က်ိဳင္းတံုၿမိဳ႕ ျမန္မာ့မီးရထားလုပ္ငန္း၏ ျပန္လည္စြန္႔လႊတ္ေျမမွ (၁၅)ဧကကို ကားႀကီးကြင္း တည္ေဆာက္ေရး ေတာင္းခံထား

က်ိဳင္းတံုၿမိဳ႕ ျမန္မာ့မီးရထားလုပ္ငန္း၏ ျပန္လည္စြန္႔လႊတ္ေျမမွ (၁၅)ဧကကို ကားႀကီးကြင္း တည္ေဆာက္ေရး ေတာင္းခံထား
စက်တင်ဘာ 7, 2019
By 🌸
ရွမ္းျပည္နယ္ (အေရွ႕ပိုင္း) က်ိဳင္းတံုၿမိဳ႕တြင္ ၂၀၀၉ ခုႏွစ္က အေကာင္အထည္ေဖၚခဲ့သည့္  ျမန္မာမီးရထား လုပ္ငန္း၏ က်ိဳင္းတံု-မိုးနဲ မီးရထားလမ္းစီမံကိန္းမွ ျပန္လည္စြန္႔လႊတ္ေျမ (၁၅) ဧကတြင္ ကားႀကီးကြင္း တည္ေဆာက္ႏုိင္ေရးအတြက္ ၿမိဳ႕နယ္စည္ပင္သာယာေရးေကာ္မတီက ေတာင္းခံထားေၾကာင္း သိရသည္။

“ကၽြန္ေတာ္တုိ႔ လႊတ္ေတာ္ကိုယ္စားလွယ္နဲ႔ စည္ပင္သာယာေရးေကာ္မတီတုိ႔ အစည္းအေဝးလုပ္ထားၿပီး ၿမိဳ႕ရဲ႕အေျခအေနအရ အဆင့္မီတဲ့ အေဝးေျပးကားဝင္း လိုတယ္ေပါ့။ စားေသာက္ဆုိင္ခန္းေတြ၊ အမ်ားသံုးေနရာေတြပါဝင္မယ့္ တကယ့္အဆင့္မီ အေဝးျပားကားဝင္းလုပ္ဖုိ႔ဆိုရင္ အခု အေဝးေျပးကားဝင္းက က်ဥ္းေနတယ္။ ဖြံ႕ၿဖိဳးလာမယ့္ ၿမိဳ႕အေျခအေနနဲ႔လုိက္ေလ်ာညီေထြတဲ့ကားဝင္း ျဖစ္လာဖို႔ဆိုေတာ့ ေျမ (၁၅)ဧကေလာက္ လိုတယ္ဆိုတာ တင္ျပထားတာပါ”ဟု က်ိဳင္းတံုၿမိဳ႕နယ္ စည္ပင္သာယာေရးဌာန အမႈေဆာင္အရာရိွ ဦးေက်ာ္မင္းထုိက္က တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

က်ိဳင္းတံု - မိုးနဲ ရထားလမ္းမွာ စတင္ဖြင့္လွစ္ခ်ိန္မွစ၍ အသံုးျပဳ၍မရသျဖင့္ ျမန္မာ့မီးရထားက ေျမယာမ်ား ျပန္လည္စြန္႔လႊတ္ေပးခဲ့ရျခင္းျဖစ္ရာ အဆိုပါ ရထားလမ္းေနရာတြင္ ၿမိဳ႕ေရွာင္လမ္းေဖါက္လုပ္ရန္ စီစဥ္ေနျခင္းျဖစ္သည္။

"ၿမို႕ေရွာင္လမ္းနဲ႔ပတ္သက္ၿပီး အေဝးေျပးယာဥ္ရပ္နားစခန္း ေျမေနရာအတြက္ ခြဲေဝခ်ထားေပးဖို႔ ၾကယ္ပြင့္ျပ ေမးခြန္းေမးဖို႔ အစီအစဥ္ရိွပါတယ္။ အေဝးေျပးယာဥ္ရပ္နားစခန္းအတြက္ (၁၅) ဧက ေတာင္းထား တယ္ေပါ့။ (၁၆) ႀကိမ္ေျမာက္လႊတ္ေတာ္မွာ ေတာင္းထားတယ္။ ရမရေတာ့ မသိရေသးဘူး"ဟု ရွမ္းျပည္နယ္ လႊတ္ေတာ္ ကိုယ္စားလွယ္ ေဒါက္တာ၀႑စိုးက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ၂၀၁၉ ခုနွစ္၊ စက္တင္ဘာလ (၇)ရက္ေန႔တြင္ ေျပာသည္။

ျမန္မာ့မီးရထားလုပ္ငန္းမွ မီးရထားလမ္းေဖာက္လုပ္ေရးအတြက္ ဧရိယာ (၄၁.၄၂) ဧကကို သိမ္းဆည္းခဲ့ၿပီး လမ္းပိုင္းအသံုးျပဳျခင္းမရိွေတာ့သည့္အတြက္ သိမ္းဆည္းေျမမ်ားကို လုပ္ထံုးလုပ္နည္းမ်ားႏွင့္အညီ ျပန္လည္အပ္ႏွံခဲ့သျဖင့္ ရွမ္းျပည္နယ္အစိုးရအဖြဲ႕မွ စီမံခန္႔ခြဲသြားမည္ျဖစ္ေၾကာင္း သိရသည္။

