မိုင်းဆတ်မြို့ရှိ အထက ကျောင်းအတွင်း မပေါက်ကွဲသေးသည့် မိုင်းတစ်လုံး တွေ့ရှိ

မိုင်းဆတ်မြို့ရှိ အထက ကျောင်းအတွင်း မပေါက်ကွဲသေးသည့် မိုင်းတစ်လုံး တွေ့ရှိ
ဇွန် 7, 2021 | ရှမ်းရှေ့

ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်ခရိုင်၊ မိုင်းဆတ်မြို့တွင် နိုင်ငံ့အာဏာသိမ်းခံရပြီးနောက်  ပထမဆုံးအကြိမ်အဖြစ် အခြေခံပညာအထက်တန်းကျောင်း(မိုင်းဆတ်)တွင် မပေါက်ကွဲသေးသည့် လက်လုပ်မိုင်းတစ်လုံး တွေ့ရှိကြောင်း သိရသည်။ 

ယနေ့ ၂၀၂၁ခုနှစ် ဇွန်လ(၇)ရက်နေ့ နံနက်(၈)နာရီခွဲဝန်းကျင်အချိန်က အထက(မိုင်းဆတ်)ကျောင်းအတွင်းရှိ ချင်းတွင်းဆောင်နှင့် သံလွင်ဆောင်ကြားတွင် ပလပ်စတစ်ဗူးဖြင့် ပြုလုပ်ထားပြီး စနက်တံမီးလောင်ကျွမ်းထားသည့် မပေါက်ကွဲသေးသည့် မိုင်းကို တွေ့ရှိရခြင်း ဖြစ်ကြောင်း သိရသည်။

အဆိုပါ မိုင်းနှင့်ပတ်သက်၍ နယ်မြေခံ BE တပ်က လာရောက်ရှင်းလင်းပြီး သိမ်းဆည်းသွားကြောင်း နှင့် လက်လုပ်မိုင်းပြုလုပ်သူကို ဖမ်းဆီးရမိရေး စုံစမ်းနေကြောင်း သိရသည်။

မိုင်းဆတ်မြို့တွင် နိုင်ငံ့အာဏာသိမ်းခံထားရပြီးကာလအတွင်း ယခုလို မိုင်းတွေ့ရှိခြင်းမျာ ပထမဆုံးဖြစ်ကြောင်း သိရသည်။

မိုင်းဆတ်မြို့ရှိ အချို့စာသင်ကျောင်းများ၌ နေ့ပိုင်းများတွင် ရပ်ကွက်နှင့်ကျေးရွာများမှ တစ်အိမ်တစ်ယောက် အလှည့်ကျစနစ်ဖြင့် နေအိမ်မှ ထမင်းဟင်းထုတ်လာပြီး ကင်းစောင့်ပေးနေရပြီး၊ ကင်းလာမစောင့်နိုင်ပါက အငှားကင်းစောင့်ရန် ငွေကြေးပေးရသည်ဟုလည်း ဒေသခံများထံက သိရသည်။