ကျောက်မဲမြို့မှ အတည်ပြုလူနာနှင့် အနီးကပ်ထိတွေ့ခဲ့သည့် တာချီလိတ်က (၅)ဦး၏ ဓါတ်ခွဲနမူနာကို ရန်ကုန်ပို့ စစ်ထား

ကျောက်မဲမြို့မှ အတည်ပြုလူနာနှင့် အနီးကပ်ထိတွေ့ခဲ့သည့် တာချီလိတ်က (၅)ဦး၏ ဓါတ်ခွဲနမူနာကို ရန်ကုန်ပို့ စစ်ထား
ဧပြီ 11, 2020
By Tachileik News Agency
ကျောက်မဲမြို့မှ အတည်ပြုလူနာနှင့် အနီးကပ်ထိတွေ့ခဲ့သည့် တာချီလိတ်က (၅)ဦး၏ ဓါတ်ခွဲနမူနာကို ရန်ကုန်ပို့ စစ်ထား

မြန်မာ - ထိုင်းနယ်စပ်ဒေသ တာချီလိတ်မြို့တွင် COVID-19 အတည်ပြုလူနာ (Case 14)နှင့် အနီးကပ်ထိတွေ့ခဲ့၍ Quarantine ထားရှိသူများအနက် (၅)ဦး၏ ဓါတ်ခွဲနမူနာများကို ၂၀၂၀ ခုနှစ်၊ ဧပြီလ (၁၁) ရက်နေ့တွင် အမျိုးသားဓါတ်ခွဲဌာနသို့ ပို့စစ်ထားကြောင်း သိရသည်။

အတည်ပြုလူနာနဲ့ အနီးကပ်ထိတွေ့ခဲ့သူတွေ Quarantine (၁၄) ရက် ပြီးသွားတာပေါ့။ အဲဒီထဲကမှ နည်းနည်း ကိုယ်အပူချိန်မြင့်နေတဲ့ (၂)ဦးအပါဝင် (၅)ဦးရဲ့ ဓါတ်ခွဲနမူနာကို ဒီနေ့ပို့စစ်ထားပါတယ်။ ကိုယ်အပူချိန်မြင့်တဲ့ (၂)ယောက်ကိုတော့ ဆေးရုံမှာ PUI (စောင့်ကြည့်လူနာ)အဖြစ်ထားတယ်။ ကျန် (၃)ယောက်ကတော့ Home Quarantine ထား ထားတယ်

ဟု တာချီလိတ်ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ခရိုင်ပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာရွှေဝင်းက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

အတည်ပြုလူနာ (Case 14 )သည် မတ်လ (၂၅)ရက်နေ့က မြန်မာ - ထိုင်းချစ်ကြည်ရေးတံတား အမှတ် (၁)မှတဆင့် တာချီလိတ်သို့ဝင်လာကာ (၂)ရက်တာ နေထိုင်ပြီးနောက် မန္တလေးမှတစ်ဆင့် ကျောက်မဲသို့ ပြန်သွားခဲ့ခြင်းဖြစ်သည်။

၎င်းသွားလာခဲ့ရာလမ်းကြောင်းတစ်လျှောက် ထိတွေ့ခဲ့သူ စုစုပေါင်း (၁၆၈)ဦးတွင် တာချီလိတ်မှ (၅၅)ဦးပါဝင်ခြင်းဖြစ်ပြီး ယခင်က Quarantine (၁၄)ရက်ထားရှိရာမှ လက်ရှိတွင် (၂၁)ရက်အထိ ရက်တိုးထားရှိလိုက်ခြင်းဖြစ်ကြောင်း သိရသည်။

Tachileik News Agency
သတင်း - ချယ်ရီထိုက်


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~