ရွှေစက်တော်ဘုရားပွဲမှ ဈေးသည် နှင့် လုပ်ငန်းရှင်များအား တင်ဒါသွင်းငွေ၏ (၆၀)ရာခိုင်နှုန်း ပြန်အမ်းမည်

ရွှေစက်တော်ဘုရားပွဲမှ ဈေးသည် နှင့် လုပ်ငန်းရှင်များအား တင်ဒါသွင်းငွေ၏ (၆၀)ရာခိုင်နှုန်း ပြန်အမ်းမည်
မတ် 16, 2020
By Tachileik News Agency
ရွှေစက်တော်ဘုရားပွဲမှ ဈေးသည် နှင့် လုပ်ငန်းရှင်များအား တင်ဒါသွင်းငွေ၏ (၆၀)ရာခိုင်နှုန်း ပြန်အမ်းမည်

မကွေးတိုင်းဒေသကြီး ရွှေစက်တော်ဘုရားပွဲကို ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပိတ်သိမ်းလိုက်သဖြင့် တင်ဒါရယူ လုပ်ကိုင်နေကြသည့် လုပ်ငန်းရှင်များ၊ တည်းခိုဆောင်လုပ်ငန်းရှင်များနှင့် ဈေးသည်များအား  တင်ဒါသွင်းထားသည့် ပမာဏ၏ (၆၀) ရာခိုင်နှုန်းကို ၂၀၂၀ ခုနှစ် မတ်လ (၁၇)ရက်နေ့တွင် ပြန်လည်ထုတ်ပေးမည်ဖြစ်ကြောင်း သိရသည်။

“တည်းခိုဆောင်လုပ်ငန်းရှင်က (၁၀၀) ကျော်လောက်၊ ဈေးဆိုင်လုပ်ငန်းရှင်က (၁၀,၀၀) ကျော်လောက် ရှိပါမယ်။ ဘုရားပွဲတော်က ရက်ပေါင်း (၈၀) ကျင်းပဖို့ရှိပေမဲ့ (၄၄) ရက်ပဲ ကျင်းပနိုင်ခဲ့ပြီး (၃၆) ရက် ကျန်နေပါသေးတယ်။ ကျန်နေတာက (၃၆) ရက်ဆိုပေမဲ့ ရွှေစက်တော်ဘုရားပွဲတော်ရဲ့သဘော သဘာဝက (၁၀) တန်းစာမေးပွဲတွေပြီးမှ ဘုရားဖူးကြတာမျိုးပါ။ ဒါကြောင့် ဘုရားကြီးဘက်ရော လုပ်ငန်းရှင်တွေဘက်ရော မျှတမှုရှိအောင် (၆၀) ရာခိုင်နှုန်းပြန်ထုတ်ပေးဖို့ ဆုံးဖြတ်လိုက်ကြပါတယ်”ဟု ရွှေစက်တော်ဘုရားပွဲတော် ကျင်းပရေးကော်မတီ ဥက္ကဌ မင်းဘူးခရိုင်အုပ်ချုပ်ရေးမှူး ဦးစန်းဌေးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ကိုရိုနာဗိုင်းရပ်စ်ကြောင့် လူစုလူဝေးပြုလုပ်ခြင်း တားမြစ်လိုက်သဖြင့် ရက်ပေါင်း (၈၀) ကျင်းပရန် လျာထားသည့် ရွှေစက်တော်ဘုရားပွဲတော်ကို ပွဲတော်ကျင်းပပြီး (၄၄) ရက်မြောက်ဖြစ်သည့် မတ်လ (၁၃) ရက်နေ့တွင် ရပ်ဆိုင်းလိုက်ခြင်းဖြစ်ရာ တင်ဒါသွင်းထားသည့်ငွေပမာဏ၏ (၇၅)ရာခိုင်နှုန်းပြန်ပေးရန် လုပ်ငန်းရှင်များက တောင်းဆိုထားကြခြင်းဖြစ်သည်။

တင်ဒါအောင်လုပ်ငန်းရှင်များအား (၆၀)ရာခိုင်နှုန်း ပြန်လည်ပေးမည်ဖြစ်ရာ စုစုပေါင်း ငွေကျပ် သိန်း (၆,၀၀၀)နီးပါး ပြန်လည်ထုတ်ပေးရမည်ဖြစ်ကြောင်း သိရသည်။

Tachileik News Agency
သတင်း/ဓာတ်ပုံ - ဖီးနစ်


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~