တာချီလိတ်မြို့တွင် မြို့ရှောင်လမ်းဖောက်လုပ်မည့် ဧရိယာအတွင်း ပါဝင်သူများကို မြေယာလျော်ကြေးပေး

တာချီလိတ်မြို့တွင် မြို့ရှောင်လမ်းဖောက်လုပ်မည့် ဧရိယာအတွင်း ပါဝင်သူများကို မြေယာလျော်ကြေးပေး
မေ 25, 2020
By Tachileik News Agency
တာချီလိတ်မြို့တွင် မြို့ရှောင်လမ်းဖောက်လုပ်မည့် ဧရိယာအတွင်း ပါဝင်သူများကို မြေယာလျော်ကြေးပေး

ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့တွင် မြို့ရှောင်လမ်းဖေါက်လုပ်မည့်ဧရိယာ၌ ပါဝင်သည့်  မြေယာများအတွက် မြေယာလျော်ကြေးယူရန်ကျန်ရှိသူ (၂၂)ဦးအနက် (၇)ဦး၏မြေယာလျော်ကြေးများ  ၂၀၂၀ ခုနှစ် ၊ မေလ (၂၂)ရက်နေ့၌ ပေးအပ်သည်။

နေရာအနေနဲ့ကတော့ (၇)နေရာ၊ မြေကွက် (၇)ကွက်ပေါ့။ ဒါပေမဲ့ တစ်ဦးက မြေကွက် (၂)ကွက်ပါတာမို့ လျော်ကြေးလက်ခံသူကတော့ စုစုပေါင်း (၆)ဦးပေါ့။ အခုလျော်ကြေးပေးတာက (၇)ကြိမ်မြောက်ပေးတာပါ။ စုစုပေါင်း ကျပ်သိန်း (၁၃၀၀)ကျော်ပါ

ဟု တာချီလိတ်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးချမ်းမြေ့စောက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

မြေယာပိုင်ရှင် (၆)ဦးကို မြေယာလျော်ကြေးငွေစုစုပေါင်း (၁၃၆,၈၉၃,၉၀၀)ကျပ် ပေးအပ်ခြင်းဖြစ်သည်။

မြို့ရှောင်လမ်းဖေါက်လုပ်ရာတွင် ပါဝင်သွားသော တောင်သူများအား (၇)ကြိမ်မြောက် သီးနှံလျော်ကြေးနှင့် မြေယာလျော်ကြေးပေးအပ်ခြင်းအခမ်းအနားကို အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် ကျင်းပရာ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်တင့်၊ ခရိုင်အုပ်ချုပ်ရေးမှူးဦးမြင့်နိုင်၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးချမ်းမြေ့စောနှင့် သက်ဆိုင်ရာဌာနများမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။

မြို့ရှောင်လမ်းတွင် ပါဝင်သွားသည့် မြေယာများအတွက် မြေယာပိုင်ရှင်များအား လျော်ကြေးပေးအပ်နေရာ မေလ (၂၅)ရက်နေ့အထိ လျော်ကြေးယူရန် (၁၃)ဦးသာ ကျန်တော့ကြောင်း သိရသည်။

တာချီလိတ်မြို့ရှောင်လမ်းအတွက် လမ်းဧရိယာတွင်ပါဝင်သွားသည့် မြေယာများအတွက်မြေယာပိုင်ရှင် (၁၉၆)ဦးကို မြေယာလျော်ကြေးပေးရမည့်အနက်  မေလ (၂၅)ရက်နေ့အထိ (၁၈၁)ဦးအား ပေးထားပြီး ကျန်ရှိသည့် (၁၅)ဦးအနက် (၂)ဦးမှာ အစိုးရမြေဖြစ်၍ လျော်ကြေးယူရန် (၁၃)ဦးကျန်နေခြင်းဖြစ်သည်။

ပြည်ထောင်စုအစိုးရ၏ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် ခွင့်ပြုရန်ပုံငွေ ကျပ်သန်း (၈၇၅) သန်း၊ ရှမ်းပြည်နယ်အစိုးရ၏ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် ခွင့်ပြုရန်ပုံငွေ ကျပ်သန်း (၈၈.၈) သန်းတို့ဖြင့် တာချီလိတ်တွင် အရှည် (၄)မိုင်ရှိသည့် မြို့ရှောင်လမ်းကို ၂၀၁၉ ခုနှစ် ဒီဇင်ဘာလအတွင်း စတင်ဖောက်လုပ်နေခြင်းဖြစ်သည်။

 Tachileik News Agency
သတင်း - ချယ်ရီထိုက်
ဓါတ်ပုံ - ကျော်ဇင်ဟိန်း


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~