သမ္မတ အရည်အချင်း သတ်မှတ်ချက်နှင့် တပ်မတော် အခန်းကဏ္ဍများ ပါဝင်သည့် ဖွဲ့စည်းပုံ အခြေခံဥပဒေပါ ပုဒ်မ၊ ပုဒ်မခွဲများ ပြင်ဆင်ရန် ရှုံးနိမ့်

သမ္မတ အရည်အချင်း သတ်မှတ်ချက်နှင့် တပ်မတော် အခန်းကဏ္ဍများ ပါဝင်သည့် ဖွဲ့စည်းပုံ အခြေခံဥပဒေပါ ပုဒ်မ၊ ပုဒ်မခွဲများ ပြင်ဆင်ရန် ရှုံးနိမ့်
မတ် 11, 2020
By Tachileik News Agency
သမ္မတ အရည်အချင်း သတ်မှတ်ချက်နှင့် တပ်မတော် အခန်းကဏ္ဍများ ပါဝင်သည့် ဖွဲ့စည်းပုံ အခြေခံဥပဒေပါ ပုဒ်မ၊ ပုဒ်မခွဲများ ပြင်ဆင်ရန် ရှုံးနိမ့်

ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ (၄၃၆)ပါ နိုင်ငံတော်သမ္မတ၊ ဒုတိယသမ္မတများ၏ အရည်အချင်း သတ်မှတ်ချက်များနှင့် တပ်မတော်အခန်းကဏ္ဍများပါဝင်သည့် ပုဒ်မ၊ ပုဒ်မခွဲများအား ၂၀၂၀ ခုနှစ်၊ မတ်လ (၁၁) ရက်နေ့က ပြည်ထောင်စုလွှတ်တော်တွင် မဲခွဲဆုံးဖြတ်ရာ ရှုံးနိမ့်သွားသည်။

နိုင်ငံတော်သမ္မတနှင့် ဒုတိယသမ္မတများ၏ အရည်အချင်းသတ်မှတ်ချက်များဖြစ်သည့် ပုဒ်မ ၅၉၊ ပုဒ်မခွဲ (ဂ) ပြင်ဆင်မှုတွင် ဦးစိုင်းသန်းနိုင် တင်သွင်းသည့် ပြင်ဆင်ချက်အတွက် ထောက်ခံဆန္ဒမဲ (၂၁၄) မဲ၊ ဦးထွန်းအောင်(ခ) ဦးထွန်းထွန်းဟိန် ပြင်ဆင်ချက်အတွက် ထောက်ခံဆန္ဒမဲ (၄၁၅) မဲ၊ ပုဒ်မ ၅၉၊ ပုဒ်မခွဲ (ဃ) ပြင်ဆင်မှုအတွက် ထောက်ခံဆန္ဒမဲ (၄၁၅) မဲ၊ ပုဒ်မ ၅၉၊ ပုဒ်မခွဲ (စ) ပယ်ဖျက်မှုအတွက် ထောက်ခံဆန္ဒမဲ (၃၉၃) မဲတို့ ရရှိသော်လည်း ထောက်ခံဆန္ဒမဲ (၇၅) ရာခိုင်နှုန်း မကျော်သဖြင့် ပြင်ဆင်နိုင်ခြင်း မရှိခြင်းဖြစ်ကြောင်း သိရသည်။

