တာချီလိတ်မြို့နယ်ရှိ အထက်တန်းကျောင်း (၁၀)ကျောင်းတွင် သွေးလွန်တုပ်ကွေးနှင့် COVID 19 ကာကွယ်ရေးများအတွက် ဆေးဖြန်းမည်

တာချီလိတ်မြို့နယ်ရှိ အထက်တန်းကျောင်း (၁၀)ကျောင်းတွင် သွေးလွန်တုပ်ကွေးနှင့် COVID 19 ကာကွယ်ရေးများအတွက် ဆေးဖြန်းမည်
ဇူလိုင် 14, 2020
By Tachileik News Agency
တာချီလိတ်မြို့နယ်ရှိ အထက်တန်းကျောင်း (၁၀)ကျောင်းတွင် သွေးလွန်တုပ်ကွေးနှင့် COVID 19 ကာကွယ်ရေးများအတွက် ဆေးဖြန်းမည်

အခြေခံပညာအထက်တန်းများကို ၂၀၂၀ ခုနှစ်၊ ဇူလိုင်လ (၂၁) ရက်နေ့၌ စတင်ဖွင့်လှစ်တော့မည်ဖြစ်ရာ ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့နယ်အတွင်းရှိ အခြေခံပညာအထက်တန်းကျောင်း (၁၀)ကျောင်း၌ သွေးလွန်တုပ်ကွေးကာကွယ်ရေးနှင့် COVID 19 ကာကွယ်ရေး ဆေးဖြန်းခြင်းကို ဇူလိုင်လ (၁၆)ရက်နေ့၌ ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။

“ကျောင်းပြန်ဖွင့်တော့မှာဆိုတော့ တာလေ၊ ကျိုင်းလပ်အပါအဝင် အ.ထ.က ကျောင်း (၁၀) ကျောင်းကို သွေးလွန်တုပ်ကွေး ကာကွယ်ရေးအတွက် အသုတ် (၃)သုတ်ခွဲပြီး မနက်ပိုင်းမှာ ခြင်ဆေးဖြန်းမယ်။ ညနေပိုင်းမှာတော့ COVID 19 ကာကွယ်ရေးအတွက်  ဆေးဖြန်းတာလုပ်မယ်”ဟု တာချီလိတ်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးချမ်းမြေ့စောက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

လက်ရှိတွင် COVID 19 ကာကွယ်ထိန်းချုပ်နေဆဲကာလဖြစ်သည့်အပြင် သွေးလွန်တုပ်ကွေးဖြစ်ပွားမှုလည်း ရှိနေပြီဖြစ်၍ ခြင်ဆေးဖြန်းခြင်းနှင့် COVID 19 ကာကွယ်ရေးအတွက် ကလိုရင်းဖျန်းခြင်းကို ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။

ခြင်ဆေးဖြန်းခြင်းလုပ်ငန်းကို မဇ္ဇျိမလူမှုကူညီရေးအသင်း၊ ကြက်ခြေနီနှင့် မီးသတ်တပ်ဖွဲ့တို့က တာဝန်ယူဆောင်ရွက်ကြမည်ဖြစ်ပြီး ကလိုရင်းဖြန်းခြင်းကို မဇ္ဇျိမလူမှုကူညီရေးအသင်းနှင့် မီးသတ်တပ်ဖွဲ့တို့က ဆောင်ရွက်ကြမည်ဖြစ်ကြောင်း သိရသည်။

အထက(တာချီလိတ်)၊ အထကခွဲ(ပုန်းထွန်)၊ အထက(ဆန်ဆိုင်း)၊ အထက(ဟောင်လိတ်)၊ အထကခွဲ(ဝမ်ပုံ)၊ အထကခွဲ(မယ်ဟုတ်)၊ အထက(မိုင်းကိုး)၊ အထကခွဲ(နားအွန်)၊ အထက(တာလေ)နှင့် အထက(ကျိုင်းလပ်)တို့တွင် ပိုးသတ်ဆေးခြင်းဆောင်ရွက်မည်ဖြစ်သည်။

Tachileik News Agency


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~