တာခ်ီလိတ္ရိွ အေျခခံပညာေက်ာင္းမ်ားတြင္ ငလ်င္သဘာဝေဘးဆုိင္ရာ အသိပညာေပးျခင္းမ်ား လုပ္ေဆာင္မည္

တာခ်ီလိတ္ရိွ အေျခခံပညာေက်ာင္းမ်ားတြင္ ငလ်င္သဘာဝေဘးဆုိင္ရာ အသိပညာေပးျခင္းမ်ား လုပ္ေဆာင္မည္
သြဂုတ် 29, 2019
By Tachileik News Agency

ရွမ္းျပည္နယ္ (အေရွ႕ပိုင္း) တာခ်ီလိတ္ၿမို႕တြင္ ငလ်င္သဘာဝေဘးဆုိင္ရာ အသိပညာေပးျခင္းကို အေျခခံပညာေက်ာင္းမ်ားတြင္ မီးသတ္တပ္ဖြဲ႕က လုိက္လံေဟာေျပာမႈမ်ား ေဆာင္ရြက္သြားမည္ျဖစ္သည္။

"ကိုယ္ပိုင္ေက်ာင္းေတြေရာ၊ အစိုးရေက်ာင္းေတြေရာေပါ့။ ငလ်င္အပါအဝင္ သဘာဝေဘးအႏၱရာယ္ေရာ မီးေဘးႀကိဳတင္ကာကြယ္ေရးလုပ္ငန္းေတြ ေဟာေျပာတာ၊ ေဆြးေႏြးပို႔ခ်တာေတြလုပ္ဖို႔ အစီအစဥ္ေတြ ရိွပါတယ္။ လုပ္လည္း လုပ္ေနၾကပါတယ္။ ငလ်င္လႈပ္လို႔ရိွရင္ ကိုယ္လုပ္ေဆာင္ရမယ့္ အခ်က္ေတြကို ေလ့လာထားဖို႔ လိုပါတယ္။ အေရးအေၾကာင္းဆို ကူညီကယ္ဆယ္မယ့္ဌာနေတြရဲ႕ ဖုန္းနံပါတ္ေတြကိုလည္း သိထားဖို႔ လိုပါတယ္။ ကၽြန္ေတာ္တို႔ မီးသတ္တပ္ဖြဲ႕အေနနဲ႔ ဒါေတြကိုထည့္ေျပာသြားမွာ ျဖစ္ပါတယ္"ဟု မီးသတ္ဦးစီးဌာနမွ တာခ်ီလိတ္ခရိုင္ဦးစီးမွဴး ဦးေက်ာ္ကိုကိုက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

တာခ်ီလိတ္ၿမို႕နယ္အတြင္း တာေလၿမိဳ႕တြင္ ၂၀၁၁ ခုႏွစ္က အင္အား ရစ္ခ်္တာစေကး (၆.၈) ငလ်င္ လႈပ္ခတ္မႈကို ခံစားခဲ့ရဖူးသျဖင့္ အထပ္ျမင့္အေဆာက္အဦးမ်ား မ်ားျပားလာေနသည့္ တာခ်ီလိတ္တြင္လည္း သိရိွေနေစရန္ အသိပညာေပးျခင္းမ်ားကို လုပ္ေဆာင္ရျခင္းျဖစ္သည္ဟု သိရသည္။

ငလ်င္ႏွင့္ပတ္သက္၍ ႀကိဳတင္ျပင္ဆင္ႏုိင္သည္မ်ားမွာ မိမိတို႔ ေနထုိင္ရာေဒသသည္ မည္သည့္ငလ်င္ဇံုတြင္ က်ေရာက္သည္ကို ေလ့လာထားရန္၊ ေဘးကင္းလံုၿခံဳသည့္ေနရာ၊ လမ္းေၾကာင္းမ်ားကို သတ္မွတ္ထားရန္၊ ငလ်င္လႈပ္ေနခ်ိန္တြင္ ျပဳမူေနထိုင္ရမည့္နည္းလမ္းမ်ားကို မိသားစုဝင္မ်ားအား အသိေပး ေလ့က်င့္ထားရန္၊ ၿပိဳက်၊ ျပဳတ္က်၊ ကြဲရွႏုိင္ေသာပစၥည္းမ်ား၊ တြဲေလာင္းက်ေနေသာအရာဝတၳဳပစၥည္းမ်ားကို အႏၱရာယ္မျဖစ္ေစေရး ၿမဲၿမံစြာထားရိွရန္၊ မိသားစုသံုး အေရးေပၚပစၥည္းမ်ား၊ အေရးႀကီးစာရြက္စာတမ္းမ်ားကို ႀကိဳတင္ျပင္ဆင္ထားရန္၊ မိမိေနအိမ္၏ ခိုင္ခံ့မႈကို ပံုမွန္စစ္ေဆးၿပီး ခုိင္မာေအာင္ ျပဳလုပ္ထားရန္တို႔ လုပ္ေဆာင္ထားသင့္သည္ဟု အႀကံျပဳထားသည္။

