တာခ်ီလိတ္ရိွ ျမန္မာ-ထိုင္း ခ်စ္ၾကည္ေရးတံတား အမွတ္ (၂) ကို အမ်ားျပည္သူျဖတ္သန္းခြင့္အတြက္ လိုအပ္သည့္ျပင္ဆင္မႈမ်ားျပဳလုပ္ရန္ ျပည္နယ္အဆင့္ေဆြးေႏြးေန

တာခ်ီလိတ္ရိွ ျမန္မာ-ထိုင္း ခ်စ္ၾကည္ေရးတံတား အမွတ္ (၂) ကို အမ်ားျပည္သူျဖတ္သန္းခြင့္အတြက္ လိုအပ္သည့္ျပင္ဆင္မႈမ်ားျပဳလုပ္ရန္ ျပည္နယ္အဆင့္ေဆြးေႏြးေန
ဇွန် 4, 2019
By 🌸
ထုိင္းႏုိင္ငံႏွင့္နယ္စပ္ ရွမ္းျပည္နယ္အေရွ႕ပိုင္း၊ တာခ်ီလိတ္ၿမိဳ႕ရိွ ျမန္မာ - ထုိင္းခ်စ္ၾကည္ေရးတံတားအမွတ္ (၂)ကို ကုန္သြယ္ေရးအတြက္သံုးေနရာမွ အမ်ားျပည္သူျဖတ္သန္းသြားလာႏုိင္ခြင့္ျပဳရန္ လိုအပ္သည့္ျပင္ဆင္မႈမ်ားအတြက္ ျပည္နယ္အဆင့္ ေဆြးေႏြးေနဆဲျဖစ္ၿပီး ျပည္ေထာင္စုသို႔ ဆက္လက္တင္ျပသြားမည္ျဖစ္ေၾကာင္း သိရသည္။

အမွတ္(၁)တံတားတြင္ ယာဥ္ေၾကာက်ပ္တည္းမႈႏွင့္ ယာဥ္ေၾကာပိတ္ဆို႔မႈ ျဖစ္ပြားေနသျဖင့္ အမွတ္(၂)တံတားတြင္လည္း အမ်ားျပည္သူျဖတ္သန္းသြားလာခြင့္ျပဳမည္ဆိုပါက ထုိင္းႏုိင္ငံဘက္က အဆင္သင့္ျပင္ဆင္ထားၿပီးျဖစ္ေၾကာင္း ၂၀၁၈ ခုႏွစ္ ၾသဂုတ္လ (၁၇)ရက္ေန႔က က်င္းပသည့္ ႏွစ္ႏုိင္ငံ ၿမိဳ႕နယ္အဆင့္နယ္ျခားေကာ္မတီ(TBC)အစည္းအေဝးတြင္ ထိုင္းႏုိင္ငံဘက္က တင္ျပေဆြးေႏြးထားခဲ့ရာ ျမန္မာဘက္ကလည္း ခြင့္ျပဳႏုိင္ရန္ ေဒသအုပ္ခ်ဳပ္ေရးအဖြဲ႕က ျပည္နယ္အစိုးရထံ တင္ျပထားျခင္းျဖစ္သည္။

"အဲဒီတံတားကေန ျဖတ္သန္းသြားလာဖို႔ကို အစိုးရအဖြဲ႕ အစည္းအေဝးမွာ ဝိုင္းေဆြးေႏြးၿပီးေတာ့ ကၽြန္ေတာ္တို႔ ဥပေဒနဲ႔အညီ ေဆာင္ရြက္ဖို႔ရိွပါတယ္ဗ်။ ဒါကိုလည္း ဝန္ႀကီးခ်ဳပ္ႀကီးက ခရီးစဥ္မွာ ေျပာခဲ့ပါတယ္ဗ်။ လုပ္ထံုးလုပ္နည္းနဲ႔လည္းညီေအာင္ အားလံုးလည္း အထစ္အေငါ့မရိွေအာင္ ေနာက္ၿပီးေတာ့ တခ်ိဳ႕ဌာနေတြက ဝန္ထမ္းေတြဘာေတြျဖည့္ဆည္းစရာေတြရိွတယ္။ အဲဒါေလးေတြ ညိႇႏိႈင္းေဆာင္ရြက္ၿပီးရင္ေတာ့ ကၽြန္ေတာ္တို႔ ဆက္လုပ္ဖို႔ရိွပါတယ္။ ျပည္ေထာင္စုအစိုးရလည္း ဆက္တင္ျပရမွာေပါ့"ဟု ရွမ္းျပည္နယ္အစုိးရအဖြဲ႕အတြင္းေရးမွဴး၊ ျပည္နယ္အုပ္ခ်ဳပ္ေရးမွဴး ဦးစုိးစုိးေဇာ္က တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ေျပာသည္။

