နယ်စပ်ဒေသ တာချီလိတ်၌ ညပိုင်း ရှောင်တခင် ပိတ်ဆို့ရှာဖွေမှုကို ၂၀၂၀ နှစ်သစ်၏ တတိယမြောက်ညတွင် စတင်

နယ်စပ်ဒေသ တာချီလိတ်၌ ညပိုင်း ရှောင်တခင် ပိတ်ဆို့ရှာဖွေမှုကို ၂၀၂၀ နှစ်သစ်၏ တတိယမြောက်ညတွင် စတင်
ဇန်နဝါရီ 3, 2020
By Tachileik News Agency
 

နယ်စပ်ဒေသ တာချီလိတ်၌ ညပိုင်း ရှောင်တခင် ပိတ်ဆို့ရှာဖွေမှုကို ၂၀၂၀ နှစ်သစ်၏ တတိယမြောက်ညတွင် စတင်

မြန်မာ - ထိုင်းနယ်စပ်ဒေသ၊ တာချီလိတ်မြို့တွင် ညပိုင်း၌  ပူးပေါင်းအဖွဲ့မှ ရှောင်တခင်ပိတ်ဆို့ စစ်ဆေးမှုများကို ၂၀၂၀ ခုနှစ်တွင် ပထမဆုံးအဖြစ်   ၂၀၂၀ ခုနှစ်၊ ဇန်နဝါရီလ (၃)ရက်နေ့ ညပိုင်းက ဆောင်ရွက်သည်ကို တွေ့ရသည်။

ဆန်ဆိုင်း(ခ)ရပ်ကွက်ရှိ ကြက်ခြေနီရုံးလမ်းဆုံတွင် တာချီလိတ်မြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များ၊ ယာဉ်ထိန်းတပ်ဖွဲ့ဝင်များ၊ ဆန်ဆိုင်း(ခ)ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးမှ တာဝန်ရှိသူများနှင့် ဆန်ဆိုင်း(ခ)ရပ်ကွက် ပြည်သူ့စစ်တပ်ဖွဲ့ဝင်များ ပါဝင်သည့်အဖွဲ့က ရှောင်တခင်ပိတ်ဆို့စစ်ဆေးမှု ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။

အလားတူ ဝိန်းကျောက်ရပ်ကွက် ဗိုလ်ချုပ်အောင်ဆန်းလမ်းမတွင်လည်း နယ်မြေခံတပ်မှ တာဝန်ရှိသူများ၊ဟောင်လိတ်ရဲကင်းစခန်းမှ တပ်ဖွဲ့ဝင်များ၊ ယာဉ်ထိန်းတပ်ဖွဲ့ဝင်များ ဆေခမ်းနှင့်ဝိန်းကျောက်မှ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့်   ပြည်သူ့စစ်တပ်ဖွဲ့ဝင်များ ပါဝင်သည့် ပူးပေါင်းအဖွဲ့ဖြင့် စစ်ဆေးခဲ့ခြင်းဖြစ်သည်။

နယ်စပ်မြို့ တာချီလိတ်တွင် ရဲတပ်ဖွဲ့က ညပိုင်းရှောင်တခင်ပိတ်ဆို့မှုများအတွင်း မူးယစ်ဆေးနှင့် လက်နက် သယ်ဆောင်လာသူများ၊ တရားမဝင် ဝင်ရောက်လာသည့် နိုင်ငံခြားသားများကို ဖမ်းဆီးရမိလေ့ရှိခြင်းဖြစ်သည်။

Tachileik News Agency
ဓါတ်ပုံ - ဟန်စိုးထိုက် ၊ ကျော်ဇင်ဟိန်း
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~