လမ်းကျဉ်း၊လမ်းကြပ်နေရာတွင် မီးလောင်မှုရှိသောအခါ မီးသတ်ယာဉ်များ အလွယ်တကူသွားလာနိုင်ရေးအတွက်လက်တွေ့လေ့ကျင့်

လမ်းကျဉ်း၊လမ်းကြပ်နေရာတွင် မီးလောင်မှုရှိသောအခါ မီးသတ်ယာဉ်များ အလွယ်တကူသွားလာနိုင်ရေးအတွက်လက်တွေ့လေ့ကျင့်
မတ် 1, 2020
By Tachileik News Agency
တာချီလိတ်မြို့ပေါ် ရပ်ကွက်များရှိ လမ်းကျဉ် လမ်းကြပ်သည့် နေရာများတွင် မီးလောင်မှုဖြစ်ပွားပါကအလွယ်တကူ ငြှိမ်းသတ်နိုင်ရန် ကြိုတင် လေ့ကျင့် 

တာချီလိတ်မြို့ပေါ်ရပ်ကွက်များရှိ လမ်းကျဉ် လမ်းကြပ်သည့်နေရာများတွင် မီးလောင်မှုဖြစ်ပွားပါ မီးသတ်ယာဉ်ဖြင့် အလွယ်တကူ သွားလာငြှိမ်းသတ်နိုင်ရန်အတွက် ကြိုတင်ဇာတ်တိုက်လေ့ကျင့်မှုအဖြစ် တာချီလိတ်မြို့ မကာဟိုခမ်းရပ်ကွက်အတွင်း ယာမြေကုန်းတွင် ၂၀၂၀ခုနှစ် မတ်လ(၁)ရက်နေ့ နံနက်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မီးသတ်ဦးစီးဌာနမှ တာချီလိတ်ခရိုင်ဦးစီးမှူး လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်ကိုကို မှ တပ်ဖွဲ့ဝင်များ အဖွဲ့(၄)ဖွဲ့ခွဲကာ တာချီလိတ်မြို့နယ်အရန်မီးသတ်တပ်ဖွဲ့ အပါအဝင် မကာဟိုခမ်းရပ်ကွက် ယာမြေကုန်းရှိ လမ်းသွယ် (၄)ခုတွင်  မီးငြှိမ်းသတ်ယာဉ်(၂)စီး၊‌ ရေသယ်ယာဉ်(၁)စီး၊ အုပ်ချုပ်မှုယာဉ်(၁)စီး ဖြင့် ဇာတ်တိုက်လေ့ကျင့်ခဲ့ကြခြင်း ဖြစ်ကြောင်းသိရသည်။

လမ်းသွယ်(၄)ခုတွင် အချို့နေရာများမှာ မီးသတ်ကား ဝင်ရောက်၍ မရသည့်နေရာများရှိသည့်အတွက် ယာဉ်ဝင်လို့ရသည့် နေရာတွင်သာ ဝင်ရောက်ပြီး ယာဉ်အား ရပ်တန့်ထားကာ  မီးသတ်ပိုက်ဆက်ပြီး သတ်မှတ်နေရာသို့ ရောက်မရောက်နှင့် မီးသတ်ကား ဝင်ရောက်၍ ရသည့် နေရာအတိုင်းအတာထိ သိရှိထားနိုင်ရန်အတွက် ယခုလို လေ့ကျင့်ခြင်း ဖြစ်ကြောင်း သိရသည်။

တာချီလိတ်ခရိုင်မီးသတ်တပ်ဖွဲ့က ယခင်က မီးဘေးကြိုတင်ကာကွယ်ရေးအတွက် ကြိုတင်ဇာတ်တိုက်လေ့ကျင့်မှုများအဖြစ် ဈေးများနှင့် စက်သုံးဆီပန့်ဆိုင်များ အပါအဝင် ရှမ်းရိုးမကွင်းတို့တွင်သာ ဆောင်ရွက်ခဲ့ရမှ ယခုအခါတွင် ရပ်ကွက်အတွင်းရှိ လမ်းကြားများအထိပါ ကြိုတင် ဇာတ်တိုက်လေ့ကျင့်မှုများ လုပ်ဆောင်နေခြင်း ဖြစ်သည်။

Tachileik News Agency
ဓါတ်ပုံ - တာချီလိတ်ခရိုင်မီးသတ်ဦးစီးဌာန

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~