လာအိုနိုင်ငံရောက် မြန်မာနိုင်ငံသား (၂၀၀)ကျော် နေရပ်ပြန်ရန် ခွင့်ပြုချက် စောင့်ဆိုင်းနေ

လာအိုနိုင်ငံရောက် မြန်မာနိုင်ငံသား (၂၀၀)ကျော် နေရပ်ပြန်ရန် ခွင့်ပြုချက် စောင့်ဆိုင်းနေ
ဇွန် 18, 2020
By Tachileik News Agency
လာအိုနိုင်ငံရောက် မြန်မာနိုင်ငံသား (၂၀၀)ကျော်  နေရပ်ပြန်ရန် ခွင့်ပြုချက် စောင့်ဆိုင်းနေ

လာအိုနိုင်ငံဘက်မှ ပြည်တော်ပြန်လိုသည့် မြန်မာနိုင်ငံသားများကို နေရပ်ပြန်နိုင်ရေးအတွက် လာအိုနိုင်ငံရှိ  မြန်မာသံရုံးမှ တစ်ဆင့် မြန်မာ နိုင်ငံခြားရေးဝန်ကြီးဌာနသို့ တင်ပြထားပြီး သက်ဆိုင်ရာ ပြည်နယ်အစိုးရမှတစ်ဆင့် ပြည်တော်ပြန်လက်ခံရေး ဆောင်ရွက်နေဆဲဖြစ်ကြောင်း နှင့် နေရပ်ပြန်လိုသူများမှာ ရက်အတော်ကြာ စောင့်ဆိုင်းနေရကြောင်း သိရသည်။

“ အခုထိတော့ ပြည်နယ်အစိုးရကနေ ညွှန်ကြားလာတာ မရှိသေးဘူး။ လာအိုဘက်က လက်ခံဖို့ ညွှန်ကြားတာနဲ့ ဒီဘက်က လက်ခံဖို့ အဆင်သင့် ဖြစ်ပါတယ်။ ထိုင်းဘက်က ပြည်တော်ပြန် ပြန်မယ့်ရက်နဲ့ ညှိပြီးလက်ခံသွားမှာပါ”ဟု တာချီလိတ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးမြင့်နိုင်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

မြန်မာ - လာအိုနယ်စပ်ဒေသ လာအိုနိုင်ငံ ဘိုကီယိုပြည်နယ် တုန်ဖိန်းမြို့နယ်အတွင်း သွားရောက်အလုပ်လုပ်ကိုင်နေသည့် မြန်မာနိုင်ငံသား (၁၀,၀၀၀)ကျော် အနက် ပြည်တော်ပြန်လိုသူစာရင်းကို ဒုတိယအကြိမ်အဖြစ် တုန်ဖိန်းမြို့နယ်ရှိ ရခိုင်ရွာ(မြန်မာရွာ)အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့က  ကောက်ခံပေးထားရာ မေလ (၂၅)ရက်နေ့အထိ စာရင်းအရ ပြည်တော်ပြန်လိုသူ (၂၃၀)ကျော် ရှိနေခြင်းဖြစ်သည်။

နေရပ်ပြန်လိုသူ (၂၃၀)ကျော်သည် မေလ(၂၅)ရက်နေ့ နောက်ဆုံးထားစာရင်းပေးခဲ့ကြပြီး  နေရပ်ပြန်ရန်အတွက် ပြင်ဆင်ထားနေလျက်ရှိရာ ယနေ့ ဇွန်လ(၁၈)ရက်နေ့အထိ နေရပ်ပြန်ရန် သတ်မှတ်ရက်မသိရသေးသည့်အတွက် နေအိမ်အခန်းငှားပေးရန် နှင့် စားသောက်ရေးအတွက်ပါ အခက်အခဲဖြစ်နေသူ များပြားနေလျက်ရှိသည့်အတွက် အမြန်ဆုံးပြန်နိုင်ရေးအတွက် မျှော်လင့်နေလျက်ရှိကြောင်း သိရသည်။

COVID 19 ကြောင့် နယ်စပ်ဝင်ပေါက်များ ပိတ်ထားသည့် လာအိုနိုင်ငံမှ ပြည်တော်ပြန်လိုသည့်  မြန်မာနိုင်ငံသား (၁၃၁)ဦးကို မေလ (၈)ရက်နေ့က တာချီလိတ်မြို့နယ်၊ ဝမ်ပုံဆိပ်ကမ်းမှတစ်ဆင့် ပထမအသုတ်အဖြစ် ဝင်ရောက်လာခဲ့ပြီးဖြစ်သည်။

Tachileik News Agency
သတင်း - ဟန်စိုးထိုက်


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~