တပ်မတော်၏ အခန်းကဏ္ဍများ ပါဝင်သည့် ပုဒ်မ ၁၀၉၊ ပုဒ်မခွဲ (ခ) ပြင်ဆင်မှုအတွက် ထောက်ခံဆန္ဒမဲ (၄၁၂) မဲ၊ ပုဒ်မ ၁၄၁၊ ပုဒ်မခွဲ (ခ) ပြင်ဆင်မှုအတွက် ထောက်ခံဆန္ဒမဲ (၄၁၂) မဲ၊ ပုဒ်မ ၁၆၁၊ ပုဒ်မခွဲ (ဃ) ပြင်ဆင်မှုအတွက် ထောက်ခံဆန္ဒမဲ (၄၁၄) မဲ ရရှိခဲ့ပြီး အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ ဖွဲ့စည်းခြင်းနှင့် ပတ်သက်သည့် ပုဒ်မ ၂၀၁ အစုခေါင်းစဉ် ပြင်ဆင်မှုအတွက် ထောက်ခံဆန္ဒမဲ (၂၁၃) မဲ၊ ပုဒ်မ ၂၀၁၊ ပုဒ်မခွဲ (ဆ)- ၁ အသစ်ဖြည့်စွက်မှုအတွက် ထောက်ခံဆန္ဒမဲ (၄၁၁) မဲ၊ ပုဒ်မ ၂၀၁၊ ပုဒ်မခွဲ (ဆ)-၂ အသစ်ဖြည့်စွက်မှုအတွက် ထောက်ခံဆန္ဒမဲ (၄၁၁) မဲ၊ ပုဒ်မ ၂၀၁၊ ပုဒ်မခွဲ (ဋ) ပယ်ဖျက်မှုအတွက် ထောက်ခံဆန္ဒမဲ (၄၀၉) မဲ၊ ပုဒ်မ ၂၀၁-က အသစ်ဖြည့်စွက်မှုအတွက် ထောက်ခံဆန္ဒမဲ (၂၁၆) မဲတို့ အသီးသီးရရှိခဲ့ပြီး ထောက်ခံဆန္ဒမဲ (၇၅) ရာခိုင်နှုန်း မကျော်သည့်အတွက် ပြင်ဆင်နိုင်ခြင်း မရှိခဲ့ခြင်းဖြစ်သည်။

အလားတူ ပုဒ်မ ၂၄၈၊ ပုဒ်မခွဲ (ဂ) ဖြည့်စွက်ပြင်ဆင်မှုအတွက် ထောက်ခံဆန္ဒမဲ (၂၂၆) မဲ၊ ပုဒ်မ ၂၉၄ ပြင်ဆင်မှုအတွက် ထောက်ခံဆန္ဒမဲ (၄၁၃) မဲ၊ ပုဒ်မ ၄၁၀ ပြင်ဆင်မှုအတွက် ထောက်ခံဆန္ဒမဲ (၄၀၈) မဲ၊ ပုဒ်မ ၄၁၁၊ ပုဒ်မခွဲ (ခ) နောက်တွင် ပုဒ်မခွဲ (ဂ) အသစ်ဖြည့်စွက်မှုအတွက် ထောက်ခံဆန္ဒမဲ (၄၁၀) မဲတို့သာ ရရှိသဖြင့် ထောက်ခံဆန္ဒမဲ (၇၅) ရာခိုင်နှုန်း ကျော်လွန်ခြင်းမရှိသည့်အတွက် ပြင်ဆင်နိုင်ခြင်းမရှိခဲ့ခြင်းဖြစ်သည်။
အခြေခံဥပဒေ ပြင်ဆင်ရေးအတွက် ၂၀၂၀ ခုနှစ် မတ်လ (၁၁) ရက်နေ့တွင်ကျင်းပသည့် ဒုတိယအကြိမ်ပြည်ထောင်စုလွှတ်တော် ပုံမှန်အစည်းအဝေးသို့ လွှတ်တော်ကိုယ်စားလှယ် (၆၃၅) ဦးတက်ရောက်ခဲ့ပြီး ရွေးကောက်ခံလွှတ်တော်ကိုယ်စားလှယ် ခွင့်တိုင်ကြားသူ (၁၉) ဦးရှိခဲ့ကြောင်း သိရသည်။

ဖွဲ့စည်းပုံအခြေခံဥပဒေကို ဒုတိယအကြိမ်ပြင်ဆင်သည့် ဥပဒေမူကြမ်းများပါ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ (၄၃၆) ပုဒ်မခွဲ (က) တွင် အကျုံးဝင်သည့် ပုဒ်မ၊ ပုဒ်မခွဲ (၁၄) ခုကိုစုစည်းထားသည့် ဆန္ဒမဲလက်မှတ် (၃) နှင့်စပ်လျဉ်း၍ လွှတ်တော်အဆုံးအဖြတ်ရယူမှုကို ပြည်ထောင်စုလွှတ်တော်တွင် မတ်လ (၁၂)ရက်နေ့၌ ဆက်လက်လုပ်ဆောင်မည်ဖြစ်သည်။

Tachileik News Agency

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~