မိုင်းဖြတ်မြို့နယ်အတွင်း နေအိမ်(၁၈)လုံး မီးလောင်မှုဖြစ်ပွား၍ မီးဘေးသင့် အိမ်ထောင်စု (၁၈)စုအတွက် သက်ဆိုင်ရာက ထောက်ပံ့ငွေ နှင့်အတူ ကယ်ဆယ်ရေးပစ္စည်းများ ပေးအပ်

မိုင်းဖြတ်မြို့နယ်အတွင်း နေအိမ်(၁၈)လုံး မီးလောင်မှုဖြစ်ပွား၍ မီးဘေးသင့် အိမ်ထောင်စု (၁၈)စုအတွက် သက်ဆိုင်ရာက ထောက်ပံ့ငွေ နှင့်အတူ ကယ်ဆယ်ရေးပစ္စည်းများ ပေးအပ်
မတ် 26, 2020
By Tachileik News Agency
မိုင်းဖြတ်မြို့နယ်အတွင်း နေအိမ်(၁၈)လုံး မီးလောင်မှုဖြစ်ပွား၍ မီးဘေးသင့် အိမ်ထောင်စု (၁၈)စုအတွက် သက်ဆိုင်ရာက ထောက်ပံ့ငွေ နှင့်အတူ ကယ်ဆယ်ရေးပစ္စည်းများ ပေးအပ်

တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်အတွင်း မက်မွန်ကျယ်(အောက်)ရွာတွင် မတ်လ(၂၅)ရက်နေ့က ဖြစ်ပွားခဲ့သည့် မီးလောင်မှုကြောင့် မီးဘေးသင့် အိမ်ထောင်စုများအား ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန ထောက်ပံ့ငွေနှင့် ကယ်ဆယ်ရေးပစ္စည်းများအား မတ်လ(၂၆)ရက်နေ့ ညနေပိုင်းက ထောက်ပံ့ပေးအပ်ခဲ့ကြကြောင်း သိရသည်။

ထောက်ပံ့ပေးအပ်ရာတွင် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ မိုင်းဖြတ်မြို့နယ်ဦးစီးမှူး ဦးရာဇာဝင်းထွန်းနှင့် ဝန်ထမ်းများ အပါအဝင် နမ့်ယွန်းကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး ဦးဒံယေလှ နှင့် တာဝန်ရှိသူများကကျေးရွာအရောက် သွားရောက်ကြပြီး မီးဘေးသင့် အိမ်ထောင်စု (၁၈)စုထဲက သွပ်မိုး ပျဉ်ကာ နေအိမ်(၁၀)လုံးအတွက်  တစ်အိမ်လျှင် ကျပ်(၂)သိန်းနှုန်းဖြင့် စုစုပေါင်း ကျပ်သိန်း(၂၀)ထောက်ပံ့ပေးအပ်သည်။

ကျန်ရှိသည့် သက်ကယ်မိုး ဝါးထရံကာ နေအိမ်(၈)လုံးအတွက် တစ်အိမ်လျှင် ကျပ်(၁)သိန်းနှုန်းဖြင့် စုစုပေါင်းကျပ်(၈)သိန်းကို လည်းကောင်း ၊ မိသားစု အသုံးအဆာင်ပစ္စည်း (၂၂)မျိုးပါသည့် ကယ်ဆယ်ရေးပစ္စည်း (၁၈)ပုံး နှင့် မီးဘေးသင့် မိသားစု(၉၀)ကျော်အတွက် (၇)ရက်စာ ဆန်ရိက္ခာဖိုး စုစုပေါင်း (၂၀၅,၈၀၀)ကျပ်ကိုလက်ဝယ် အရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း နှင့်  နမ့်ယွန်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူ ဦးဒံယေလှက ဟင်းချိုမှုန့် အိတ်ကြီး တစ်အိတ်ကို ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

မီးလောင်မှု ဖြစ်ပွားသည့် ဖြစ်စဉ်မှာ မိုင်းဖြတ်မြို့နယ်၊ နမ့်ယွန်းကျေးရွာအုပ်စု၊ မက်မွန်ကျယ်(အောက်) ကျေးရွာတွင် မတ်လ(၂၅)ရက်နေ့က တောမီး၏ မီးပွားမှ တဆင့်နေအိမ်ပေါ်သို့ ကျရောက်ကာ မီးလောင်မှုဖြစ်ပွားရာမှ နေအိမ်(၁၈)လုံးအထိ မီးလောင်ပြာကျသွားသည့်အပြင် စပါး(၃၂၅)အိတ်၊ လက်တွန်းထွန်စက် (၁)စီး၊ ဆိုင်ကယ်(၂)စီးပါ မီးလောင်ဆုံးရှုံးသွားသည့်အတွက်  ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနက ပေးအပ်ထောက်ပံ့ခြင်း ဖြစ်သည်။

Tachileik News Agency
သတင်း/ဓါတ်ပုံ - ရွှေကို(မိုင်းဖြတ်)


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~