ရန်ကုန်တွင် COVID-19 ကူးစက်ခံရသူ (၄)ဦး ထပ်တိုး၍ မြန်မာပြည်အတွင်း စုစုပေါင်း (၁၅၅)ဦးအထိ ရှိလာ

ရန်ကုန်တွင် COVID-19 ကူးစက်ခံရသူ (၄)ဦး ထပ်တိုး၍ မြန်မာပြည်အတွင်း စုစုပေါင်း (၁၅၅)ဦးအထိ ရှိလာ
မေ 3, 2020
By Tachileik News Agency
ရန်ကုန်တွင် COVID-19 ကူးစက်ခံရသူ (၄)ဦး ထပ်တိုး၍ မြန်မာပြည်အတွင်း စုစုပေါင်း (၁၅၅)ဦးအထိ ရှိလာ

ရန်ကုန်မြို့မှ စောင့်ကြည့်လူနာ (၁) ဦးနှင့် အတည်ပြုလူနာဖြင့် ထိတွေ့မှုရှိသူ (၃)ဦးတို့ကို ၂၀၂၀ ခုနှစ်၊ မေလ (၃)ရက်နေ့၌ COVID 19 အတည်ပြုလူနာများအဖြစ် တွေ့ရသဖြင့် မြန်မာနိုင်ငံတွင် အတည်ပြုလူနာ စုစုပေါင်း (၁၅၅) ဦး ရှိလာပြီဖြစ်သည်။

ဆေးကုသမှုခံယူနေသည့် အတည်ပြုလူနာများအနက် ပြန်လည်ဓါတ်ခွဲစစ်ဆေးမှုတွင် (၂)ကြိမ်ဆက်တိုက် ပိုးမတွေ့ကြောင်း အဖြေရထားသည့် လူနာ (၄၃) ဦး ရှိသည့်အနက် (၂၉)ဦးမှာ ဆေးရုံဆင်းသွားပြီဖြစ်သည်။

ယနေ့အတည်ပြုလူနာများ ထပ်မတိုးမီအချိန်ထိ ကုသမှုခံယူနေဆဲ အတည်ပြုလူနာ (၁၂၀)ဦးရှိနေပြီး ယင်းတို့အနက် (၂) ဦးမှာ အထူးကြပ်မတ်ကုသခန်းတွင် ထားရှိကုသနေရခြင်းဖြစ်သည်။

ယနေ့အချိန်ထိ အတည်ပြုလူနာများအနက် (၆)ဦးမှာ သေဆုံးခဲ့ရခြင်းဖြစ်သည်။

Tachileik News Agency


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~