မီးခိုးမြူများ ဖုံးလွှမ်းနေသည့် တာချီလိတ်မြို့၏ ၂၀၂၀ခုနှစ် မတ်လ(၁၄)ရက်နေ့ နံနက်(၁၀)နာရီ အခြေအနေ

မီးခိုးမြူများ ဖုံးလွှမ်းနေသည့် တာချီလိတ်မြို့၏ ၂၀၂၀ခုနှစ် မတ်လ(၁၄)ရက်နေ့ နံနက်(၁၀)နာရီ အခြေအနေ
မတ် 14, 2020
By Tachileik News Agency

မြန်မာ - ထိုင်းနယ်စပ်ဒေသ တာချီလိတ်မြို့တွင် တောမီးခိုးမြူများမှာ ၂၀၂၀ခုနှစ် မတ်လ(၁၄)ရက်နေ့ နံနက် (၁၀)နာရီတွင် သိသိသာသာဖုံးလွှမ်းနေဆဲဖြစ်သည်ကို တွေ့ရသည်။

နယ်စပ်တစ်လျှောက် တောမီးခိုးမြူများမှာ ညပိုင်းများတွင် ဝင်ရောက်လာပြီး နေ့လည်(၂)နာရီကျော်အထိ ရှိနေတတ်ပြီး ညနေပိုင်းတွင် ပြန်လည်ကျသွားတတ်သည်ကို ရက်ပိုင်း ဖြစ်ပေါ်နေသည့် အခြေအနေများအရ သိရသည်။

မီးခိုးများ ဖုံးလွှမ်းမှုကြောင့်  မျက်လုံးစပ်ခြင်း၊ လည်ချောင်းယားယံခြင်း၊ အသက်ရှုကြပ်ခြင်းများ ခံစားနေရသည့်အတွက် သက်ဆိုင်ရာများက နေ့လည်ပိုင်းများတွင် ရေမှုန်ရေမွှာ ပက်ဖြန်းမှုများကိုလည်း လုပ်ဆောင်ပေးနေရကြောင်း သိရသည်။

တာချီလိတ်နှင့်နီးသည့် မယ်ဆိုင်မြို့၏ လေထုတ်တိုင်းတာချက်မှာ နောက်ဆုံးအဆင့်ဖြစ်သည့် နီညိုရောက်အဆင့်တွင်လည်း ရောက်ရှိနေသည်။

Tachileik News Agency


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~