တာချီလိတ်တွင် ပြည်တော်ပြန်များ ထပ်မံရောက်ရှိလာ၍ Quarantine ထားရမည့်သူ (၁၈၇) ဦးအထိ တိုးလာ

တာချီလိတ်တွင် ပြည်တော်ပြန်များ ထပ်မံရောက်ရှိလာ၍ Quarantine ထားရမည့်သူ (၁၈၇) ဦးအထိ တိုးလာ
ဇွန် 15, 2020
By 🌸
တာချီလိတ်တွင် ပြည်တော်ပြန်များ ထပ်မံရောက်ရှိလာ၍ Quarantine ထားရမည့်သူ (၁၈၇) ဦးအထိ တိုးလာ

မယ်ဆိုင် - တာချီလိတ်လမ်းကြောင်းမှတစ်ဆင့် နေရပ်ပြန်ခွင့်ရသည့် ပြည်တော်ပြန် မြန်မာနိုင်ငံသား (၁၀၄) ဦးကို ၂၀၂၀ ခုနှစ်၊ ဇွန်လ (၁၅)ရက်နေ့၌ တာချီလိတ်ဘက်သို့ လွှဲပြောင်းပေးလာရာ တာချီလိတ်ဘက်တွင် COVID 19 စစ်ဆေးရန် အသွားအလာကန့်သတ်ထားသူ စုစုပေါင်း (၁၈၇)ဦး ရှိနေပြီဖြစ်သည်။

“Quarantine ထားရာမှာ ဝင်လာတဲ့ရက်မတူရင် အတူတွဲထားလို့မရဘူး။ နောက် ယောက် ျားလေး၊ မိန်းကလေး တစ်ဆောင်စီ ခွဲထားရတယ်။ ရှေ့ကဝင်လာတဲ့အသုတ်ကလည်း မိုးကုတ်ဝိပဿနာရိပ်သာမှာ ထားတယ်။ ကြားထဲမှာ (၄)ရက်၊ (၅)ရက်ခြားပြီးမှ ထိုင်းဘက်နဲ့ ညှိနှိုင်းပြီး လက်ခံရတယ်။ ရှေ့ကဝင်လာတဲ့သူတွေကို ဆေးစစ်မယ်။ သူတို့ Negative ထွက်လာရင် ပြန်လွှတ်လိုက်တယ်။ နောက်တစ်သုတ် ထပ်ထားတယ်။ အရင်ကတော့ Quarantine စင်တာတွေ အများကြီးရှိတယ်။ လက်ရှိအခြေအနေမှာတော့ စာသင်ကျောင်းတွေလည်း ပြန်အပ်လိုက်ရတော့ quarantine စင်တာထားဖို့ အဆောက်အဦတော့ အခက်အခဲဖြစ်တယ်။ ပထမအသုတ်ထွက်မှ ဒုတိယအသုတ် ဝင်ရမယ်။ ရက်ကပ်သွားမယ်ဆိုရင်တော့ ကျွန်တော်တို့မှာ အခက်အခဲကတော့ အများကြီးရှိတာပေါ့”

ဟု  တာချီလိတ်ခရိုင် Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးကော်မတီ ဥက္ကဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးမြင့်နိုင်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

COVID 19 ကြောင့် နယ်စပ်ဝင်ထွက်ပေါက်များ ပိတ်ထားသည့် ထိုင်းနိုင်ငံမှ  ပြည်တော်ပြန်ခွင့်ရ မြန်မာနိုင်ငံသား အမျိုးသား (၄၅)ဦးနှင့် အမျိုးသမီး (၅၉)ဦးတို့ကို မြန်မာအလုပ်သမားသံအရာရှိနှင့် မယ်ဆိုင်ဘက်မှ တာဝန်ရှိသူများ၊ ကူူညီဆောင်ရွက်ပေးသူများက မြန်မာ - ထိုင်းချစ်ကြည်ရေးတံတား အမှတ်(၂) တာချီလိတ်ဘက်ခြမ်းသို့ လာရောက်ပို့ဆောင်ရာ တာချီလိတ်ဘက်မှ တာဝန်ရှိသူများက စိစစ်လက်ခံကြခြင်းဖြစ်သည်။

“အခုဝင်လာတဲ့ (၁၀၀)ကျော်ကို အဆောင်(၁)မှာ ထားပါမယ်။ ပထမရှိနေတဲ့ လူတွေကိုတော့ အဆောင် (၂)မှာ ထားပါတယ်။ အဓိကကတော့ စားရေးသောက်ရေးအပိုင်းမှာ နည်းနည်း ရက်ကြာလာတော့ ကိုဗစ်ဖြစ်တဲ့ကာလကလည်း (၃)လလောက်ဖြစ်သွားပြီဆိုတော့ အလှူရှင်ကလည်း မရှိသလောက်ဖြစ်သွားပြီ။ အစပိုင်းကတော့ အလှူရှင်တွေ အတော်များများက လှူကြပါတယ်”

ဟု တာချီလိတ်မြို့နယ် Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးကော်မတီ ဥက္ကဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးချမ်းမြေ့စောက ပြောသည်။

တာချီလိတ်မြို့သို့ ရောက်လာသည့် ပြည်တော်ပြန်များ၊ ပြစ်ဒဏ်စေ့များကို မိုးကုတ်ဝိပဿနာတရားရိပ်သာ Quarantine Center တွင် ယာယီ အသွားအလာကန့်သတ်ထားရှိကာ COVID 19 ဓာတ်ခွဲနမူနာ ရယူစစ်ဆေးပြီး ဓာတ်ခွဲအဖြေထွက်မှ နေရပ်အသီးသီး ပြန်ပို့ခြင်းဖြစ်ရာ ဇွန်လ (၉)ရက်နေ့က လက်ခံထားသည့် ထိုင်းနိုင်ငံ၊ မယ့်ဖားလုံတက္ကသိုလ်မှ ကျောင်းသားကျောင်းသူ (၁၉)ဦး၊ ပြည်တော်ပြန် (၃၂)ဦးနှင့်  ပြစ်ဒဏ်စေ့ (၁၃)ဦး စုစုပေါင်း (၆၄)ဦးမှာ ဓာတ်ခွဲအဖြေစောင့်နေဆဲဖြစ်သည်။

Tachileik News Agency
ဓါတ်ပုံ -ကျော်ဇင်ဟိန်း၊ ယမင်း


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~