ငလ်င္လႈပ္ေနစဥ္တြင္ သတိႏွင့္ တည္ၿငိမ္စြာရိွရန္၊ (၅)စကၠန္႔အတြင္း အေဆာက္အအံုအျပင္သို႔ ေရာက္ႏိုင္ါပက ေျပးထြက္ရန္ႏွင့္ မေရာက္ႏုိင္ပါက ခုိင္မာေတာင့္တင္းသည့္ စားပြဲ၊ ခံု၊ ခုတင္ေအာက္ကဲ့သို႔ေနရာမ်ားတြင္ ဝပ္ေနရန္၊ ကြင္းျပင္ သို႔မဟုတ္ ျမင့္မားေသာ အေဆာက္အအံု၊ လွ်ပ္စစ္မီးႀကိဳး၊ ဓါတ္တုိင္၊ သစ္ပင္စသည့္ ၿပိဳလဲက်ႏုိင္သည့္အရာမ်ားႏွင့္ ေဝးရာသို႔ ေျပးရန္၊ ကမ္းေျခ သို႔မဟုတ္ ျမစ္ကမ္းေဘးေနသူမ်ားအေနျဖင့္ ကုန္းေျမျမင့္တြင္ ေျပာင္းေရႊ႕ေနရန္၊ မီးအသံုးျပဳေနစဥ္ ငလ်င္လႈပ္ပါက မီးမ်ားၿငိႇမ္းသတ္၊ ခလုတ္ပိတ္ရန္၊ ဆိုင္ကယ္၊ကားေမာင္းႏွင္ေနပါက အရွိန္ေလွ်ာ့ရပ္တန္႔ေနရန္၊ အေဆာက္အအံုထဲ ေျပးမဝင္ရန္၊ ဓါတ္ေလွကားမ်ား အသံုးမျပဳရန္၊ အထပ္ျမင့္တုိက္မ်ားမွ ခုန္ထြက္ျခင္းမျပဳရန္တုိ႔ကို အႀကံျပဳထားသည္။

