ဧပြီလ(၁၃)ရက်နေ့တွင် မကွေးတိုင်းနှင့် ရန်ကုန်တိုင်းတို့မှ အတည်ပြုလူနာ (၁၂)ဦးထပ်တိုးလာ၍ မြန်မာနိုင်ငံအတွင်း အတည်ပြုလူနာ (၅၃)ဦးရှိလာ

ဧပြီလ(၁၃)ရက်နေ့တွင် မကွေးတိုင်းနှင့် ရန်ကုန်တိုင်းတို့မှ အတည်ပြုလူနာ (၁၂)ဦးထပ်တိုးလာ၍ မြန်မာနိုင်ငံအတွင်း အတည်ပြုလူနာ (၅၃)ဦးရှိလာ
ဧပြီ 13, 2020
By Tachileik News Agency

ဧပြီလ(၁၃)ရက်နေ့တွင် မကွေးတိုင်းနှင့် ရန်ကုန်တိုင်းတို့မှ အတည်ပြုလူနာ (၁၂)ဦးထပ်တိုးလာ၍ မြန်မာနိုင်ငံအတွင်း အတည်ပြုလူနာ (၅၃)ဦးရှိလာ

မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်ရှိ Quarantine ထားသည့်နေရာမှ (၁)ဦးတွင် COVID 19 ရောဂါပိုးတွေ့ရသဖြင့် ၂၀၂၀ ခုနှစ်၊ ဧပြီလ (၁၃)ရက်နေ့ ည(၉)နာရီ ထုတ်ပြန်ထားသည်အထိ စုစုပေါင်း အတည်ပြုလူနာ (၅၃)ဦးရှိလာပြီဖြစ်သည်။

အမျိုးသားကျန်းမာရေးဓါတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်)က ဧပြီလ (၁၃) ရက်နေ့ ည (၉)နာရီအထိ ဓါတ်ခွဲအဖြေ (၂)ကြိမ် ထုတ်ပြန်ခဲ့ရာ စုစုပေါင်း ဓါတ်ခွဲစစ်ဆေးသူ (၁၈၆) ဦးအနက် (၁၂) ဦးတွင် COVID-19 ရောဂါပိုး တွေ့ရှိခဲ့ရခြင်းဖြစ်သည်။

မကွေးတိုင်း၊ မြို့သစ်မြို့နယ်ရှိ နေရပ်ပြန်များ စောင့်ကြည့်သည့်နေရာမှ (၁)ဦး၊ ဓာတ်ခွဲအတည်ပြုလူနာနှင့် အနီးကပ်ထိတွေ့ခဲ့သဖြင့် ရန်ကုန်တိုင်းဒေသကြီးရှိ သတ်မှတ်နေရာများတွင် အသွားအလာ ကန့်သတ်၍ စောင့်ကြပ်ကြည့်ရှုထားသူများထဲမှ (၁၁)ဦးတို့ကို ဧပြီလ (၁၃)ရက်နေ့တွင် အတည်ပြုလူနာများအဖြစ် ထပ်တိုးလာခြင်းဖြစ်သည်။

Tachileik News Agency


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~