မိုင်းဆတ်မြို့အဝင်ဂိတ်တွင် COVID-19 ကာကွယ်ရေးအတွက် စစ်ဆေးမှုများ ဆောင်ရွက်စဉ် သံသယဖြစ်ဖွယ်လူနာ မတွေ့သေး

မိုင်းဆတ်မြို့အဝင်ဂိတ်တွင် COVID-19 ကာကွယ်ရေးအတွက် စစ်ဆေးမှုများ ဆောင်ရွက်စဉ် သံသယဖြစ်ဖွယ်လူနာ မတွေ့သေး
မတ် 21, 2020
By Tachileik News Agency
မိုင်းဆတ်မြို့အဝင်ဂိတ်တွင် COVID-19  ကာကွယ်ရေးအတွက် စစ်ဆေးမှုများ ဆောင်ရွက်စဉ် သံသယဖြစ်ဖွယ်လူနာ မတွေ့သေး

မိုင်းဆတ်မြို့နယ်အတွင်း ကိုရိုနာဗိုင်းရပ်စ် ကြိုတင်ကာကွယ်ရေးအတွက် တာချီလိတ် - မိုင်းဆတ် လမ်းပေါ်ရှိ မိုင်းဆတ်မြို့ဝင်ဂိတ်တွင် ပူးပေါင်း အဖွဲ့ဖြင့် စစ်ဆေးမှုများ ဆောင်ရွက်ရာ မတ်လ(၂၀)ရက်နေ့အထိ သံသယဖြစ်ဖွယ် လူနာမတွေ့ရှိရသေးကြောင်း သိရသည်။

တာချီလိတ် နှင့် မိုင်းဆတ်လမ်းပေါ်ရှိ မိုင်းဆတ်မြို့ဝင် ဆိုက်ခေါင်စစ်ဆေးရေးဂိတ်တွင် မတ်လ(၂၀)ရက်နေ့က စစ်ဆေးမှုများကို COVID-19 ကိုရိုနာဗိုင်းရပ်စ် စောင့်ကြည့်စစ်ဆေးကုသရေးကော်မတီဉက္ကဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးငြိမ်းထွေး အပါအဝင် ကျန်းမာရေး၊ လဝက၊ မွေး/ကု၊ စည်ပင်၊ မီးသတ် နှင့်  နှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနတို့မှ တာဝန်ရှိသူများ ပါဝင်သည့် ပူးပေါင်းအဖွဲ့က စစ်ဆေးခဲ့ကြခြင်း ဖြစ်သည်။

စစ်ဆေးမှုများပြုလုပ်ရာတွင် တာချီလိတ်မြို့ဘက်မှ မိုင်းဆတ်မြို့သို့ ဝင်ရောက်လာသည့် ခရီးသည်ယာဉ် များ၊ အခြားယာဉ်များနှင့် ဆိုင်ကယ်များဖြင့် ဝင်ရောက်လာသည့် ခရီးသည်များနှင့် ဖြတ်သန်းသွားလာသည့် ခရီးသည်(၂၆၀)ဦးတို့အား ကိုယ်အပူချိန်တိုင်းတာရေးစက် နှင့် အပူနွေးတိုင်းတာရေးစက်တို့ဖြင့် တိုင်းတာစစ် ဆေးရာ သံသယဖြစ်ဖွယ်လူနာတွေ့ရှိခြင်းမရှိကြောင်း သိရသည်။

မိုင်းဆတ်မြို့တွင် ကိုရိုနာဗိုင်းရပ်စ်နှင့် ပတ်သက်၍ သံသယလူနာတွေ့ရှိပါက စောင့်ကြည့်စစ်ဆေး ကုသနိုင်ရေးအတွက် ပြည်သူ့ဆေးရုံတွင် သီးသန့်ခန်းကြိုတင်ပြင်ဆင် ဆောင်ရွက်ထားရှိကြောင်း သိရသည်။

ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ရေးအတွက်  မိုင်းဆတ်မြို့အဝင် ဂိတ်တွင် ၂၀၂၀ခုနှစ် မတ်လ(၆)ရက်နေ့က ပထမဆုံးအကြိမ် စတင်၍ စစ်ဆေးခြင်း ဖြစ်ကြောင်း သိရသည်။

Tachileik News Agency
သတင်း/ဓါတ်ပုံ - သန်းဇော်(မိုင်းဆတ်)

ဆက်စပ်သတင်း 

မိုင်းဆတ်မြို့အဝင် ဂိတ်တွင် ကိုရိုနာဗိုင်းရပ်စ် ကြိုတင်ကာကွယ်ရေး အတွက် ကျန်းမာရေး စစ်ဆေးမှုအဖြစ် ပထမဆုံး လုပ်ဆောင်


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~