ထိုင်းနိုင်ငံတွင်း COVID 19 ထိန်းချုပ်ရန် အသွားအလာကန့်သတ်ထားသည့် ခရိုင်ချင်းဆက်လမ်းများကို အတားအဆီးများဖြင့် ပိတ်ထား

ထိုင်းနိုင်ငံတွင်း COVID 19 ထိန်းချုပ်ရန် အသွားအလာကန့်သတ်ထားသည့် ခရိုင်ချင်းဆက်လမ်းများကို အတားအဆီးများဖြင့် ပိတ်ထား
ဧပြီ 9, 2020
By 🌸

ထိုင်းနိုင်ငံတွင်း COVID 19 ထိန်းချုပ်ရန် အသွားအလာကန့်သတ်ထားသည့် ခရိုင်ချင်းဆက်လမ်းများကို အတားအဆီးများဖြင့် ပိတ်ထား

ထိုင်းနိုင်ငံအတွင်း COVID 19 ထိန်းချုပ်နိုင်ရေးအတွက် ခရိုင်တစ်ခုနှင့်တစ်ခု အသွားအလာ ကန့်သတ်ထားရာ ချင်းရိုင်းနှင့် ချင်းမိုင်ကို ဆက်သွယ်ထားသည့် ခရိုင်ချင်းဆက်လမ်းအား ၂၀၂၀ ခုနှစ်၊ ဧပြီလ (၉)ရက်နေ့က အတားအဆီးများဖြင့် ပိတ်ထားသည်ကို တွေ့ရသည်။

မြန်မာနိုင်ငံအရှေ့ပိုင်းနှင့် နယ်စပ်ဖြစ်သည့် ထိုင်းနိုင်ငံ မြောက်ပိုင်းဒေသရှိ ခရိုင်ချင်းဆက်လမ်းမကြီးများကို ၂၀၂၀ ခုနှစ်၊ ဧပြီလ (၉) ရက် နံနက် (၁၀) နာရီမှ ဧပြီလ (၃၀) ရက်နေ့အထိပိတ်ထားသည့်အပြင် ညမထွက်ရအမိန့်ကိုလည်း တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ထုတ်ပြန်ထားခြင်းဖြစ်သည်။

လက်ရှိတွင် အသွားအလာကန့်သတ်ခြင်းကြောင့် ထိုင်းနိုင်ငံတွင်း COVID 19 အတည်ပြုလူနာ တွေ့ရှိနှုန်းမှာ ကျဆင်းလာနေသည်ဟု သိရသည်။

ထိုင်းနိုင်ငံအတွင်း ဧပြီလ (၉)ရက်နေ့အထိ COVID 19 အတည်ပြုလူနာပေါင်း (၂၄၂၃)ဦး အနက် (၉၄၀)ဦးမှာ ဆေးရုံဆင်းသွားကာ (၁၄၅၁)ဦး ကုသမှုခံယူနေဆဲဖြစ်ပြီး သေဆုံးသူ (၃၂)ဦးရှိနေခြင်းဖြစ်သည်။

Tachileik News Agency
Photo: Hugmaesai


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~