တာချီလိတ်မြို့ပေါ် ရပ်ကွက်(၅)ခုတွင် ဇွန်လ(၂၅)ရက်နေ့ နံနက်တစ်ပိုင်း လျှပ်စစ်မီး ပြတ်တောက်မည်

တာချီလိတ်မြို့ပေါ် ရပ်ကွက်(၅)ခုတွင် ဇွန်လ(၂၅)ရက်နေ့ နံနက်တစ်ပိုင်း လျှပ်စစ်မီး ပြတ်တောက်မည်
ဇွန် 23, 2020
By Tachileik News Agency

တာချီလိတ်မြို့ပေါ် ရပ်ကွက်(၅)ခုတွင် ဇွန်လ(၂၅)ရက်နေ့ နံနက်တစ်ပိုင်း လျှပ်စစ်မီး ပြတ်တောက်မည်

ထိုင်းနိုင်ငံ၊ မယ်ဆိုင်ဘက်တွင် လျှပ်စစ်ဓာတ်အားခွဲရုံ ပြုပြင်ထိန်းသိမ်းခြင်း လုပ်ငန်း ဆောင်ရွက်ရန်ရှိသည့်အတွက် ၂၀၂၀ ခုနှစ်၊ ဇွန် (၂၅)ရက်နေ့၌  တာချီလိတ်မြို့ပေါ် ရပ်ကွက် (၅)ခုတွင် နံနက် (၈)နာရီမှ နေ့လယ် (၁၂)နာရီခွဲအထိ လျှပ်စစ်မီးပြတ်တောက်မည် ဖြစ်ကြောင်း သိရသည်။

လျှပ်စစ်မီး မနက်တစ်ပိုင်း ပြတ်တောက်မည့် တာချီလိတ်မြို့ပေါ် ရပ်ကွက်မှာ ပုန်းထွန်ရပ်ကွက်၊ တာလော့ရပ်ကွက်၊ မကာဟိုခမ်းရပ်ကွက်၊ ဝမ်ကောင်းရပ်ကွက်နှင့် ဆန်ဆိုင်း(ခ) ရပ်ကွက်တို့ ဖြစ်သည်။

လျှပ်စစ်ဓာတ်အားကို အချိန်(၄)နာရီအကြာ ယာယီဖြတ်တောက်ထားမည်ဖြစ်ပြီး လုပ်ငန်းများပြီးစီး ပါက ဓာတ်အား ပြန်လည် ပို့လွှတ်မည်ဖြစ်ကြောင်း တာချီလိတ်မြို့ မီးလင်းရေးကော်မတီ(လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်း)က ကြိုတင်အသိပေးထားရှိသည်။

တာချီလိတ်မြို့အတွက် ထိုင်းနိုင်ငံမှ လျှပ်စစ်ဓာတ်အားကို ဝယ်ယူပြီး မြို့မီးလင်းရေးကော်မတီ(လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်း)က တာဝန်ယူကာ ပြန်လည် ဖြန့်ဖြူးပေးနေခြင်း ဖြစ်သည်။

Tachileik News Agency


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~