Tachileik News Agency
သတင္း - ဟန္စိုးထုိက္


~~~~~~~~⊰❂ Unicode Version ~~~~~~~~

ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့တွင် ငလျင်သဘာဝဘေးဆိုင်ရာ အသိပညာပေးခြင်းကို အခြေခံပညာကျောင်းများတွင် မီးသတ်တပ်ဖွဲ့က လိုက်လံဟောပြောမှုများ ဆောင်ရွက်သွားမည်ဖြစ်သည်။

"ကိုယ်ပိုင်ကျောင်းတွေရော၊ အစိုးရကျောင်းတွေရောပေါ့။ ငလျင်အပါအဝင် သဘာဝဘေးအန္တရာယ်ရော မီးဘေးကြိုတင်ကာကွယ်ရေးလုပ်ငန်းတွေ ဟောပြောတာ၊ ဆွေးနွေးပို့ချတာတွေလုပ်ဖို့ အစီအစဉ်တွေ ရှိပါတယ်။ လုပ်လည်း လုပ်နကြေပါတယ်။ ငလျင်လှုပ်လို့ရှိရင် ကိုယ်လုပ်ဆောင်ရမယ့် အချက်တွေကို လေ့လာထားဖို့ လိုပါတယ်။ အရေးအကြောင်းဆို ကူညီကယ်ဆယ်မယ့်ဌာနတွေရဲ့ ဖုန်းနံပါတ်တွေကိုလည်း သိထားဖို့ လိုပါတယ်။ ကျွန်တော်တို့ မီးသတ်တပ်ဖွဲ့အနေနဲ့ ဒါတွေကိုထည့်ပြောသွားမှာ ဖြစ်ပါတယ်"ဟု မီးသတ်ဦးစီးဌာနမှ တာချီလိတ်ခရိုင်ဦးစီးမှူး ဦးကျော်ကိုကိုက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

တာချီလိတ်မြို့နယ်အတွင်း တာလမြေို့တွင် ၂၀၁၁ ခုနှစ်က အင်အား ရစ်ချ်တာစကေး (၆.၈) ငလျင် လှုပ်ခတ်မှုကို ခံစားခဲ့ရဖူးသဖြင့် အထပ်မြင့်အဆောက်အဦးများ များပြားလာနေသည့် တာချီလိတ်တွင်လည်း သိရှိနေစေရန် အသိပညာပေးခြင်းများကို လုပ်ဆောင်ရခြင်းဖြစ်သည်ဟု သိရသည်။

ငလျင်နှင့်ပတ်သက်၍ ကြိုတင်ပြင်ဆင်နိုင်သည်များမှာ မိမိတို့ နေထိုင်ရာဒေသသည် မည်သည့်ငလျင်ဇုံတွင် ကျရောက်သည်ကို လေ့လာထားရန်၊ ဘေးကင်းလုံခြုံသည့်နေရာ၊ လမ်းကြောင်းများကို သတ်မှတ်ထားရန်၊ ငလျင်လှုပ်နေချိန်တွင် ပြုမူနေထိုင်ရမည့်နည်းလမ်းများကို မိသားစုဝင်များအား အသိပေး လေ့ကျင့်ထားရန်၊ ပြိုကျ၊ ပြုတ်ကျ၊ ကွဲရှနိုင်သောပစ္စည်းများ၊ တွဲလောင်းကျနေသောအရာဝတ္ထုပစ္စည်းများကို အန္တရာယ်မဖြစ်စေရေး မြဲမြံစွာထားရှိရန်၊ မိသားစုသုံး အရေးပေါ်ပစ္စည်းများ၊ အရေးကြီးစာရွက်စာတမ်းများကို ကြိုတင်ပြင်ဆင်ထားရန်၊ မိမိနေအိမ်၏ ခိုင်ခံ့မှုကို ပုံမှန်စစ်ဆေးပြီး ခိုင်မာအောင် ပြုလုပ်ထားရန်တို့ လုပ်ဆောင်ထားသင့်သည်ဟု အကြံပြုထားသည်။

ငလျင်လှုပ်နေစဉ်တွင် သတိနှင့် တည်ငြိမ်စွာရှိရန်၊ (၅)စက္ကန့်အတွင်း အဆောက်အအုံအပြင်သို့ ရောက်နိုငါ်ပက ပြေးထွက်ရန်နှင့် မရောက်နိုင်ပါက ခိုင်မာတောင့်တင်းသည့် စားပွဲ၊ ခုံ၊ ခုတင်အောက်ကဲ့သို့နေရာများတွင် ဝပ်နေရန်၊ ကွင်းပြင် သို့မဟုတ် မြင့်မားသော အဆောက်အအုံ၊ လျှပ်စစ်မီးကြိုး၊ ဓာတ်တိုင်၊ သစ်ပင်စသည့် ပြိုလဲကျနိုင်သည့်အရာများနှင့် ဝေးရာသို့ ပြေးရန်၊ ကမ်းခြေ သို့မဟုတ် မြစ်ကမ်းဘေးနေသူများအနဖြေင့် ကုန်းမြမြေင့်တွင် ပြောင်းရွှေ့နေရန်၊ မီးအသုံးပြုနေစဉ် ငလျင်လှုပ်ပါက မီးများငြှိမ်းသတ်၊ ခလုတ်ပိတ်ရန်၊ ဆိုင်ကယ်၊ကားမောင်းနှင်နေပါက အရှိန်လျှော့ရပ်တန့်နေရန်၊ အဆောက်အအုံထဲ ပြေးမဝင်ရန်၊ ဓာတ်လှေကားများ အသုံးမပြုရန်၊ အထပ်မြင့်တိုက်များမှ ခုန်ထွက်ခြင်းမပြုရန်တို့ကို အကြံပြုထားသည်။

Tachileik News Agency
သတင်း - ဟန်စိုးထိုက်

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net