ကျောက်မဲပြည်သူ့ဆေးရုံတွင် ထိုင်းနိုင်ငံမှ နေရပ်ပြန်တစ်ဦး ကိုရိုနာဗိုင်းရပ်စ် စောင့်ကြည့်လူနာအဖြစ် ထပ်တိုးရောက်ရှိ

ကျောက်မဲပြည်သူ့ဆေးရုံတွင် ထိုင်းနိုင်ငံမှ နေရပ်ပြန်တစ်ဦး ကိုရိုနာဗိုင်းရပ်စ် စောင့်ကြည့်လူနာအဖြစ် ထပ်တိုးရောက်ရှိ
မတ် 30, 2020
By 🌸
ကျောက်မဲပြည်သူ့ဆေးရုံတွင် ထိုင်းနိုင်ငံမှ နေရပ်ပြန်တစ်ဦး ကိုရိုနာဗိုင်းရပ်စ် စောင့်ကြည့်လူနာအဖြစ် ထပ်တိုးရောက်ရှိ

ရှမ်းပြည်နယ်( မြောက်ပိုင်း ) ကျောက်မဲမြို့တွင် ထိုင်းနိုင်ငံမှ နေရပ်ပြန်အမျိုးသမီးတစ်ဦးကို ၂၀၂၀ ခုနှစ်၊ မတ်လ (၂၉) ရက်နေ့ညက Covid-19 သံသယစောင့်ကြည့်လူနာအဖြစ် သတ်မှတ်လိုက်သဖြင့် ကျောက်မဲပြည်သူ့ဆေးရုံတွင် စောင့်ကြည့်လူနာ (၃)ဦးရှိနေပြီဖြစ်သည်။

ကျောက်မဲမြို့ မိုင်းတင်းကျေးရွာမှ အသက် (၄၂) နှစ်အရွယ် အမျိုးသမီးတစ်ဦးသည် လေဖြတ်သည့် လက္ခဏာဖြင့် ခရိုင်ပြည်သူ့ ဆေးရုံ အရေးပေါ်ဌာနသို့ရောက်ရှိ လာခြင်းဖြစ်ပြီး စစ်ဆေးကြည့်ရာ အဆုတ်ကြပ်သည့် လက္ခဏာ တွေ့ရှိရသဖြင့် သံသယစောင့်ကြည့်လူနာအဖြစ်  သတ်မှတ်လိုက်ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါအမျိုးသမီးသည် ၂၀၂၀ ခုနှစ်၊ မတ်လ (၁၃) ရက်နေ့တွင် ထိုင်းနိုင်ငံမှ ပြန်လာပြီး မတ်လ (၁၄) ရက်နေ့တွင် ကျောက်မဲမြို့ မိုင်းတင်းကျေးရွာသို့ ပြန်ရောက်ခဲ့ပြီး နေအိမ်တွင်နေထိုင်စဉ် လေဖြတ်သည့်လက္ခဏာများဖြစ်လာ၍ ဆေးရုံသို့ ပို့ဆောင်ခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။

ကျောက်မဲပြည်သူ့ဆေးရုံတွင် ပထမဆုံး ကိုရိုနာဗိုင်းရပ်စ်စောင့်ကြည့်လူနာအဖြစ် မတ်လ (၂၈) ရက်နေ့ညပိုင်းက နမ့်လန်မြို့၌ ကိုယ်ပူချိန်မြင့်ပြီး မူးလဲသည့် အသက် (၄၂) နှစ်အရွယ် အမျိုးသား (၁)ဦး၊ ဒုတိယမြောက်စောင့်ကြည့်လူနာအဖြစ် မတ်လ (၂၉) ရက်နေ့က  ခိုမုန်းကျေးရွာအုပ်စု၊ နမ့်ဟူးကျေးရွာမှ အသက် (၂၄) နှစ်အရွယ် အမျိုးသားတစ်ဦးတို့ရှိနေခြင်းဖြစ်ပြီး ဓါတ်ခွဲအဖြေ စောင့်ဆိုင်းနေကြဆဲဖြစ်သည်။

Tachileik News Agency
သတင်း- နေဖြိုးမြင့်


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~