တာချီလိတ်တွင် ဆိုင်ကယ်ခိုးလာသူအား ဆိုင်ကယ်နှင့်အတူ ဖမ်းဆီးရမိ

မတ် 7, 2020
By Tachileik News Agency
တာချီလိတ်တွင် ဆိုင်ကယ်ခိုးလာသူအား ဆိုင်ကယ်နှင့်အတူ ဖမ်းဆီးရမိ

မြန်မာ - ထိုင်းနယ်စပ်ဒေသ၊ တာချီလိတ်မြို့တွင် ဆိုင်ကယ်ခိုးလာသူထံက Honda MSX 125 အဖြူနက်အရောင် ဆိုင်ကယ်တစ်စီးကို ၂၀၂၀ ခုနှစ်၊ မတ်လ (၇)ရက်နေ့ နေ့လည်(၂)နာရီခွဲဝန်းကျင်က သိမ်းဆည်းရမိထားကြောင်း သိရသည်။

ဆန်ဆိုင်း (ခ)ရပ်ကွက်၊ မြတ်လေးလမ်းပေါ်တွင် သော့မပါသည့် ဆိုင်ကယ်တစ်စီး တွန်းလာသည့် အမျိုးသားတစ်ဦးကို လှည့်ကင်းအဖွဲ့က တွေ့ရသဖြင့် စစ်ဆေးရာ ဆိုင်ကယ်ပိုင်ဆိုင်မှုနှင့်ပတ်သက်၍ ပြောဆိုနိုင်ခြင်းမရှိသဖြင့် ထိန်းသိမ်းထားခြင်းဖြစ်ကြောင်းသိရသည်။

ဆိုင်ကယ်တွန်းလာသည့် စိုင်းဝဏ္ဏထွန်း (ခ) အိုက်မန်ကို တာချီလိတ်မြို့ရဲစခန်းတွင် (ပ) ၁၆၂/၂၀၂၀၊ ရာဇသတ်ကြီးပုဒ်မ ၃၈၀/ ကျင့် ၅၄ ဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။

နံပါတ်ပြားမပါ Honda MSX 125 အဖြူနှင့် အနက်ရောင်ဆိုင်ကယ်ကို တာချီလိတ်မြို့မရဲစခန်းက ထိန်းသိမ်းထားသည့်အတွက် လတ်တလော၌ အဆိုပါ ဆိုင်ကယ် ခိုးခံရမှုများရှိပါက ရဲစခန်းသို့ သွားရောက်ကြည့်နိုင်ကြောင်း သိရသည်။

 Tachileik News Agency

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~