တာချီလိတ်နှင့် နီးသည့် မယ်ဆိုင်မြို့နယ်အတွင်း ကိုရိုနာဗိုင်းရပ်စ် အတည်ပြုလူနာ (၁)ဦးထပ်တိုး၍ (၃)ဦးအထိရှိလာ

တာချီလိတ်နှင့် နီးသည့် မယ်ဆိုင်မြို့နယ်အတွင်း ကိုရိုနာဗိုင်းရပ်စ် အတည်ပြုလူနာ (၁)ဦးထပ်တိုး၍ (၃)ဦးအထိရှိလာ
ဧပြီ 1, 2020
By Tachileik News Agency

တာချီလိတ်နှင့် နီးသည့် မယ်ဆိုင်မြို့နယ်အတွင်း ကိုရိုနာဗိုင်းရပ်စ် အတည်ပြုလူနာ (၁)ဦးထပ်တိုး၍ (၃)ဦးအထိရှိလာ

တာချီလိတ်နှင့် နီးစပ်သည့် ထိုင်းနိုင်ငံမြောက်ပိုင်း မယ်ဆိုင်မြို့နယ်အတွင်း ကိုရိုနာဗိုင်းရပ်စ်(COVID-19)အတည်ပြု အမျိုးသမီး လူနာတစ်ဦး ထပ်တိုး၍ (၃)ဦးအထိရှိလာပြီး ချင်းရိုင်းခရိုင်တစ်ခုလုံးအနေဖြင့် (၉)ဦးအထိ ရှိလာကြောင်း သိရသည်။

မယ်ဆိုင်မြို့နယ်အတွင်းနေထိုင်သူ အသက်(၂၄)နှစ်အရွယ် အမျိုးသမီးတစ်ဉီးအား အတည်ပြုလူနာအဖြစ် ၂၀၂၀ခုနှစ် မတ်လ(၃၁)ရက်နေ့ နေ့လည်ပိုင်းက သတ်မှတ်ကာ သတင်းထုတ်ပြန်လိုက်ခြင်း ဖြစ်သည်။

အဆိုပါ အမျိုးသမီးသည် မိဘ နှင့် ခင်ပွန်း အပါအဝင် (၄)ဦးနေထိုင်ခြင်း ဖြစ်ပြီး မတ်လ(၂၉)ရက်နေ့က ခေါင်းကိုက်၊ လည်ပင်းနာ၊ ချောင်းဆိုး၊ ဖျားနာသည့် လက္ခဏာပြသည့်အတွက် မတ်လ(၃၀)ရက်နေ့တွင် မယ်ဆိုင်ဆေးရုံသို့ သွားရောက်စစ်ဆေးရာ မတ်လ(၃၁)ရက်နေ့ နေ့လည်(၂)နာရီက ၎င်းတွင် ကိုရိုနာဗိုင်းရပ်စ်ပိုးတွေ့သည့် အဖြေထွက်ကြောင်း သိရသည်။

မယ်ဆိုင်မြို့နယ်အတွင်း (၃)ဦးမြောက်အဖြစ် ကူးစက်ခံရသူ အမျိုးသမီးသည် ချင်းမိုင်မြို့က အတည်ပြုလူနာနှင့်ထိတွေ့မှုရှိခဲ့သည်ဟု သိထားရပြီး ၎င်းသည် အွန်လိုင်းဈေးရောင်းသည့် အလုပ်ကို လုပ်ကိုင်သူဖြစ်ကြောင်း သိရသည်။

"အခု (၃)ယောက်မြောက် အတည်ပြုလူနာဆိုတာက မယ်ဆိုင်မြို့နယ်အတွင်းကလို့ပဲ ထုတ်ပြန်ထားသေးတယ်၊ သူနဲ့ အတူနေတဲ့ ကျန်မိသားစုဝင် (၃)ဦးကိုတော့ စောင့်ကြည့်အဖြစ်သတ်မှတ်ပြီး ကျန်းမာရေးက စောင့်ကြည့်ထားတယ်"ဟု မယ်ဆိုင်မြို့နေ မြန်မာနိုင်ငံသားတစ်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ဧပြီလ(၁)ရက်နေ့တွင် ပြောသည်။

ချင်းရိုင်းခရိုင်အတွင်း၌ မတ်လ(၃၁)ရက်နေ့ ညပိုင်းအထိ သံသယလူနာ(၁၂၉)ဦးအထိရှိခဲ့ရာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူ (၉)ဦးအထိရှိလာရာတွင် (၃)ဦးမှာ မယ်ဆိုင်မြို့နယ်အတွင်းက ဖြစ်ကြောင်း သိရသည်။

Tachileik News Agency
သတင်း - ကိုဇောင်း


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~