တောင်ကြီးမြို့နယ်တွင်  ရက်ပေါင်း (၅၈)ရက်အတွင်း Covid-19 ကူးစက်ခံထားရသူ (၁၆၂၆)ဦးရှိပြီး သေဆုံးသူမှာ (၈၀)ဦးအထိ ရှိနေ

တောင်ကြီးမြို့နယ်တွင်  ရက်ပေါင်း (၅၈)ရက်အတွင်း Covid-19 ကူးစက်ခံထားရသူ (၁၆၂၆)ဦးရှိပြီး သေဆုံးသူမှာ (၈၀)ဦးအထိ ရှိနေ
ဇူလိုင် 28, 2021 | Covid-19| ရှမ်းတောင်

ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်အတွင်း Covid-19 တတိယလှိုင်းတွင် ရက်ပေါင်း (၅၈)ရက်အတွင်း၌ Covid-19 ကူးစက်ခံထားရသူ (၁,၆၂၆)ဦးအထိ ရှိနေပြီး သေဆုံးသူမှာလည်း (၈၀)ဦးအထိရှိနေကြောင်း တောင်ကြီးမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက သတင်းထုတ်ပြန်ထားသည်ကိုတွေ့ရသည်။

ယနေ့ ဇူလိုင်လ(၂၈)ရက်နေ့တွင် Covid-19 ကူးစက်ခံထားရသူ (၁၂၀)ဦး ထပ်တိုးသည့်ရာတွင် RDT Test Kit ဖြင့် စစ်ဆေးတွေ့ရှိသူ (၆၁)ဦး နှင့် PCR စနစ်ဖြင့် စစ်ဆေးတွေ့ရှိသူ (၅၉)ဦးတို့ ပါဝင်ကြောင်း သိရသည်။

တောင်ကြီးမြို့နယ်အတွင်း၌ ၂၀၂၁ခုနှစ် ဇွန်လ(၁)ရက်နေ့မှ ဇူလိုင်လ(၂၈)ရက်နေ့အထိ ရက်ပေါင်း (၅၈)ရက်အတွင်း Covid-19 ကူးစက်ခံရသူ (၁,၆၂၆)ဦးအနက် သေဆုံးသူ (၈၀)ဦးရှိခဲ့ပြီး ကုသဆောင်များကနေ နေအိမ်ပြန်ခွင့်ရရှိသွားသူမှာ (၄၉၆)ဦးအထိရှိနေသော်လည်း ဆက်လက်၍ ကုသမှု ခံယူနေရသူမှာ (၁,၀၅၀)ဦးရှိနေကြောင်း သိရသည်။

တောင်ကြီးမြို့နယ်အား Stay at Home အဖြစ် ၂၀၂၁ခုနှစ် ဇူလိုင်လ(၂၆)ရက်နေ့က စ၍ အကြုံးဝင်သတ်မှတ်ထားကြောင်း သိရသည်။