၂၀၁၉ ခုႏွစ္ ဧၿပီလ (၃၀) ရက္ေန႔တြင္ က်င္းပသည့္ (၉၅) ႀကိမ္ေျမာက္ ျမန္မာ-ထိုင္းႏွစ္ႏိုင္ငံ ၿမို႕နယ္အဆင့္နယ္ျခားေကာ္မတီ အစည္းအေ၀းတြင္ ထိုင္းႏိုင္ငံဘက္မွ အမ်ားျပည္သူသြားလာရာတြင္ လြယ္ကူအဆင္ေျပ ေခ်ာေမြ႕ေစေရးအတြက္ အမွတ္ (၂) ခ်စ္ၾကည္ေရးတံတားအား ဖြင့္လွစ္အသံုးျပဳသြားရန္ အမွတ္(၂)တံတားအား အမ်ားျပည္သူျဖတ္သန္းခြင့္ျပဳႏုိင္ရန္ ႏွစ္ႏုိင္ငံၿမိဳ႕နယ္အဆင့္ နယ္ျခားေကာ္မတီ အစည္းအေဝးမ်ားတြင္ ထုိင္းႏုိင္ငံက ၂၀၁၈ခုႏွစ္ ၾသဂုတ္လ (၁၇)ရက္ေန႔က ေဆြးေႏြးခဲ့ၿပီးေနာက္ ဒီဇင္ဘာလ (၁၉)ရက္ေန႔ အစည္းအေဝးႏွင့္ ၂၀၁၉ ခုႏွစ္ ဧၿပီလ(၃၀)ရက္ေန႔အစည္းအေဝးမ်ားတြင္ ထပ္မံေဆြးေႏြးထားျခင္းျဖစ္သည္။

ျမန္မာ - ထိုင္း ခ်စ္ၾကည္ေရး အမွတ္(၁)တံတားမွ ေျခလ်င္ျဖတ္သန္းသူမ်ား၊ အိမ္သံုးကား၊ ဆုိင္ကယ္တုိ႔အျပင္ တစ္ႏုိင္တစ္ပိုင္ကုန္သြယ္မႈအတြက္ ပစၥည္းသယ္သည့္ သံုးဘီးဆုိင္ကယ္မ်ား၊ ေမာ္ေတာ္ယာဥ္မ်ား ျဖတ္သန္းသြားလာေနသည့္ ေမာ္ေတာ္ယာဥ္မ်ားျပားျခင္းႏွင့္ ႏွစ္ႏုိင္ငံၾကား လက္ဝဲ၊ လက္ယာ ယာဥ္ေၾကာသတ္မွတ္မႈမွာလည္း ဆန္႔က်င္ဘက္ျဖစ္ေန၍ တံတားအလယ္ နယ္နမိတ္တြင္ ေမာ္ေတာ္ယာဥ္မ်ား ကန္႔လန္႔ျဖတ္ကူးသန္းေနရျခင္းမ်ားေၾကာင့္ ယာဥ္ေၾကာပိတ္ဆို႔မႈျဖစ္ပြားေနျခင္းျဖစ္သည္။

တာခ်ီလိတ္ၿမိဳ႕ႏွင့္ ထုိင္းႏုိင္ငံမယ္ဆုိင္ကို ဆက္သြယ္ထားသည့္ ခ်စ္ၾကည္ေရးတံတား (၂)စင္းရိွသည့္အနက္ ခ်စ္ၾကည္ေရးတံတား (၁)ကို အမ်ားျပည္သူျဖတ္သန္းသြားလာျခင္းႏွင့္ ခ်စ္ၾကည္ေရးတံတား (၂)ကို ကုန္သြယ္ေရးအတြက္ သီးျခားစီအသံုးျပဳေနျခင္းျဖစ္သည္။

