တာချီလိတ် - မယ်ဆိုင် နယ်စပ်ပေါက်က ပြန်လိုသူများ သံရုံးကို ဆက်သွယ်စာရင်းပေးရန်လို

တာချီလိတ် - မယ်ဆိုင် နယ်စပ်ပေါက်က ပြန်လိုသူများ သံရုံးကို ဆက်သွယ်စာရင်းပေးရန်လို
ဇူလိုင် 9, 2020
By Tachileik News Agency

တာချီလိတ် - မယ်ဆိုင် နယ်စပ်ပေါက်က ပြန်လိုသူများ သံရုံးကို ဆက်သွယ်စာရင်းပေးရန်လို

ထိုင်းနိုင်ငံအတွင်းမှာ ရောက်ရှိနေတဲ့ မြန်မာရွှေ့ပြောင်းလုပ်သားတွေက ထိုင်းနိုင်ငံ မယ်ဆိုင်မြို့ကနေ မြန်မာနိုင်ငံ တာချီလိတ်မြို့ကို ဝင်ရောက်ရာမှာ ကိုယ့်အစီအစဉ်နဲ့ကိုယ် လာရောက်မှုတွေရှိနေတဲ့အတွက် သံရုံးကနေတဆင့် စာရင်းပေးသွင်းပြီး လာရောက်စေချင်တယ်လို့ ထိုင်းနိုင်ငံ ချင်းမိုင်မြို့က မြန်မာအလုပ်သမားသံအရာရှိ ဦးဇော်မင်းထွေးက ပြောပါတယ်။

အဲ့ဒီလို ကိုယ်စီအစဉ်နဲ့ကိုယ် ပြန်လာတဲ့အခါကြတော့  မြန်မာရွှေ့ပြောင်းလုပ်သားတွေစာရင်း အတိအကျမသိရတဲ့အတွက် တာချီလိတ်မြို့ရောက်မှ ပြန်လည်ကောက်ယူနေရပြီး ၊ ကောက်ယူထားတဲ့ စာရင်းတွေကို ရှမ်းပြည်နယ်အစိုးရထံ ချက်ခြင်းပို့ဆောင်သွားမယ်လို့ တာချီလိတ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးမြင့်နိုင်က ပြောပါတယ်။

ထိုင်းနိုင်ငံမယ်ဆိုင်မြို့ကနေ မြန်မာ-ထိုင်းချစ်ကြည်ရေးအမှတ်(၂)တံတားမှ တဆင့် မြန်မာနိုင်ငံတာချီလိတ်မြို့ကို ၂၀၂၀ ခုနှစ် ဇူလိုင်လ (၈) ရက်နေ့မှာ (၁၆၆) ယောက်ဝင်ရောက်ဖို့ ကြိုတင်စာရင်းပေးထားပေမယ့် အမှန်တကယ် ဝင်ရောက်လာသူ (၂၅၅) ဦးရှိလာတဲ့အတွက် တိုင်းနဲ့ပြည်နယ်အလိုက် စာရင်းကောက်ယူမှုတွေကို ညပိုင်းအချိန်ထိ လုပ်ဆောင်နေရတာဖြစ်ပါတယ်။

ချင်းမိုင်းမြို့အလုပ်သမားသံအရာရှိ ဦးဇော်မင်းထွေး၏ (+66) 099 059 2352 သို့ ဆက်သွယ်နိုင်မှာ ဖြစ်ပါတယ်။

 Tachileik News Agency
တင်ဆက် - ကိုဇောင်း
သတင်း/ရိုက်ကူး - ဟန်စိုးထိုက်


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~