တာချီလိတ် - မယ်ဆိုင် အကြား ချစ်ကြည်ရေးတံတား (၁)တွင် မတ်လ (၂၅)ရက်နေ့၌ ပြန်လာသူများရှိပါက စိစစ်တင်ပြပြီး ခွင့်ပြုချက်ရမှ တာချီလိတ်ဘက် ဝင်ခွင့်ပြုမည်

တာချီလိတ် - မယ်ဆိုင် အကြား ချစ်ကြည်ရေးတံတား (၁)တွင် မတ်လ (၂၅)ရက်နေ့၌ ပြန်လာသူများရှိပါက စိစစ်တင်ပြပြီး ခွင့်ပြုချက်ရမှ တာချီလိတ်ဘက် ဝင်ခွင့်ပြုမည်
မတ် 24, 2020
By Tachileik News Agency
တာချီလိတ် - မယ်ဆိုင် အကြား ချစ်ကြည်ရေးတံတား (၁)တွင် မတ်လ (၂၅)ရက်နေ့၌ ပြန်လာသူများရှိပါက စိစစ်တင်ပြပြီး ခွင့်ပြုချက်ရမှ တာချီလိတ်ဘက် ဝင်ခွင့်ပြုမည်

တာချီလိတ် - မယ်ဆိုင်အကြားရှိ နှစ်နိုင်ငံချစ်ကြည်ရေး တံတား(၁)တွင် ၂၀၂၀ ခုနှစ်၊ မတ်လ(၂၅)ရက်နေ့ ညနေ(၅)နာရီအထိ နေရပ်ပြန်လာသည့် ထိုင်းနိုင်ငံရောက် တရားဝင်မြန်မာအလုပ်သမားများအား တာချီလိတ်ဘက်သို့ ဝင်ခွင့်ပေးရန် နှစ်နိုင်ငံ ညှိနှိုင်းထားသော်လည်း မတ်လ(၂၄)ရက်နေ့ ညနေပိုင်းတွင် ရုတ်တရက် ပြောင်းလဲလိုက်သည့် အစီအစဉ်အရ နေရပ်ပြန်လာသူများကို စိစစ်ပြီး အထက်သို့တင်ပြခွင့်ပြုချက်ယူပြီးမှ လက်ခံနိုင်တော့မည်ဖြစ်ကြောင်း သိရသည်။

"မနက်ဖြန်ကိုတော့ သူတို့ဘက်က ဘယ်လောက်လာမယ်ဆို ပြောပေးရမှာပေါ့။ ပြောပေးတဲ့အခါမှ အပေါ်တင်ပြီးတော့ ခွင့်ပြုချက်တောင်းရမှာပေါ့။ အဲဒီမှာ ရောဂါဖြစ်တဲ့လူလား မဖြစ်တဲ့လူလား ဘယ်ပြန်မှာတုန်း ဘာညာတင်ပြပြီး လက်ခံမှ ဝင်ရမှာပေါ့နော်"ဟု တာချီလိတ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးမြင့်နိုင်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

မတ်လ(၂၄)ရက်နေ့ နေ့လည်ပိုင်းအထိ နှစ်ဖက်ညှိနှိုင်းထားချက်အရ မတ်လ(၂၅)ရက်နေ့ ညနေ(၅)နာရီအထိ တရားဝင်း မြန်မာအလုပ်သမားများ ပြန်လည်ဝင်ရောက်လာခွင့်ကို သဘောတူညီထားသော်လည်း COVID-19 အခြေအနေ ကြောင့် ပိုမို စိစစ်မှုများကို လုပ်ဆောင်မည်ဖြစ်သည့်အတွက် တာချီလိတ်ဘက်သို့ ဝင်ရောက်လာလိုသူများအနေဖြင့် မယ်ဆိုင်ဘက် တံတား(၁)ရှိ မယ်ဆိုင်လဝက သို့ဖြစ်စေ၊ မယ်ဆိုင်လဝက ရုံးသို့ ဖြစ်စေ မေးမြန်းစုံစမ်းရမည်ဖြစ်ကြောင်း သိရသည်။

Tachileik News Agency


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~