ရှမ်းပြည်နယ်တွင်း နယ်စပ်မြို့များရှိ နေရပ်ပြန်များအားသီးခြားစောင့်ကြည့်စခန်းများကို စေတနာ့ဝန်ထမ်းအကူအညီဖြင့် လည်ပတ်မည်

ရှမ်းပြည်နယ်တွင်း နယ်စပ်မြို့များရှိ နေရပ်ပြန်များအားသီးခြားစောင့်ကြည့်စခန်းများကို စေတနာ့ဝန်ထမ်းအကူအညီဖြင့် လည်ပတ်မည်
ဧပြီ 7, 2020
By 🌸

ရှမ်းပြည်နယ်တွင်း နယ်စပ်မြို့များရှိ နေရပ်ပြန်များအားသီးခြားစောင့်ကြည့်စခန်းများကို စေတနာ့ဝန်ထမ်းအကူအညီဖြင့် လည်ပတ်မည်

အတည်ပြုလူနာ (၁)ဦးတွေ့ထားသည့် ရှမ်းပြည်နယ်အတွင်း ကျန်းမာရေးဝန်ထမ်းများကို ကုသရေးဘက်သို့ ဦးစားပေးထားရှိတော့မည်ဖြစ်ရာ နယ်စပ်မြို့များရှိ နေရပ်ပြန်များ (၁၄)ရက် သီးခြားစောင့်ကြည့်စခန်းများကို စေတနာ့ဝန်ထမ်းများ အကူအညီဖြင့် အဓိကဆောင်ရွက်သွားရန် စီစဉ်ထားကြောင်း သိရသည်။

“ Quarantine မှာ ကျန်းမာရေးဝန်ထမ်းတွေသုံးတာ တဖြည်းဖြည်းလျှော့တော့မယ်။ ကုသရေးဘက်ကို သွားရတော့မယ်။ အဲဒီဘက်ကို တခြားအစိုးရဌာနတွေနဲ့ Volunteer (စေတနာ့ဝန်ထမ်း)တွေ အစားထိုးဖို့လုပ်ပါဆိုတာ ခရိုင်အုပ်ချုပ်ရေး၊ ဒုပြည်နယ်၊ မြို့နယ်အုပ်ချုပ်ရေးတွေကို ပြောထားပြီးဖြစ်ပါတယ်။ ဒီလိုလုပ်မယ်ဆိုတော့ ဝန်ထမ်းတွေ၊ Volunteer တွေကို လိုအပ်တဲ့ လမ်းညွှန်ချက်ကို ပေးဖို့။ သင်တန်းပေးတယ်ဆိုတာထက် Online ကနေဖြစ်ဖြစ်၊ Guideline ဝေတာဖြစ်ဖြစ် လုပ်ဖို့ပြောထားတယ်။ Volunteer တွေကိုလည်း ထိခိုက်မခံချင်ဘူး။ ဒါကြောင့် ကျန်းမာရေးက ထုတ်ဝေထားတဲ့ Guideline အတိုင်းလုပ်ပါ။ သင်တန်းပေးဖို့ဆိုပြီး လူစုလူဝေးတော့ မလုပ်ရဘူးပေါ့နော်”

ဟု ရှမ်းပြည်နယ် Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးကော်မတီ ဥက္ကဌ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် လူမှုရေးဝန်ကြီး ဒေါက်တာ မျိုးထွန်းက တာချီလိတ်သတင်းအေဂျင်စီသို့ ၂၀၂၀ ခုနှစ်၊ ဧပြီလ (၄)ရက်နေ့တွင် ပြောသည်။

