ကိုရိုနာဗိုင်းရပ်စ်ကြောင့် ရွှေစက်တော်ဘုရားပွဲ ပိတ်လိုက်ရာ တင်ဒါလုပ်ငန်း ရယူထားသူများက လေလံကြေး၏ (၇၅)ရာခိုင်နှုန်း ပြန်ပေးရန် တောင်းဆို

ကိုရိုနာဗိုင်းရပ်စ်ကြောင့် ရွှေစက်တော်ဘုရားပွဲ ပိတ်လိုက်ရာ တင်ဒါလုပ်ငန်း ရယူထားသူများက လေလံကြေး၏ (၇၅)ရာခိုင်နှုန်း ပြန်ပေးရန် တောင်းဆို
မတ် 13, 2020
By Tachileik News Agency
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ရွှေစက်တော်ဘုရားပွဲ ပိတ်လိုက်ရာ တင်ဒါလုပ်ငန်း ရယူထားသူများက လေလံကြေး၏ (၇၅)ရာခိုင်နှုန်း ပြန်ပေးရန် တောင်းဆို

ကိုရိုနာဗိုင်းရပ်စ် (COVID 19) ကြောင့် မကွေးတိုင်းဒေသကြီးမှ ရွှေစက်တော်ဘုရားပွဲတော်အား ၂၀၂၀ ခုနှစ်၊ မတ်လ (၁၃)ရက်နေ့မှစ၍ ပိတ်သိမ်းလိုက်ရာ တည်းခိုဆောင်လုပ်ငန်း အပါအဝင် တင်ဒါလုပ်ငန်းများ ရယူထားသူများက လေလံကြေး၏ (၇၅)ရာခိုင်နှုန်းကို ပြန်ပေးရန် တောင်းဆိုထားသည်။

သိန်းရာကျော်ရင်းပြီး လေလံယူခဲ့တဲ့ကြမ်းခင်းဈေး ပြန်ရရင်တောင် လုပ်ငန်းအတွက် တစ်ခြားစိုက်ထုတ် ကုန်ကျငွေတွေက ရှိသေးတော့ ရှုံးဦးမှာပါ။ ဒါကို ပြန်ပေးဖို့ကလည်း ဂေါပကအဖွဲ့နဲ့ အစိုးရအဖွဲ့တို့ ညှိနှိုင်း ကြဦးမှာပါ။ အခုတော့ အဖြေမသိရသေးပါဘူး

ဟု တည်းခိုဆောင်လုပ်ငန်းရှင်တစ်ဦးက တာချီလိတ်သတင်း အေဂျင်စီသို့ ပြောသည်။

ကိုရိုနာဗိုင်းရပ်စ်ကြောင့် လူစုလူဝေးပြုလုပ်ခြင်း တားမြစ်လိုက်သဖြင့် ရက်ပေါင်း (၈၀) ကျင်းပရန် လျာထားသည့် ရွှေစက်တော်ဘုရားပွဲတော်ကို ပွဲတော်ကျင်းပပြီး (၄၄) ရက်မြောက်ဖြစ်သည့် မတ်လ (၁၃)ရက်နေ့တွင် ရပ်ဆိုင်းလိုက်ခြင်းဖြစ်သည်။

ရွှေစက်တော်ဘုရားပွဲတော်အား စနစ်တကျ ပိတ်သိမ်းနိုင်ရေးအတွက် ရွှေစက်တော်ဘုရား သြဝါဒစရိယ ဆရာတော်ကြီးများ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးများ၊ ပွဲတော်ကျင်းပရေးကော်မတီ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ဂေါပကအဖွဲ့နှင့် လုပ်ငန်းတင်ဒါရယူထားသည့် လုပ်ငန်းရှင်များ၊ ဈေးသူဈေးသားများ မတ်လ (၁၃)ရက်နေ့တွင် ရွှေစက်တော်ဗိမာန်ဆောင် တွေ့ဆုံဆွေးနွေးကြခြင်းဖြစ်သည်။

ပွဲတော်အား သတ်မှတ်ရက် မတိုင်မီ ပိတ်သိမ်းခြင်းဖြစ်သည့်အတွက် တင်ဒါရယူလုပ်ကိုင်နေကြသူများက  တင်ဒါအောင်ထားသည့် ဈေးနှုန်း၏ (၇၅) ရာခိုင်နှုန်းကို ပြန်ပေးရန်နှင့် ၂၀၂၁ ခုနှစ်တွင် ကျင်းပမည့် ဘုရားပွဲတော်တွင်လည်း ယခုနှစ်ကြမ်းခင်းဈေးဖြင့်ပင် ပြန်လည်လုပ်ကိုင်ခွင့်ပေးရန် တောင်းဆိုထားကြသည်။

 တောင်းဆိုမှုတွေရှိသလို လိုက်လျောမှုလည်း ရှိရမှာမှန်ပါတယ်။ သို့သော်လည်း ဒီတောင်းဆိုမှုတွေကို ဘုရားကြီး ဘဏ္ဍာတော်ငွေထဲက ပြန်ပေးရမှာဖြစ်တယ်ဆိုတာကို သဘောပေါက်ကြစေလိုပါတယ်။ ဒါကြောင့် သက်ဆိုင်ရာ ပုဂ္ဂိုလ်တွေက နှစ်ဖက်နှစ်လမ်း မနစ်နာရအောင် စဉ်းစားပြီးတော့ ဆောင်ရွက်ပေးကြပါ

ဟု သြဝါဒစရိယဆရာတော် တစ်ပါးက အဆိုပါ ဆွေးနွေးပွဲတွင် မိန့်သည်။

တရုတ်နိုင်ငံမှ အစပြုသည့် ကိုရိုနာဗိုင်းရပ်စ်မှာ ကမ္ဘာ့နိုင်ငံပေါင်း (၁၀၀)ကျော်သို့ ကူးစက်ပျံ့နှံ့နေပြီဖြစ်၍ ကမ္ဘာ့ကပ်ရောဂါအဖြစ် WHO က မတ်လ (၁၁) ရက်နေ့က ကြေညာလိုက်ပြီး နိုင်ငံအသီးသီးတွင် ရောဂါတားဆီးကာကွယ်ရေး တိုးမြှင့်လုပ်ဆောင်ရန် သတိပေးထားသဖြင့် မြန်မာနိုင်ငံတွင် လူစုလူဝေးဖြင့် ပြုလုပ်သည့် အခမ်းအနားများ၊ ပွဲလမ်းသဘင်များကို တားမြစ်ရန် မတ်လ (၁၂)ရက်နေ့တွင် ကျင်းပသည့် ပြည်ထောင်စုအဆင့် အစည်းအဝေး၌ ဆုံးဖြတ်လိုက်ခြင်းဖြစ်သည်။

Tachileik News Agency
သတင်း/ဓာတ်ပုံ - ဖီးနစ်


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~