မိုင်းယောင်းမြို့နယ်အတွင်း နွေစပါးအထွက်တိုးရေးအတွက် စိုက်ပျိုးနည်းပညာများ မျှဝေရှင်းလင်း

မိုင်းယောင်းမြို့နယ်အတွင်း နွေစပါးအထွက်တိုးရေးအတွက် စိုက်ပျိုးနည်းပညာများ မျှဝေရှင်းလင်း
ဇန်နဝါရီ 21, 2021 | ရှမ်းရှေ့
By စိုင်းအောင်ဇော်လင်း

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ်တွင် နွေစပါးအထွက်နှုန်း တိုးတက်စေရေးအတွက် တောင်သူများအား နည်းပညာရှင်းလင်းမျှဝေပေးခြင်းကို   မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနှင့် တာဝန်ရှိသူများက ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

တာဝန်ရှိသူများမှ စိုက်ပျိုးနည်းပညာမျှဝေ ရှင်းလင်းစဉ်

မိုင်းယောင်း ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းမင်းဇော်၊ လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှ ဦးနိုင်မင်း၊ စိုက်ပျိုးရေးဦးစီးဌာနမှ ဦးကျော်ကျော်မိုးနှင့် ကွင်းဝန်ထမ်းများက စိုက်စနစ်မှန်ကန်စေရေး၊ ဇကာပိုက်ဖြင့်ပျိုးထောင်ခြင်း၊ တစ်ဧက ကောက်ကွက်ပြည့်မီစေရေး၊ လက်စမှန်ကန်စေရေး စသည့် စိုက်ပျိုးရေးနည်းပညာများကို တောင်သူများအား ၂၀၂၁ခုနှစ် ဇန်နဝါရီလ(၂၀)ရက်နေ့ နံနက်ပိုင်းက ရှင်းလင်းမျှဝေပေးခဲ့ကြခြင်း ဖြစ်သည်။

စိုက်ပျိုးရေးနည်းပညာများ မျှဝေပေးခြင်းဖြင့် စပါးအထွက်နှုန်းတိုးစေခြင်း၊ ပိုးသတ်ဆေး သုံးစွဲမှုလျော့ချနိုင်ခြင်း၊ အရည်အသွေးကောင်းမွန်ပြီး အထွက်နှုန်းကောင်းမွန်သော မျိုးကောင်းမျိုးသန့်များ ဒေသတွင်းတောင်သူများ ကျယ်ပြန့်စွာ စိုက်ပျိုးနိုင်စေခြင်း စသည့် အကျိုးကျေးဇူးများစွာ ရရှိစေနိုင်မည်ဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။



 Tachileik News Agency

သတင်း/ဓါတ်ပုံ - စိုင်းအောင်ဇော်လင်း