တာချီလိတ်၌ ကျင်းပနေသည့် လားဟူတိုင်းရင်းသားရိုးရာ နှစ်သစ်ကူးပွဲတော်တွင် ရိုးရာပြခန်းများ ပြသထားပြီး ရိုးရာအသုံးအဆောင် အဝတ်အထည်များ ရောင်းချပေးနေ

တာချီလိတ်၌ ကျင်းပနေသည့် လားဟူတိုင်းရင်းသားရိုးရာ နှစ်သစ်ကူးပွဲတော်တွင် ရိုးရာပြခန်းများ ပြသထားပြီး ရိုးရာအသုံးအဆောင် အဝတ်အထည်များ ရောင်းချပေးနေ
ဇန်နဝါရီ 28, 2020
By Tachileik News Agency

တာချီလိတ်၌ ကျင်းပနေသည့် လားဟူတိုင်းရင်းသားရိုးရာ နှစ်သစ်ကူးပွဲတော်တွင် ရိုးရာပြခန်းများ ပြသထားပြီး ရိုးရာအသုံးအဆောင် အဝတ်အထည်များ ရောင်းချပေးနေ

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့ရှိ ရှမ်းရိုးမကွင်းအတွင်း၌ ၂၀၂၀ ခုနှစ်၊ ဇန်နဝါရီလ (၂၈)ရက်နေ့မှ စ၍ ကျင်းပနေသည့် (၁၇) ကြိမ်မြောက် လားဟူတိုင်းရင်းသားရိုးရာ စုပေါင်းနှစ်သစ်ကူးပွဲတော်တွင် လားဟူတိုင်းရင်းသားရိုးရာ အဝတ်အထည်များ နှင့် ရိုးရာအသုံးအဆောင်များ ရောင်းချပေးနေလျက်ရှိသည်။

ပွဲခင်းအတွင်း၌ လားဟူတိုင်းရင်းသားရိုးရာ အိမ်များ နှင့် ပြခန်းများကိုလည်း ပြသထားရှိသည်။

 (၁၇) ကြိမ်မြောက် လားဟူတိုင်းရင်းသားရိုးရာ စုပေါင်းနှစ်သစ်ကူးပွဲတော်တွင် ကံစမ်းမဲ အစီအစဉ်များ၊ လားဟူရိုးရာ မြေဝိုင်းအက၊ ရိုးရာဂျင်ပေါက်ပြိုင်ပွဲနှင့် ဂုံညှင်းဒိုးပစ်ပြိုင်ပွဲစသည့် ရိုးရာအားကစားနည်းများလည်း ပါဝင်မည်ဖြစ်ပြီး ပျော်ပွဲရွှင်ပွဲများကို နံနက်ပိုင်းက စ၍ ကျင်းပနေကြောင်း သိရသည်။

လားဟူတိုင်းရင်းသားရိုးရာ စုပေါင်းနှစ်သစ်ကူးပွဲတော်တွင် လားဟူရိုးရာအဆိုတော်များအပြင် Myanmar Idol Season-4 မှ အက်စ်တာ၊ တန်ခွန်ကျော်၊ မူးလာ၊ နော်စေးစေးထူးနှင့် တရုတ်နိုင်ငံမှ လားဟူရိုးရာ အဆို၊ အကအဖွဲ့များမှလည်း လာရောက်ဖျော်ဖြေမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ ပွဲတော်အား ၂၀၂၀ခုနှစ် ဇန်နဝါရီလ(၂၈)ရက်နေ့က စတင်ကာ ဇန်နဝါရီလ(၃၀)ရက်နေ့အထိ ရှမ်းရိုးမကွင်းအတွင်း ကျင်းပပြုလုပ်သွားမည်ဖြစ်သည်။

Tachileik News Agency
ဓါတ်ပုံ - ကျော်ဇင်ဟိန်း

Tachileik News Agency

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~