တာချီလိတ်မြို့ ဟုန်ပန်းတိုက်တန်းတွင် ဗီယက်နမ်နိုင်ငံသား (၃၀)ကျော် ဖမ်းမိ

တာချီလိတ်မြို့ ဟုန်ပန်းတိုက်တန်းတွင် ဗီယက်နမ်နိုင်ငံသား (၃၀)ကျော် ဖမ်းမိ

နယ်စပ်ဒေသ တာချီလိတ်မြို့ ဝိန်းကျောက်ရပ်ကွက်အပိုင်း၊ ဗိုလ်ချုပ်အောင်ဆန်းလမ်းမကြီးဘေးရှိ ဟုန်ပန်းတိုက်တန်းလျားတွင် ယနေ့ ၂၀၂၁ခုနှစ် စက်တင်ဘာလ(၇)ရက်နေ့ ည(၉)နာရီဝန်းကျင်အချိန်က ဗီယက်နမ်နိုင်ငံသား (၃၀)ကျော်ကို ဖမ်းဆီးရမိကြောင်း ရဲတပ်ဖွဲ့ထံက ကနဦး သိရသည်။

ဖမ်းဆီးရမိသူများမှာ တရားမဝင် ဝင်ရောက်နေထိုင်သည့် ဗီယက်နမ်နိုင်ငံသား အမျိုးသား(၄)ဦး နှင့် အမျိုးသမီး (၂၇)ဦး စုစုပေါင်း (၃၁)ဦးတို့ဖြစ်ပြီး လတ်တလောတွင် အထောက်အထားမဲ့ဟုသိထားရသော်လည်း အသေးစိတ်ကို စစ်ဆေးနေလျက်ရှိကြောင်း သိရသည်။ 

လက်ရှိတွင် ၎င်းတို့အား ဟောင်လိတ်ရဲတပ်ဖွဲ့၊ လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့၊ တပ်ဖွဲ့စိတ်(၁) တာချီလိတ်မှ တပ်ဖွဲ့ဝင်များ နှင့် လဝကတို့မှ စစ်ဆေးမှုများ လုပ်ဆောင်နေခြင်း ဖြစ်သည်။

ဖမ်းဆီးရမိသူများမှာ တာချီလိတ်သို့ မည်သည့် ကာလက ရောက်နေသည်နှင့် မည်သည့်လုပ်ငန်း လုပ်ကိုင်သည်ကိုတော့ မသိရသေးပါ။

 

ထပ်တိုးပြင်ဆင်ချက် -

ဖမ်းဆီးရမိသူ လူဦးရေ နောက်ဆုံး ထပ်မံ အတည်ပြုချက်မှာ ဗီယက်နမ်နိုင်ငံသား(၂၇)ဦး၊ တရုတ်နိုင်ငံသား(၁)ဦး နှင့် မြန်မာနိုင်ငံသား(၃) ဖြစ်ပါသည်။