ရှမ်းပြည်နယ်အတွင်း နယ်စပ်မြို့များတွင် နေရပ်ပြန်လာသူများအား (၁၄)ရက်သီးခြားစောင့်ကြည့်စခန်းများ ဖွင့်လှစ်လက်ခံခြင်းကို ၂၀၂၀ ခုနှစ်၊ ဧပြီလအတွင်း စတင်ဆောင်ရွက်လာရာ အဆိုပါ သီးခြားစောင့်ကြည့်စခန်းများကို ကျန်းမာရေးလမ်းညွှန်ချက်များနှင့်အညီ စနစ်တကျဖြစ်စေရေး အုပ်ချုပ်မှုကော်မတီများဖြင့် ဖွဲ့စည်းဆောင်ရွက်ရန် ရှမ်းပြည်နယ် Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးကော်မတီက ခရိုင်နှင့်မြို့နယ်အဆင့် ကော်မတီများသို့ ညွှန်ကြားထားကြောင်း သိရသည်။

“ Quarantine Zone တွေအတွက် အုပ်ချုပ်မှုကော်မတီဖွဲ့ပြီးလုပ်ပါ။ အဲဒီကော်မတီမှာ ဘာတွေပါရမလဲဆိုတော့ မြို့နယ်အုပ်ချုပ်ရေးမှူး၊ မြို့နယ်ဆရာဝန်၊ မြို့နယ်ရဲတပ်ဖွဲ့မှူး၊ စည်ပင်အီးအို ကျန်တဲ့လိုအပ်တာတွေနဲ့ ထပ်ဖွဲ့ရမယ်။ အဲဒီအောက်မှာ လုံခြုံရေးနဲ့ စည်းကမ်းထိန်းသိမ်းရေးလုပ်ငန်းကော်မတီ၊ ဘဏ္ဍာရေးကော်မတီ၊ အစားအသောက်ကော်မတီ၊ သန့်ရှင်းရေးကော်မတီ၊ ကျန်းမာရေးစောင့်ရှောက်မှုကော်မတီ စတဲ့ မဖြစ်မနေဖွဲ့ရမယ့်လုပ်ငန်းကော်မတီလေးတွေ ဖွဲ့ရမယ်ပေါ့။ Quarantine Zone ထဲကို ဝင်ကြမယ်ဆိုရင် ဒီတိုင်းဝင်လို့မရကြဘူးလေ။ ဥပမာ စည်ပင်ဆို ဘာတွေလိုက်နာရမယ်ဆိုတာ ကျန်းမာရေးက Guide Line ပေးရမယ်။ အထဲက အမှိုက်သွားသိမ်းမယ်ဆို စည်ပင်အနေနဲ့ ဒီတိုင်းလက်ဗလာနဲ့တော့ သိမ်းမရဘူးပေါ့။ သူတို့ကို ကာကွယ်ပေးရမယ့် လိုအပ်တဲ့လမ်းညွှန်ချက်၊ လိုအပ်တဲ့အကာအကွယ်ပစ္စည်းတွေကို စည်းကမ်းထိန်းသိမ်းရေးကော်မတီက ပေးရမယ်။ လိုအပ်ရင် ကျွန်တော်တို့ဆီတောင်းပါပေါ့”

ဟု ရှမ်းပြည်နယ် Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးကော်မတီ ဥက္ကဌ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် လူမှုရေးဝန်ကြီး ဒေါက်တာ မျိုးထွန်းက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့တွင် ဧပြီလ (၆)ရက်နေ့မှစ၍ ထိုင်းဘက်မှ နေရပ်ပြန် (၂၀၀) ဝန်းကျင်ကို မိုးကုတ်ဝိပဿနာရိပ်သာအဆောက်အဦ၌ ဖွင့်ထားသည့် (၁၄)ရက် သီးခြားစောင့်ကြည့်စခန်းတွင် ထားရှိကာ ကျန်းမာရေးအခြေအနေစောင့်ကြည့်ခြင်းကို ဌာနဆိုင်ရာဝန်ထမ်းများ၊ စေတနာ့ဝန်ထမ်း (၄၀)ကျော်ဖြင့် စတင်ဆောင်ရွက်နေခြင်းဖြစ်သည်။

Tachileik News Agency
သတင်း -ချယ်ရီထိုက်


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~