ကိုရိုနာဗိုင်းရပ်စ်ကြောင့် တာချီလိတ်မြို့တွင် ဧပြီလနှင့် မေလအတွင်း အသုံးပြုမည့် လျှပ်စစ်မီတာခကို တစ်ယူနစ်လျှင် ဘတ်ငွေ (၁၅)ပြား လျှော့ပေးမည်

ကိုရိုနာဗိုင်းရပ်စ်ကြောင့် တာချီလိတ်မြို့တွင် ဧပြီလနှင့် မေလအတွင်း အသုံးပြုမည့် လျှပ်စစ်မီတာခကို တစ်ယူနစ်လျှင် ဘတ်ငွေ (၁၅)ပြား လျှော့ပေးမည်
ဧပြီ 1, 2020
By Tachileik News Agency
ကိုရိုနာဗိုင်းရပ်စ်ကြောင့် တာချီလိတ်မြို့တွင် ဧပြီလနှင့် မေလအတွင်း အသုံးပြုမည့် လျှပ်စစ်မီတာခကို တစ်ယူနစ်လျှင် ဘတ်ငွေ (၁၅)ပြား လျှော့ပေးမည်

မြန်မာ - ထိုင်းနယ်စပ်ဒေသ၊ တာချီလိတ်မြို့တွင် ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ထိန်းချုပ်ရေးဆောင်ရွက်နေစဉ်အတွင်း ၂၀၂၀ ခုနှစ်၊ ဧပြီလ (၁)ရက်နေ့မှစ၍ (၂)လတာ ကာလအတွင်း လျှပ်စစ်မီတာခကို လက်ရှိ နှုန်းထားမှ တစ်ယူနစ်လျှင် ဘတ် (၁၅)ပြားစီ လျှော့ချကောက်ခံ ပေးသွားမည်ဖြစ်ကြောင်း  သိရသည်။

“အဓိက ကတော့ မီးလင်းရေး(၁)အပိုင်းရော၊ (၂)အပိုင်းရော တစ်မြို့နယ်လုံးမှာ ပြည်သူလူထုတွေ အလုပ် အကိုင် အခွင့်အလမ်းတွေ ရှားပါးလာတာကတစ်ကြောင်း၊ စားဝတ်နေရေး ကျပ်တည်းတာတစ်ကြောင်းပေါ့၊ မိမိရဲ့ကျန်းမာရေးကို ထူထောင်ရတာတစ်ကြောင်းပေါ့ အဲဒီလို အကြောင်းကြောင်းတွေကြောင့် (၂)လတာ ကာလကို မီတာခ (၁၅)ပြားလျှော့လိုက်တယ်။ ကူးစက်ရောဂါအခြေအနေကိုကြည့်ပြီး ရက်တိုးတာတွေ ဘာတွေတော့ ထပ်လုပ်မှာပေါ့”ဟု တာချီလိတ်မြို့ မီးလင်းရေးကော်မတီ(လျှပ်စစ်ဓါတ်အားဖြန့်ဖြူးရေးလုပ်ငန်း) ဥက္ကဌ ဦးတင်လှိုင်က ဧပြီလ(၁)ရက်နေ့တွင် တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ထိုင်းနိုင်ငံမှ လျှပ်စစ်မီးဝယ်ယူပြီး တစ်ဆင့်ပြန်လည်ဖြန့်ဖြူးနေသည့် မီးလင်းရေးကော်မတီက အိမ်သုံးမီတာများအတွက် တစ်ယူနစ်လျှင် (၅.၃၅)ဘတ်မှ (၅.၂၀)ဘတ်သို့ လည်းကောင်း၊ လုပ်ငန်းသုံးမီတာများကို တစ်ယူနစ်လျှင် (၆.၆၀)ဘတ်မှ (၆.၄၅)ဘတ်သို့ လည်းကောင်း ကိုရိုနာဗိုင်းရပ်အခြေအနေကြောင့် ဧပြီလ နှင့် ‌မေလအတွင်း အသုံးပြုမည့် လျှပ်စစ်မီးခများကို လျှော့ချလိုက်ခြင်း ဖြစ်သည်။

မီတာခလျှော့ချသတ်မှတ်သည့်ကာလကို ၂၀၂၀ ခုနှစ်၊ ဧပြီလနှင့် မေလတို့ကို သတ်မှတ်ထားပြီး ရောဂါထိန်းချုပ်နိုင်မှုအပေါ်မူတည်၍ ကာလသတ်မှတ်ချက် ထပ်တိုးခြင်းရှိ၊ မရှိကို စဉ်းစားမည်ဖြစ်ကြောင်း သိရသည်။

ယခုလို လျှပ်စစ်မီးအား လျှော့ချပေးနိုင်ရန်အတွက် မီးလင်းရေးကော်မတီ(လျှပ်စစ်ဓါတ်အားဖြန့်ဖြူးရေးလုပ်ငန်း) နှင့် မီးလင်းရေးရုံးခွဲ(တာဝေ)တို့ ဆွေးနွေးညှိနှိုင်းပြီးဖြစ်သည့်အတွက် ကိုရိုနာဗိုင်းရပ်ကာလအတွင်း လျှော့ပေးထားသည့် လျှပ်စစ်မီတာခနှုန်းထားများသည် တာချီလိတ်မြို့တွင် အသုံးပြုနေသည့် မြို့ပေါ်နှင့် ကျေးရွာများအထိ သက်ဆိုင်မည်ဖြစ်သည်။

Tachileik News Agency


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~