ထိုင်းရောက် မြန်မာလုပ်သားများ သင်္ကြန်ကာလနေရပ် ပြန်ပါက Re – entry ဗီဇာကင်းလွတ်ခွင့် ပေးမည်မဟုတ်သလို ပြန်လည် ဝင်ရောက်လာပါက ထိုင်းကျန်းမာရေးက (၁၄)ရက်စောင့်ကြည့်မည်

ထိုင်းရောက် မြန်မာလုပ်သားများ သင်္ကြန်ကာလနေရပ် ပြန်ပါက Re – entry ဗီဇာကင်းလွတ်ခွင့် ပေးမည်မဟုတ်သလို ပြန်လည် ဝင်ရောက်လာပါက ထိုင်းကျန်းမာရေးက (၁၄)ရက်စောင့်ကြည့်မည်
မတ် 19, 2020
By Tachileik News Agency

ထိုင်းရောက် မြန်မာလုပ်သားများ သင်္ကြန်ကာလနေရပ် ပြန်ပါက Re – entry ဗီဇာကင်းလွတ်ခွင့် ပေးမည်မဟုတ်သလို ပြန်လည် ဝင်ရောက်လာပါက ထိုင်းကျန်းမာရေးက (၁၄)ရက်စောင့်ကြည့်မည် 

ထိုင်းနိုင်ငံရောက် မြန်မာလုပ်သားများ ဧပြီလ သင်္ကြန်ပိတ်ရက် နေရပ်မပြန်ရန် ထိုင်းနိုင်ငံအစိုးရမှတစ်ဆင့် အသိပေးနိုင်ရန် နှစ်နိုင်ငံ ညှိနှိုင်း သဘောတူညီထားပြီး နေရပ်ပြန်မည့် မြန်မာအပါအဝင် ရွှေ့ပြောင်း လုပ်သားများအား Re – entry ဗီဇာကင်းလွတ်ခွင့် ပေးတော့မည် မဟုတ်ကြောင်း သိရသည်။

ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့နေသည့် အခြေအနေကြောင့် မြန်မာနိုင်ငံတွင် သင်္ကြန်ပွဲတော်များ ကျင်းပခြင်းကို တားမြစ်ထားပြီး ထိုင်းနိုင်ငံကလည်း သင်္ကြန်ကို ဧပြီလတွင် မကျင်းပတော့ဘဲ ရွှေ့ဆိုင်းထားခြင်းဖြစ်သည်။

မြန်မာလုပ်သားများအနေဖြင့် နေရပ်ပြန်ပြီး ထိုင်းနိုင်ငံတွင်း ပြန်လည်ဝင်ရောက်လာပါက (၁၄)ရက်ကြာ သီးခြားခွဲ၍ စောင့်ကြည့်ခံရနိုင်ခြင်းလည်းရှိနိုင်ကြောင်း သိရပြီး သင်္ကြန်ကာလအတွင်း နေရပ်ပြန်မည့် ထိုင်းနိုင်ငံရောက် မြန်မာများအနေဖြင့် ထိုင်းနိုင်ငံအတွင်း ပြန်လည်ဝင်ရောက်ချိန်တွင် ထိုင်းကူးစက်ရောဂါထိန်းချုပ်ရေး ညွှန်ကြားချက်များကို လိုက်နာဆောင်ရွက်ကြရမည်ကို သတိပြုကြရန် မြန်မာတာဝန်ရှိသူများက မြန်မာလုပ်သားများအား အကြံပြုတိုက်တွန်းထားသည်။

ထိုင်းနိုင်ငံတွင်း ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရမှုများနေသဖြင့် လာအိုနိုင်ငံနှင့်နယ်စပ် ဂိတ်ကိုပိတ်ခြင်း၊ ဘူရီယန်မြို့ကို အဝင်အထွက် ကန့်သတ်ခြင်း၊ မြန်မာနယ်စပ်ဘက်မှ ဝင်လာမည့် တရုတ်နိုင်ငံသားများကိုလည်း ဝင်ခွင့်ပိတ်ခြင်းအပြင် ထိုင်းနိုင်ငံတွင်း ဝင်လာသူများကို ထိုင်းနိုင်ငံနှင့် အိမ်နီးချင်း မလေးရှားတွင်လည်း ရောဂါဖြစ်ပွားမှုများနေသည့် နိုင်ငံတွင်း အဝင်အထွက်များကို ပိတ်ထားခြင်းဖြစ်သည်။

ထိုင်းနိုင်ငံတွင် မတ်လ (၁၉)ရက်နေ့အထိ  ကိုရိုနာဗိုင်းရပ်စ်အတည်ပြုလူနာ (၂၁၂)ဦးအထိ တိုးလာနေပြီး ထိုင်းနိုင်ငံ၏ အိမ်နီးချင်း မလေးရှားနိုင်ငံတွင်လည်း ကိုရိုနာကူးစက်ခံရသူများလာသဖြင့် နိုင်ငံအတွင်း အဝင်အထွက်များကို မတ်လ (၁၈)ရက်နေ့ကစ၍ နှစ်ပတ်ကြာ ပိတ်လိုက်ပြီဖြစ်သည်။

Tachileik News Agency
Source: Bangkok Post


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~