တာချီလိတ်မှ ထိုင်းနိုင်ငံသား (၈)ဦး ချစ်ကြည်ရေးအမှတ်(၂)တံတားက တဆင့် နေရပ်ပြန်

တာချီလိတ်မှ ထိုင်းနိုင်ငံသား (၈)ဦး ချစ်ကြည်ရေးအမှတ်(၂)တံတားက တဆင့် နေရပ်ပြန်
ဧပြီ 20, 2020
By Tachileik News Agency
တာချီလိတ်မှ ထိုင်းနိုင်ငံသား (၈)ဦး ချစ်ကြည်ရေးအမှတ်(၂)တံတားက တဆင့်  နေရပ်ပြန်

မြန်မာ - ထိုင်းနယ်စပ်ဂိတ်များပိတ်၍ နယ်စပ်မြို့များတွင် ပိတ်နေခဲ့သည့် ထိုင်းနိုင်ငံသားများကို ထိုင်းအစိုးရ၏ မေတ္တာရပ်ခံချက်ဖြင့် နေရပ်ပြန်ခွင့်ပေးထားရာ ၂၀၂၀ ခုနှစ်၊ ဧပြီလ (၂၀)ရက်နေ့တွင် တာချီလိတ်မှ မယ်ဆိုင်ဘက်သို့ ထိုင်းနိုင်ငံသား (၈)ဦး ပြန်လည်ထွက်ခွာသွားသည်။

နေရပ်ပြန်လာသည့် ထိုင်းနိုင်ငံသား အမျိုးသမီး (၅)ဦးနှင့် အမျိုးသား (၃)ဦးမှာ တာချီလိတ်ဘက်တွင် အလုပ်လုပ်ကိုင်နေကြသူများဖြစ်ပြီး ၎င်းတို့သည် နေရပ်ပြန်ရန်အတွက် အွန်လိုင်းကနေတဆင့် ထိုင်းသံရုံးကို ဆက်သွယ်အကူအညီတောင်းခံခဲ့သူများ ဖြစ်ကြောင်း ထိုင်းသတင်းများတွင် ဖေါ်ပြထားပြီး ၎င်းတို့အား မယ်ဆိုင်ဘက်အဝင်တွင် ကျန်းမာရေးစစ်ဆေးလက်ခံခြင်းဖြစ်သည်။

တာချီလိတ်တွင် နေထိုင်သည့် နေရပ်ပြန် ထိုင်းနိုင်ငံသားများအား မြန်မာဘက်မှ တာဝန်ရှိသူများက မြန်မာ - ထိုင်းချစ်ကြည်ရေးတံတား အမှတ်(၂)မှတစ်ဆင့် မယ်ဆိုင်ဘက်သို့ ပို့ဆောင်ပေးခဲ့ပြီး ထိုင်းနိုင်ငံဘက်မှ တာဝန်ရှိသူများနှင့် နေရပ်ပြန်များ၏ မိသားစုများက လက်ခံကြသည်။

တာချီလိတ်မှ တဆင့် မယ်ဆိုင်ဘက်သို့ ပြန်လည်ဝင်ရောက်မည့် ထိုင်းနိုင်ငံသားများကို မယ်ဆိုင်ဘက်က ချစ်ကြည်ရေးတံတား(၂)တွင် ရက်အကန့်သတ်မရှိ ဆက်လက်လက်ခံမည်ဖြစ်ပြီး လက်ခံပြီးပါ ၎င်းတို့ကို အသွားအလာကန့်သတ်စောင့်ကြည့်မည့် နေရာတွင် (၁၄)ရက် နေထိုင်ကြရမည်ဖြစ်ကြောင်းသိရသည်။

နယ်စပ်မြို့များတွင် ကျန်နေသည့် ထိုင်းနိုင်ငံသားများအား တာချီလိတ်၊ မြဝတီနှင့် ထီးခီးနယ်စပ်ဂိတ်များမှနေ၍ ပြန်လည်ထွက်ခွာခွင့်ပေးရန် ထိုင်းအစိုးရ၏မေတ္တာရပ်ခံချက်အရ ဧပြီလ (၁၈)ရက်နေ့မှစ၍ နေရပ်ပြန်ခွင့်ပေးထားခြင်းဖြစ်သည်။

Tachileik News Agency
သတင်း/ဓါတ်ပုံ - ကျော်ဇင်ဟိန်း


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~