က်ိဳင္းတံု-မိုးနဲ မီးရထားလမ္းပိုင္းကို ႏိုင္ငံေတာ္ေအးခ်မ္းသာယာေရးႏွင့္ ဖြံ႕ၿဖိဳးေရးေကာင္စီ၏ လမ္းညႊန္ခ်က္ အရ ရထားပို႔ေဆာင္ေရး၀န္ႀကီးဌာနမွ ၂၀၀၉ ခုႏွစ္၊ ဧၿပီလ (၄) ရက္ေန႔တြင္ စတင္ေဖာက္လုပ္ခဲ့ၿပီး ၂၀၁၀ ခုႏွစ္ စက္တင္ဘာ (၁၉) ရက္ေန႔တြင္ ဖြင့္လွစ္ခဲ့ျခင္းျဖစ္သည္။

သတင္း၊ဓါတ္ပံု #ဟန္စိုးထုိက္

~~~~~~~~⊰❂ Unicode Version ~~~~~~~~
ကျိုင်းတုံမြို့ မြန်မာ့မီးရထားလုပ်ငန်း၏ ပြန်လည်စွန့်လွှတ်မြေမှ (၁၅)ဧကကို ကားကြီးကွင်း တည်ဆောက်ရေး တောင်းခံထား
***********
ရှမ်းပြည်နယ် (အရှေ့ပိုင်း) ကျိုင်းတုံမြို့တွင် ၂၀၀၉ ခုနှစ်က အကောင်အထည်ဖေါ်ခဲ့သည့်  မြန်မာမီးရထား လုပ်ငန်း၏ ကျိုင်းတုံ-မိုးနဲ မီးရထားလမ်းစီမံကိန်းမှ ပြန်လည်စွန့်လွှတ်မြေ (၁၅) ဧကတွင် ကားကြီးကွင်း တည်ဆောက်နိုင်ရေးအတွက် မြို့နယ်စည်ပင်သာယာရေးကော်မတီက တောင်းခံထားကြောင်း သိရသည်။

“ကျွန်တော်တို့ လွှတ်တော်ကိုယ်စားလှယ်နဲ့ စည်ပင်သာယာရေးကော်မတီတို့ အစည်းအဝေးလုပ်ထားပြီး မြို့ရဲ့အခြေအနေအရ အဆင့်မီတဲ့ အဝေးပြေးကားဝင်း လိုတယ်ပေါ့။ စားသောက်ဆိုင်ခန်းတွေ၊ အများသုံးနေရာတွေပါဝင်မယ့် တကယ့်အဆင့်မီ အဝေးပြားကားဝင်းလုပ်ဖို့ဆိုရင် အခု အဝေးပြေးကားဝင်းက ကျဉ်းနေတယ်။ ဖွံ့ဖြိုးလာမယ့် မြို့အခြေအနေနဲ့လိုက်လျောညီထွေတဲ့ကားဝင်း ဖြစ်လာဖို့ဆိုတော့ မြေ (၁၅)ဧကလောက် လိုတယ်ဆိုတာ တင်ပြထားတာပါ”ဟု ကျိုင်းတုံမြို့နယ် စည်ပင်သာယာရေးဌာန အမှုဆောင်အရာရှိ ဦးကျော်မင်းထိုက်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ကျိုင်းတုံ - မိုးနဲ ရထားလမ်းမှာ စတင်ဖွင့်လှစ်ချိန်မှစ၍ အသုံးပြု၍မရသဖြင့် မြန်မာ့မီးရထားက မြေယာများ ပြန်လည်စွန့်လွှတ်ပေးခဲ့ရခြင်းဖြစ်ရာ အဆိုပါ ရထားလမ်းနေရာတွင် မြို့ရှောင်လမ်းဖေါက်လုပ်ရန် စီစဉ်နေခြင်းဖြစ်သည်။

"မြို့ရှောင်လမ်းနဲ့ပတ်သက်ပြီး အဝေးပြေးယာဉ်ရပ်နားစခန်း မြေနေရာအတွက် ခွဲဝေချထားပေးဖို့ ကြယ်ပွင့်ပြ မေးခွန်းမေးဖို့ အစီအစဉ်ရှိပါတယ်။ အဝေးပြေးယာဉ်ရပ်နားစခန်းအတွက် (၁၅) ဧက တောင်းထား တယ်ပေါ့။ (၁၆) ကြိမ်မြောက်လွှတ်တော်မှာ တောင်းထားတယ်။ ရမရတော့ မသိရသေးဘူး"ဟု ရှမ်းပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာဝဏ္ဍစိုးက တာချီလိတ်သတင်းအေဂျင်စီသို့ ၂၀၁၉ ခုနှစ်၊ စက်တင်ဘာလ (၇)ရက်နေ့တွင် ပြောသည်။

မြန်မာ့မီးရထားလုပ်ငန်းမှ မီးရထားလမ်းဖောက်လုပ်ရေးအတွက် ဧရိယာ (၄၁.၄၂) ဧကကို သိမ်းဆည်းခဲ့ပြီး လမ်းပိုင်းအသုံးပြုခြင်းမရှိတော့သည့်အတွက် သိမ်းဆည်းမြေများကို လုပ်ထုံးလုပ်နည်းများနှင့်အညီ ပြန်လည်အပ်နှံခဲ့သဖြင့် ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ စီမံခန့်ခွဲသွားမည်ဖြစ်ကြောင်း သိရသည်။

ကျိုင်းတုံ-မိုးနဲ မီးရထားလမ်းပိုင်းကို နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ၏ လမ်းညွှန်ချက် အရ ရထားပို့ဆောင်ရေးဝန်ကြီးဌာနမှ ၂၀၀၉ ခုနှစ်၊ ဧပြီလ (၄) ရက်နေ့တွင် စတင်ဖောက်လုပ်ခဲ့ပြီး ၂၀၁၀ ခုနှစ် စက်တင်ဘာ (၁၉) ရက်နေ့တွင် ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။

သတင်း၊ဓါတ်ပုံ #ဟန်စိုးထိုက်

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net