတင်း

တာချီလိတ်မြို့ အပိုင်း(ဈ)အနီး  ဦးစိန်မောင်နှင့် ဦးဇော်ဇော်ထွန်းတို့ လုပ်ပိုင်ခွင့်ရရှိခဲ့သည့် မြေဧက ၂၀ တွင် မြေကွက်သစ်များ ဖေါ်ဆောင်ရန် နောက်ဆုံးအကြိမ် တွေ့ဆုံ

Tachileik News Agency

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~