ထုိင္းႏိုင္ငံ၊ လာအိုႏိုင္ငံတုိ႔ျဖင့္ နယ္နမိတ္ထိစပ္ေနသည့္ ရွမ္းျပည္နယ္(အေရွ႕ပိုင္း) တာခ်ီလိတ္ခရိုင္အတြင္း နယ္စပ္ဝင္ထြက္ေပါက္မ်ားအျဖစ္ တာခ်ီလိတ္ႏွင့္ ထုိင္းႏုိင္ငံမယ္ဆိုင္ကို ဆက္သြယ္ထားသည့္ ျမန္မာ - ထုိင္းခ်စ္ၾကည္ေရးတံတား(၁)၊ ဝမ္ပံုနွင့္ လာအိုႏိုင္ငံ လံုတားထိုင္းကိုဆက္သြယ္ထားသည့္ ဝမ္ပံုဆိပ္ကမ္းႏွင့္ က်ိဳင္းလပ္ႏွင့္ လာအိုႏုိင္ငံစီအင္ေကာက္ဆက္သြယ္ထားသည့္ ျမန္မာ - လာအိုခ်စ္ၾကည္ေရးတံတားတို႔တြင္ ခြင့္ျပဳထားျခင္းျဖစ္သည္။

သတင္း #ဟန္စိုးထုိက္

~~~~~~~~⊰❂ Unicode Version ~~~~~~~~
တာချီလိတ်ရှိ မြန်မာ-ထိုင်း ချစ်ကြည်ရေးတံတား အမှတ် (၂) ကို အများပြည်သူဖြတ်သန်းခွင့်အတွက် လိုအပ်သည့်ပြင်ဆင်မှုများပြုလုပ်ရန် ပြည်နယ်အဆင့်ဆွေးနွေးနေ
***********
ထိုင်းနိုင်ငံနှင့်နယ်စပ် ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့ရှိ မြန်မာ - ထိုင်းချစ်ကြည်ရေးတံတားအမှတ် (၂)ကို ကုန်သွယ်ရေးအတွက်သုံးနေရာမှ အများပြည်သူဖြတ်သန်းသွားလာနိုင်ခွင့်ပြုရန် လိုအပ်သည့်ပြင်ဆင်မှုများအတွက် ပြည်နယ်အဆင့် ဆွေးနွေးနေဆဲဖြစ်ပြီး ပြည်ထောင်စုသို့ ဆက်လက်တင်ပြသွားမည်ဖြစ်ကြောင်း သိရသည်။

အမှတ်(၁)တံတားတွင် ယာဉ်ကြောကျပ်တည်းမှုနှင့် ယာဉ်ကြောပိတ်ဆို့မှု ဖြစ်ပွားနေသဖြင့် အမှတ်(၂)တံတားတွင်လည်း အများပြည်သူဖြတ်သန်းသွားလာခွင့်ပြုမည်ဆိုပါက ထိုင်းနိုင်ငံဘက်က အဆင်သင့်ပြင်ဆင်ထားပြီးဖြစ်ကြောင်း ၂၀၁၈ ခုနှစ် သြဂုတ်လ (၁၇)ရက်နေ့က ကျင်းပသည့် နှစ်နိုင်ငံ မြို့နယ်အဆင့်နယ်ခြားကော်မတီ(TBC)အစည်းအဝေးတွင် ထိုင်းနိုင်ငံဘက်က တင်ပြဆွေးနွေးထားခဲ့ရာ မြန်မာဘက်ကလည်း ခွင့်ပြုနိုင်ရန် ဒေသအုပ်ချုပ်ရေးအဖွဲ့က ပြည်နယ်အစိုးရထံ တင်ပြထားခြင်းဖြစ်သည်။

"အဲဒီတံတားကနေ ဖြတ်သန်းသွားလာဖို့ကို အစိုးရအဖွဲ့ အစည်းအဝေးမှာ ဝိုင်းဆွေးနွေးပြီးတော့ ကျွန်တော်တို့ ဥပဒေနဲ့အညီ ဆောင်ရွက်ဖို့ရှိပါတယ်ဗျ။ ဒါကိုလည်း ဝန်ကြီးချုပ်ကြီးက ခရီးစဉ်မှာ ပြောခဲ့ပါတယ်ဗျ။ လုပ်ထုံးလုပ်နည်းနဲ့လည်းညီအောင် အားလုံးလည်း အထစ်အငေါ့မရှိအောင် နောက်ပြီးတော့ တချို့ဌာနတွေက ဝန်ထမ်းတွေဘာတွေဖြည့်ဆည်းစရာတွေရှိတယ်။ အဲဒါလေးတွေ ညှိနှိုင်းဆောင်ရွက်ပြီးရင်တော့ ကျွန်တော်တို့ ဆက်လုပ်ဖို့ရှိပါတယ်။ ပြည်ထောင်စုအစိုးရလည်း ဆက်တင်ပြရမှာပေါ့"ဟု ရှမ်းပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူး၊ ပြည်နယ်အုပ်ချုပ်ရေးမှူး ဦးစိုးစိုးဇော်က တာချီလိတ်သတင်းအေဂျင်စီသို့ပြောသည်။

