တာချီလိတ်ရှိ မြို့မဈေး နှင့် ပုဂ္ဂလိကဈေးများအားလုံး သင်္ကြန်ကာလအတွင်း ပုံမှန်အတိုင်းဖွင့်ထားသည့်အတွက် COVID-19ကြောင့် (၃)ပေအကွာမှ ဈေးဝယ်ရန် စည်ပင်တိုက်တွန်း

တာချီလိတ်ရှိ မြို့မဈေး နှင့် ပုဂ္ဂလိကဈေးများအားလုံး သင်္ကြန်ကာလအတွင်း ပုံမှန်အတိုင်းဖွင့်ထားသည့်အတွက် COVID-19ကြောင့် (၃)ပေအကွာမှ ဈေးဝယ်ရန် စည်ပင်တိုက်တွန်း
ဧပြီ 12, 2020
By Tachileik News Agency
တာချီလိတ်ရှိ မြို့မဈေး နှင့် ပုဂ္ဂလိကဈေးများအားလုံး သင်္ကြန်ကာလအတွင်း ပုံမှန်အတိုင်းဖွင့်ထားသည့်အတွက် COVID-19ကြောင့် (၃)ပေအကွာမှ ဈေးဝယ်ရန် စည်ပင်တိုက်တွန်း

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့ရှိ စည်ပင်သာယာဈေးနှင့် ပုဂ္ဂလိကဈေးများကို သင်္ကြန်ကာလအတွင်း မပိတ်ဘဲ ပုံမှန်အတိုင်း ဆက်လက်ဖွင့်ထားမည်ဖြစ်သော်လည်း ဈေးရောင်း၊ ဈေးဝယ်များ COVID-19 ကာကွယ်ရေး သတိထားကြရန် စည်ပင်သာယာရေးဌာနက တိုက်တွန်းထားသည်။

ကျွန်တော်တို့ဈေးရဲ့ အနေအထားနဲ့ ရောင်းသူ၊ ဝယ်သူအနေအထားတွေက (၃)ပေခြားတို့ဘာတို့ အဲလိုတွေ လုပ်ပေးလို့တော့ မရဘူး။ ဒါကြောင့် သတိထားစရာတွေကို Hand Speaker တွေနဲ့ပြောပေးနေမယ်။ လက်ကမ်းစာစောင်တွေဝေမယ်။ အဲဒါတွေတော့ ဆက်တိုက်လုပ်ပေးမယ်။ ဒီလိုကာလမှာ ပုံမှန်ထက် လူကများတတ်တယ်။ ဒါကြောင့် လူထုပညာပေးလေးနဲ့ စည်းကမ်းလိုက်နာအောင် နှိုးဆော်ခြင်းပေါ့။ ဈေးဝယ်သူတွေမှာ Mask မပါရင် Mask ဝယ်ပေးဖို့လိုမျိုးလုပ်ဖို့ကို ကျွန်တော်တို့ ကော်မတီတွေနဲ့ ပုဂ္ဂလိကဈေးလုပ်ငန်းရှင်တွေနဲ့ ဆွေးနွေးထားပါတယ်

ဟု တာချီလိတ်မြို့နယ် စည်ပင်သာယာရေးဌာန အမှုဆောင်အရာရှိ ဦးစိုင်းခွန်ဇော်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

စည်ပင်သာယာရေးဌာနပိုင် မြို့မ(ဝမ်ကောင်း)ဈေးအပြင် ပုဂ္ဂလိကဈေးများနှင့် ရပ်ကွက်ဈေးများဖြစ်သည့် ပုန်းထွန်ရပ်ကွက်ဈေး၊ ဆန်ဆိုင်းဈေး၊ ဘုရင့်နောင်ပုဂ္ဂလိကဈေး၊ အာခါဈေး၊ ရန်အောင်မြေ (၃)ဈေး၊ ပါလျံ(၁)ဈေးနှင့် ဆေခမ်းဈေးများကို သင်္ကြန်ကာလအတွင်း ပုံမှန်ဖွင့်လှစ်ထားမည်ဖြစ်ကြောင်းသိရသည်။

အဆိုပါဈေးများတွင် ဈေးရောင်း၊ ဈေးဝယ်များ COVID-19 ကာကွယ်ရေးဆိုင်ရာ အသိပညာပေး နှိုးဆော်ခြင်းကို စည်ပင်သာယာရေးဌာနဝန်ထမ်းများနှင့် ဈေးကော်မတီတို့က ၂၀၂၀ ခုနှစ်၊ ဧပြီလ (၁၂)ရက်နေ့မှစ၍ ဆောင်ရွက်နေကြောင်း သိရသည်။

Tachileik News Agency
ဓါတ်ပုံ - ကျော်ဇင်ဟိန်း


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~