မကွေးတိုင်းအတွင်းထဲက နတ်ရေကန်တောင်ဒေသအတွက် Covid-19 ကုစားမှု အစီအစဉ်အနေဖြင့် ကော်ဖီပျိုးပင်နှင့်ဆက်စပ်ပစ္စည်းများ ထောက်ပံ့

မကွေးတိုင်းအတွင်းထဲက နတ်ရေကန်တောင်ဒေသအတွက် Covid-19 ကုစားမှု အစီအစဉ်အနေဖြင့် ကော်ဖီပျိုးပင်နှင့်ဆက်စပ်ပစ္စည်းများ ထောက်ပံ့
ဇူလိုင် 16, 2020
By Tachileik News Agency
မကွေးတိုင်းအတွင်းထဲက နတ်ရေကန်တောင်ဒေသအတွက် Covid-19 ကုစားမှု အစီအစဉ်အနေဖြင့် ကော်ဖီပျိုးပင်နှင့်ဆက်စပ်ပစ္စည်းများ ထောက်ပံ့

မကွေးတိုင်းဒေသကြီးအတွင်းထဲက ကော်ဖီစိုက်သည့် ဒေသဖြစ်သည့် နတ်ရေကန်တောင်ဒေသအတွက် Covid-19 ကုစားမှု အစီအစဉ်အနေဖြင့် ကော်ဖီပျိုးပင်(၆)သောင်း၊ အခြားသီးပင်(၂)သောင်းနှင့် စိုက်ပျိုးရေး ကရိယာများ၊ မြေသြဇာများကို စိုက်ပျိုးရေးဦးစီးဌာနက ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

နတ်ရေကန်တောင်ဒေသသည် မကွေးတိုင်းဒေသကြီးအတွင်း ငဖဲမြို့ နှင့် အမ်းမြို့သို့အသွား တောင်တက်လမ်းတွင် တည်ရှိပြီး ကော်ဖီများကို တစ်နိုင်တစ်ပိုင်အဖြစ် စိုက်ပျိုးမှုရှိခဲ့ရာမှာ ယခုအခါမှာ စိုက်ဧက (၁,၀၀၀)ကျော်အထိ ရှိနေပြီံဖြစ်ကြောင်း သိရသည်။

ကော်ဖီစိုက်ပျိုးမှု အားကောင်းလာသော ငဖဲမြို့နယ်၊ တောင်ပေါ်ကျေးရွာအုပ်စု(၁၀)ခုမှ တောင်သူများအ တွက် ကော်ဖီပျိုးပင်(၆)သောင်း ၊ အခြား သစ်ပင်(၂)သောင်း ၊ စိုက်ပျိုးရေးကိရိယာပစ္စည်းများ နှင့် ကွန် ပေါင်းမြေသြဇာတို့ကို မဲခေါင်-လန်ချန်း အထူး ရန်ပုံငွေဖြင့်  စိုက်ပျိုးရေးဦးစီးဌာန(ကော်ဖီ ရာသီသီးနှံ ဌာနခွဲ) က COVID-19 ကုစားမှုအစီအစဉ်ဖြင့် ပေးအပ်ခြင်းကို ဇူလိုင်လ၏ ဒုတိယပတ်အတွင်းက  ဘုံးဘောကျေးရွာ ၌ လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

မကွေးတိုင်းက အပူပိုင်းဒေသတစ်ခုဖြစ်ပေမယ့် ဒီဒေသက ထူးထူးခြားခြား ရာသီဥတုက အမြဲလိုအေးမြတဲ့ တောင်ပေါ်ဒေသလေးတစ်ခုဖြစ်ပါတယ်။ အရင်က ဝ ဥ ၊ ငှက်ပျော ၊ ကဗ္ဗလာ ၊ နာနတ် ၊ သံပုရာ စတဲ့ ပုံမှန် သီးပင်စားပင်လေးတွေကိုပဲ စိုက်ပျိုးလာခဲ့ရာက အခု ကော်ဖီစိုက်ပျိုးမှုကို စိတ်ဝင်စားလာကြတဲ့အတွက် ပျိုးပင်တွေကို နှစ်စဉ်ပေးဝေသွားမှာပါ။ ကော်ဖီစိုက်တာဟာ သစ်တောပြုန်းတီးမှုကိုလည်း ကာကွယ်ပေး နိုင်ပါတယ်

ဟု ငဖဲမြို့နယ် ၊ ကော်ဖီနည်းပညာဖွံ့ဖြိုးရေးခြံ တာဝန်ခံ ဦးဇော်သိန်းက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

အပူပိုင်းဒေသ၏ အိုအေစစ်တစ်ခုဖြစ်သော နတ်ရေကန်တောင်ဒေသမှထွက်ရှိသည့် ကော်ဖီကို ရွာငံသို့ တင်ပို့ကြပြီး ရွာငံမှတစ်ဆင့် ပြည်ပတင်ပို့မှုများ ရှိနေကြောင်း သိရပြီး ထူးထူးခြားခြား မကွေးတိုင်းမှ ထွက် သောကော်ဖီဖြစ်၍ ဒေသတွင်းရောင်းအားကောင်း ထုတ်ကုန်တစ်ခုလည်း ဖြစ်နေကြောင်း ကော်ဖီဈေးကွက် အတွင်း မှ သိရသည်။

Tachileik News Agency
သတင်း - ဖီးနစ်


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~