၂၀၁၉ ခုနှစ် ဧပြီလ (၃၀) ရက်နေ့တွင် ကျင်းပသည့် (၉၅) ကြိမ်မြောက် မြန်မာ-ထိုင်းနှစ်နိုင်ငံ မြို့နယ်အဆင့်နယ်ခြားကော်မတီ အစည်းအဝေးတွင် ထိုင်းနိုင်ငံဘက်မှ အများပြည်သူသွားလာရာတွင် လွယ်ကူအဆင်ပြေ ချောမွေ့စေရေးအတွက် အမှတ် (၂) ချစ်ကြည်ရေးတံတားအား ဖွင့်လှစ်အသုံးပြုသွားရန် အမှတ်(၂)တံတားအား အများပြည်သူဖြတ်သန်းခွင့်ပြုနိုင်ရန် နှစ်နိုင်ငံမြို့နယ်အဆင့် နယ်ခြားကော်မတီ အစည်းအဝေးများတွင် ထိုင်းနိုင်ငံက ၂၀၁၈ခုနှစ် သြဂုတ်လ (၁၇)ရက်နေ့က ဆွေးနွေးခဲ့ပြီးနောက် ဒီဇင်ဘာလ (၁၉)ရက်နေ့ အစည်းအဝေးနှင့် ၂၀၁၉ ခုနှစ် ဧပြီလ(၃၀)ရက်နေ့အစည်းအဝေးများတွင် ထပ်မံဆွေးနွေးထားခြင်းဖြစ်သည်။

မြန်မာ - ထိုင်း ချစ်ကြည်ရေး အမှတ်(၁)တံတားမှ ခြေလျင်ဖြတ်သန်းသူများ၊ အိမ်သုံးကား၊ ဆိုင်ကယ်တို့အပြင် တစ်နိုင်တစ်ပိုင်ကုန်သွယ်မှုအတွက် ပစ္စည်းသယ်သည့် သုံးဘီးဆိုင်ကယ်များ၊ မော်တော်ယာဉ်များ ဖြတ်သန်းသွားလာနေသည့် မော်တော်ယာဉ်များပြားခြင်းနှင့် နှစ်နိုင်ငံကြား လက်ဝဲ၊ လက်ယာ ယာဉ်ကြောသတ်မှတ်မှုမှာလည်း ဆန့်ကျင်ဘက်ဖြစ်နေ၍ တံတားအလယ် နယ်နမိတ်တွင် မော်တော်ယာဉ်များ ကန့်လန့်ဖြတ်ကူးသန်းနေရခြင်းများကြောင့် ယာဉ်ကြောပိတ်ဆို့မှုဖြစ်ပွားနေခြင်းဖြစ်သည်။

တာချီလိတ်မြို့နှင့် ထိုင်းနိုင်ငံမယ်ဆိုင်ကို ဆက်သွယ်ထားသည့် ချစ်ကြည်ရေးတံတား (၂)စင်းရှိသည့်အနက် ချစ်ကြည်ရေးတံတား (၁)ကို အများပြည်သူဖြတ်သန်းသွားလာခြင်းနှင့် ချစ်ကြည်ရေးတံတား (၂)ကို ကုန်သွယ်ရေးအတွက် သီးခြားစီအသုံးပြုနေခြင်းဖြစ်သည်။

ထိုင်းနိုင်ငံ၊ လာအိုနိုင်ငံတို့ဖြင့် နယ်နမိတ်ထိစပ်နေသည့် ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်ခရိုင်အတွင်း နယ်စပ်ဝင်ထွက်ပေါက်များအဖြစ် တာချီလိတ်နှင့် ထိုင်းနိုင်ငံမယ်ဆိုင်ကို ဆက်သွယ်ထားသည့် မြန်မာ - ထိုင်းချစ်ကြည်ရေးတံတား(၁)၊ ဝမ်ပုံနှင့် လာအိုနိုင်ငံ လုံတားထိုင်းကိုဆက်သွယ်ထားသည့် ဝမ်ပုံဆိပ်ကမ်းနှင့် ကျိုင်းလပ်နှင့် လာအိုနိုင်ငံစီအင်ကောက်ဆက်သွယ်ထားသည့် မြန်မာ - လာအိုချစ်ကြည်ရေးတံတားတို့တွင် ခွင့်ပြုထားခြင်းဖြစ်သည်။

သတင်း #ဟန်စိုးထိုက်

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net