တာချီလိတ်တွင် ကုန်ပစ္စည်းများကို ဈေးနှုန်း အဆမတန်ဖြင့် ရောင်းချပါက ထိရောက်စွာ အရေးယူမည်

တာချီလိတ်တွင် ကုန်ပစ္စည်းများကို ဈေးနှုန်း အဆမတန်ဖြင့် ရောင်းချပါက ထိရောက်စွာ အရေးယူမည်
မတ် 23, 2020
By 🌸
တာချီလိတ်တွင် ကုန်ပစ္စည်းများကို ဈေးနှုန်း အဆမတန်ဖြင့် ရောင်းချပါက ထိရောက်စွာ အရေးယူမည်

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့တွင် စားသုံးကုန်အပါအဝင် ကုန်ပစ္စည်းများကို ဈေးနှုန်း မတန်တဆ တိုးမြှင့်ရောင်းချသူများကို ထိရောက်စွာအရေးယူမည်ဖြစ်ကြောင်း ၂၀၂၀ ခုနှစ်၊ မတ်လ (၂၃)ရက်နေ့တွင် ခရိုင်စီမံခန့်ခွဲမှုကော်မတီက ကြေငြာချက် ထုတ်ပြန်လိုက်သည်။

ထိုင်းနိုင်ငံဘက်က ကိုရိုနာဗိုင်းရပ်စ်ပျံ့နှံ့မှုကို ထိန်းချုပ်နိုင်ရန်အတွက် တာချီလိတ်ဘက်ရှိ နယ်စပ်တံတား (၂)စင်းကို ပိတ်ထားရာမှ မြန်မာ - ထိုင်းချစ်ကြည်ရေးတံတား အမှတ် (၂)မှ ကုန်ပစ္စည်းများကို နေ့စဉ်ဖြတ်သန်း သယ်ယူခွင့်ပေးထားရန် နှစ်နိုင်ငံအစိုးရ ညှိနှိုင်းသဘောတူညီချက်ရပြီးနောက် ယင်းကဲ့သို့ ထုတ်ပြန်လာခြင်းဖြစ်သည်။

ဒေသတွင်း စားသောက်ကုန်အပါအဝင် ကုန်ပစ္စည်းများကို ထိုင်းနိုင်ငံမှသာ တင်သွင်းနေသည့် တာချီလိတ်ဒေသတွင် မယ်ဆိုင်ဘက်မှ နယ်စပ်တံတား (၂)စင်းလုံးပိတ်မည့်သတင်းကြောင့် စားသောက်ကုန် အပါအဝင် ကုန်ပစ္စည်းများကို အများအပြား ဝယ်ယူသူများရှိနေသဖြင့် ဈေးနှုန်းများလည်း အဆမတန်မြှင့်တင်၍ ရောင်းချမှုများရှိလာရာ ဈေးဝယ်သူများအနေဖြင့် အစိုးရိမ်မလွန်ရန်ကိုလည်း တိုက်တွန်းထားသည်။

Tachileik News Agency


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~