COVID 19 အတည်ပြုလူနာ စီးနင်းခဲ့သည့် Air KBZ (K7 709)၏ တာချီလိတ် - မန္တလေးခရီးစဉ်တွင် ခရီးသည် (၇၀)ဦးနှင့် ကလေးငယ် (၆)ဦးပါဝင်၍ နီးစပ်ရာကျန်းမာရေးဌာနများထံ အမြန်ဆုံးဆက်သွယ်ရန်လို

COVID 19 အတည်ပြုလူနာ စီးနင်းခဲ့သည့် Air KBZ (K7 709)၏ တာချီလိတ် - မန္တလေးခရီးစဉ်တွင် ခရီးသည် (၇၀)ဦးနှင့် ကလေးငယ် (၆)ဦးပါဝင်၍ နီးစပ်ရာကျန်းမာရေးဌာနများထံ အမြန်ဆုံးဆက်သွယ်ရန်လို
မတ် 31, 2020
By Tachileik News Agency
COVID 19 အတည်ပြုလူနာ စီးနင်းခဲ့သည့် Air KBZ (K7 709)၏ တာချီလိတ် - မန္တလေးခရီးစဉ်တွင် ခရီးသည် (၇၀)ဦးနှင့် ကလေးငယ် (၆)ဦးပါဝင်၍ နီးစပ်ရာကျန်းမာရေးဌာနများထံ အမြန်ဆုံးဆက်သွယ်ရန်လို

ကျောက်မဲပြည်သူ့ဆေးရုံတွင် ကုသမှုခံယူနေသည့် COVID 19 အတည်ပြုလူနာနှင့်အတူ တာချီလိတ်မှ မန္တလေးသို့ ၂၀၂၀ ခုနှစ်၊ မတ်လ (၂၇)ရက်နေ့ ညနေ (၅)နာရီအချိန်က ပျံသန်းသည့် Air KBZ (K7 709) လေယာဉ်ဖြင့် လိုက်ပါစီးနင်းခဲ့ကြသူ ခရီးသည် (၇၀)ဦးနှင့် ကလေးငယ် (၆)ဦး ပါဝင်သဖြင့် ရောက်ရှိရာအရပ်ဒေသမှ နီးစပ်ရာ ကျန်းမာရေးဌာနများသို့ အမြန်ဆုံးဆက်သွယ်၍ ကျန်းမာရေးစစ်ဆေးမှု ခံယူကြပါရန် ပြည်သူ့ကျန်းမာရေးဦးစီးဌာန တာဝန်ရှိသူများက တိုက်တွန်းထားသည်။

အခုထိတော့ အရေအတွက် အတိအကျ မရသေးဘူး။ လုပ်နေကြတုန်းပဲ။ ရှမ်းမြောက်ဘက်ကလည်း လုပ်နေတယ်။ စာရင်းတွေအားလုံးရပြီဆိုတာနဲ့ ထုတ်ပြန်ပေးပါမယ်။  Air KBZ နဲ့အတူ စီးနင်းသွားတဲ့ ခရီးသည်တွေကိုလည်း အဆက်အသွယ် မရသေးဘူး

ဟု ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျန်းမာရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာဘစိုးသက်က တာချီလိတ် သတင်းအေဂျင်စီသို့ ၂၀၂၀ ခုနှစ်၊ မတ်လ (၃၁)ရက်နေ့တွင် ပြောသည်။

မတ်လ (၃၀)ရက်နေ့တွင် COVID 19 အတည်ပြုလူနာအဖြစ် ဓါတ်ခွဲအဖြေရရှိသည့် ကျောက်မဲပြည်သူ့ဆေးရုံတွင် ကုသမှုခံယူနေသည့် လူနာမှာ မတ်လ (၂၅)ရက်နေ့က မြန်မာ - ထိုင်းချစ်ကြည်ရေးတံတား အမှတ် (၁)မှနေ၍ ထိုင်းနိုင်ငံမှ နေရပ်ပြန် (၈၀၀)ကျော်နှင့်အတူ တာချီလိတ်မြို့သို့ ဝင်ရောက်လာခဲ့ခြင်းဖြစ်သည်။

ယင်းနောက် တာချီလိတ်မြို့တွင် (၂)ရက်နေထိုင်ပြီးနောက် အခြားလူ(၉)ဦးနှင့်အတူ မတ်လ (၂၇)ရက်နေ့ ညနေတွင် Air KBZ လေကြောင်းလိုင်းဖြင့် မန္တလေးသို့ ထွက်ခွာသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

COVID 19 သည် အတည်ပြုလူနာနှင့် ထိတွေ့မိသူများတွင် ကူးစက်ခံရနိုင်ချေရှိသဖြင့် အတည်ပြုလူနာတစ်ဦး တွေ့ရှိပါက ၎င်းသွားလာနေထိုင်ခဲ့ရာ လမ်းကြောင်းများပြန်လည်ဖေါ်ထုတ်ပြီး ထိတွေ့ခဲ့သူများအား ရှာဖွေရာ စောလျင်စွာ ကျန်းမာရေးစစ်ဆေးမှု ပြုလုပ်ပေးနိုင်ရန် လုပ်ဆောင်နေကြခြင်းဖြစ်သည်။

Tachileik News Agency
သတင်း ချယ်ရီထိုက်

သတင်းပြင်ဆင်ချက်( Air KBZ (K7 709) တာချီလိတ် - မန္တလေးခရီးစဉ်တွင် ခရီးသည်စုစုပေါင်း (၆၈)ဦးနှင့် ရင်ခွင်ပိုက်ကလေး (၆)ဦး စီးနင်းလိုက်ပါသွားခြင်းဖြစ်ကြောင်း ကျန်းမာရေးဦးစီးဌာနက ရရှိသည့်စာရင်းကို ထပ်မံပြင်ဆင်အတည်ပြုထားပါသည်။


update: ကိုရိုနာဗိုင်းရပ်စ် အတည်ပြုလူနာနှင့်အတူ တာချီလိတ်မှ မန္တလေးသို့ စီးနင်းသွားသည့် Air KBZ (K7 709)တွင် လိုက်ပါသွားသူ ခရီးသည် (၄၆)ဦးနှင့် အဆက်အသွယ် ရရှိထား 



~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~