ထိုင်းနိုင်ငံအတွင်း အကြောင်းအမျိုးမျိုးကြောင့် ဖမ်းဆီးခံရသည့် မြန်မာနိုင်ငံသား (၁၅)ဦးကို တာချီလိတ်သို့ လွှဲပြောင်းပေးလာ

ထိုင်းနိုင်ငံအတွင်း အကြောင်းအမျိုးမျိုးကြောင့် ဖမ်းဆီးခံရသည့် မြန်မာနိုင်ငံသား (၁၅)ဦးကို တာချီလိတ်သို့ လွှဲပြောင်းပေးလာ
ဇန်နဝါရီ 20, 2020
By Tachileik News Agency

ထိုင်းနိုင်ငံအတွင်း အကြောင်းအမျိုးမျိုးကြောင့် ဖမ်းဆီးခံရသည့်  မြန်မာနိုင်ငံသား (၁၅)ဦးကို တာချီလိတ်သို့ လွှဲပြောင်းပေးလာ

ထိုင်းနိုင်ငံအတွင်း အကြောင်းအမျိုးမျိုးကြောင့် ဖမ်းခံရသည့် မြန်မာနိုင်ငံသားများအား အရေးယူပြီးနောက် ပြန်လည်လွှဲပြောင်းလာလေ့ရှိရာ ကလေးငယ် အပါအဝင် စုစုပေါင်း (၁၅)ဦးအား တာချီလိတ်သို့ ဇန်နဝါရီလ (၂၀)ရက်နေ့တွင် လွှဲပြောင်းပေးလာသည်။

မယ်ဆိုင်လူဝင်မှုကြီးကြပ်ရေးဦးစီးဌာနမှ လဝကအရာရှိ Channarong Phumipol ဦးစီးသည့်အဖွဲ့က လာရောက်လွှဲပြောင်းပေးရာ တာချီလိတ်မှ လူဝင်မှုကြီးကြပ်ရေးဦးစီးဌာနမှ ဒုလဝကမှူး ခင်လင်း ဦးစီးသည့်အဖွဲ့၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ လူကုန်တားအဖွဲ့နှင့် CNCMC အဖွဲ့တို့က စိစစ်လက်ခံခဲ့ခြင်းဖြစ်သည်။

လွှဲပြောင်းပေးလာရာတွင် အမျိုးသား (၁၀)ဦး နှင့် အမျိုးသမီး (၂)ဦး အပြင် ကလေးငယ် (၃)ဦး ပါဝင်ရာ  မွန်ပြည်နယ်မှ (၃)ဦး၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း)မှ (၂)ဦး၊ ရှမ်းပြည်နယ်(တောင်ပိုင်း)မှ (၆)ဦး နှင့် မန္တလေးတိုင်းဒေသကြီးမှ (၁)ဦး ပါဝင်ကြောင်း သိရသည်။

ထိုင်းဘက်က လာရောက်လွှဲပြောင်းပေးလာသူများတွင်  မြန်မာနိုင်ငံသား မဟုတ်ဘဲ အခြားနိုင်ငံသားများ ပါဝင်လာခြင်း ရှိ မရှိကို စိစစ်ပြီးမှ လက်ခံကြောင်း သိရသည်။

Tachileik News Agency
ဓါတ်ပုံ - ကျော်ဇင်ဟိန်း
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~