နိုင်ငံအနှံ့အပြားတွင် ဧပြီလ(၇)ရက်နေ့အထိ COVID-19 ကူးစက်ခံရသူ (၁၃)သိန်းကျော်ရှိလာ

နိုင်ငံအနှံ့အပြားတွင် ဧပြီလ(၇)ရက်နေ့အထိ COVID-19 ကူးစက်ခံရသူ (၁၃)သိန်းကျော်ရှိလာ
ဧပြီ 7, 2020
By Tachileik News Agency
နိုင်ငံအနှံ့အပြားတွင်  ဧပြီလ(၇)ရက်နေ့အထိ COVID-19 ကူးစက်ခံရသူ (၁၃)သိန်းကျော်ရှိလာ

တရုတ်နိုင်ငံတွင် စတင်ကူးစက်ခဲ့သည့် COVID-19 သည် ကမ္ဘာ့နိုင်ငံအနှံ့အပြားသို့ ကူးစက်ပြန့်နှံ့သွားသည်မှာ ၂၀၂၀ခုနှစ် ဧပြီလ(၇)ရက်နေ့နံနက်ပိုင်းအထိ ကူးစက်ခံရသူ (၁၃)သိန်းကျော်ရှိနေပြီး သေဆုံးသူမှာ (၇၀,၀၀၀)ကျော်ရှိကြောင်း သိရသည်။

ဧပြီလ(၇)ရက်နေ့ နံနက်ပိုင်းအထိ COVID-19 ကူးစက်ခံရသူ အများဆုံးမှာ လူဦးရေ (၃၆၈,၁၉၆)ဦးဖြင့် အမေရိကန်နိုင်ငံက အများဆုံးဖြစ်နေပြီး၊ ဒုတိယအများဆုံးမှာ လူဦးရေ (၁၃၆,၆၇၅)ဦးဖြင့် စပိန်နိုင်ငံဖြစ်ကာ အီတလီနိုင်ငံက ကူးစက်ခံရသူ(၁၃၂,၅၄၇)ဖြင့် တတိယအဆင့်တွင် ရှိနေသည်ကို တွေ့ရသည်။

အရှေ့တောင်အာရှ အာဆီယံ(၁၀)နိုင်ငံတွင် မလေးရှားနိုင်ငံက (၃,၇၉၃)ဦးဖြင့် အများဆုံး ဖြစ်နေပြီး၊ ဖီလစ်ပိုင်နိုင်ငံက (၃,၆၆၀)ဦးဖြင့် ဒုတိယအများဆုံးဖြစ်နေသည်။

မြန်မာနိုင်ငံတွင် ဧပြီလ(၆)ရက်နေ့ ညပိုင်းအထိ အတည်ပြုလူနာ(၂၂)ဦးရှိခဲ့ပြီး မြန်မာနိုင်ငံနှင့်နီးစပ်သည့် ထိုင်းနိုင်ငံတွင် (၂,၂၂၀)ဦး နှင့် လာအိုနိုင်ငံတွင် (၁၂)ဦး ကူးစက်ခံနေရကြောင်း သိရသည်။

COVID-19 စတင်တွေ့ရှိခဲ့သည့် တရုတ်နိုင်ငံတွင်ကူးစက်ခံရသူ (၈၂,၆၈၇)ဦးရှိခဲ့ရာ သက်သာပျောက်ကင်းသူမှာ (၇၇,၃၂၂)ဦးရှိပြီး သေဆုံးသူမှာ (၃,၃၃၅)ဦးရှိကြောင်း Johns Hopkins University (JHU)၏ စစ်တမ်းအရ သိရသည်။

၂၀၂၀ခုနှစ် ဧပြီလ(၇)ရက်နေ့ နံနက်ပိုင်းအထိ ကမ္ဘာ့နိုင်ငံအနှံ့အပြားတွင် (၁,၃၄၇,၆၇၆) ကူးစက်ခံနေရပြီး၊ သက်သာပျောက်ကင်းသူမှာ (၂၇၇,၃၃၁)ဦးရှိပြီး သေဆုံးသူမှာ (၇၄,၇၄၄)ဦးရှိကြောင်း သိရသည်။

Tachileik News Agency


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~