တာချီလိတ်ရှိ လူငယ်များထဲမှ လျှပ်စစ်နှင့် ပတ်သက်၍ စိတ်ဝင်စားသူများကို လျှပ်စစ်အခြေခံသင်တန်း ဖွင့်လှစ်နိုင်ရေးအတွက် တာချီလိတ်မြို့မီးလင်းရေး စီစဉ်နေ

တာချီလိတ်ရှိ လူငယ်များထဲမှ လျှပ်စစ်နှင့် ပတ်သက်၍ စိတ်ဝင်စားသူများကို လျှပ်စစ်အခြေခံသင်တန်း ဖွင့်လှစ်နိုင်ရေးအတွက် တာချီလိတ်မြို့မီးလင်းရေး စီစဉ်နေ
ဖေဖော်ဝါရီ 9, 2020
By Tachileik News Agency

 တာချီလိတ်ရှိ လူငယ်များထဲမှ လျှပ်စစ်နှင့် ပတ်သက်၍ စိတ်ဝင်စားသူများကို  လျှပ်စစ်အခြေခံသင်တန်း ဖွင့်လှစ်နိုင်ရေးအတွက် တာချီလိတ်မြို့မီးလင်းရေး စီစဉ်နေ

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့မီးလင်းရေးကော်မတီက တာချီလိတ်မြို့ အနီးဝန်းကျင်ရှိ လူငယ်များအား လျှပ်စစ်အခြေခံသင်တန်း ဖွင့်လှစ်သင်ကြားပေးနိုင်ရေးအတွက် စီစဉ်နေကြောင်း သိရသည်။

မီးလင်းရေးကော်မတီနဲ့ မီးလင်းရေးရုံးခွဲက ဝန်ထမ်းတွေတင် မကပဲ တာချီလိတ်ပတ်ဝန်းကျင်ဒေသက စိတ်ဝင်စားတဲ့ သူတွေ တက်ရောက်နိုင်ဖို့ စီစဉ်ပေးမှာပေါ့။ အနည်းဆုံးပညာအရည်အချင်းက အလယ်တန်းအဆင့် (၈) တန်းပေါ့။ ဒါပေမယ့် (၅) တန်း (၆) တန်းဆိုရင်လည်း တက်နိုင်ဖို့စီစဉ်ပေးမှာပေါ့

ဟု တာချီလိတ်မြို့မီးလင်းရေးကော်မတီ ဥက္ကဌ ဦးတင်လှိုင်က တာချီလိတ်သတင်းအေဂျင်စီသို့ပြောသည်။

လျှပ်စစ်အခြေခံသင်တန်းဖွင့်လှစ်နိုင်ရေးအတွက် ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် လျှပ်စစ်စွမ်းအင်နှင့်စက်မှုဝန်ကြီးဦးစိုင်းရှဲန်တစ်လုံထံ တင်ပြမည်ဖြစ်ပြီး ခွင့်ပြုချက်ရရှိပါက စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာန(လျှပ်စစ်စစ်ဆေးရေးဌာန)မှ သင်တန်းဆရာများက လာရောက်သင်ကြားပေးမည်ဖြစ်ပြီး သင်တန်းကာလ (၁) လပြီးဆုံးပါက သင်တန်းသားများကို EIA Certificate ထုတ်ပေးမည်ဖြစ်ကြောင်း သိရသည်။ 

စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာန(လျှပ်စစ်စစ်ဆေးရေးဌာန)မှ သင်တန်းဆရာများ တာချီလိတ်မြို့သို့ လာရောက်သင်ကြားပါက ၎င်းတို့၏ နေထိုင်၊ စားသောက်စရိတ်များနှင့် သင်ထောက်ကူပစ္စည်းများထောက်ပံ့ပေးရမည်ဖြစ်ပြီး အဆိုပါ ကုန်ကျစရိတ်များကို တာချီလိတ်မြို့မီးလင်းရေးကော်မတီနှင့် မီးလင်းရေးရုံးခွဲတို့မှ ခွဲဝေကျခံပေးမည်ဖြစ်ကြောင်း သိရသည်။ 

အဆိုပါသင်တန်းကို လူနှင့်တိရိစ္ဆာန်တို့၏ လျှပ်စစ်အန္တရာယ်ကင်းရှင်းရေး၊ လူနှင့်လျှပ်စစ်ပစ္စည်းကိရိယာများစွမ်းရည် တိုးတက်ရေး၊ လျှပ်စစ်ပစ္စည်းကိရိယာများသက်တမ်းကြာရှည်စွာအသုံးပြုနိုင်ရေး၊ လျှပ်စစ်ဓာတ်အးနှင့်ပတ်သတ်၍ လျှပ်စစ်ဓာတ်အားပေးသူနှင့် သုံးစွဲသူတို့အကြား အငြင်းပွားမှု(သို့မဟုတ်) သဘောထားကွဲလွဲမှုများ ရှိလာပါက အဆုံးအဖြတ်ပေးနိုင်ခြင်း၊ လျှပ်စစ်ဓာတ်အားကိုစနစ်တကျသုံးစွဲတတ်စေရန်နှင့် လျှပ်စစ်အန္တရာယ်ကင်းရှင်းစေရန်အတွက် လျှပ်စစ်ကျွမ်းကျင်မှုဆိုင်ရာသင်တန်းများပို့ချခြင်း စသည့် ရည်ရွယ်ချက်များဖြင့် ဖွင့်လှစ်နေခြင်းဖြစ်ကြောင်း သိရသည်။

Tachileik News Agency
သတင်း - ဟန်စိုးထိုက်
ဓါတ်ပုံ - မီးလင်းရေး

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~