တာချီလိတ်မြို့တွင်း မြို့ကွက်သစ်တွေ ဖော်ထုတ်ရာမှာ လမ်းနှင့်ရေမြောင်းစနစ်ဖြစ်ရေးအတွက် Town Plan ရေးဆွဲဖို့စီစဉ်

တာချီလိတ်မြို့တွင်း မြို့ကွက်သစ်တွေ ဖော်ထုတ်ရာမှာ လမ်းနှင့်ရေမြောင်းစနစ်ဖြစ်ရေးအတွက် Town Plan ရေးဆွဲဖို့စီစဉ်
ဇန်နဝါရီ 7, 2020
By Tachileik News Agency

တင်ဆက် - ကိုဇောင်း
သတင်းရိုက်ကူး - ဟန်စိုးထိုက်

တာချီလိတ်မြို့တွင်း မြို့ကွက်သစ်တွေ ဖော်ထုတ်ရာမှာ လမ်းနှင့်ရေမြောင်းစနစ်ဖြစ်ရေးအတွက် Town Plan ရေးဆွဲဖို့စီစဉ်

ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်မြို့တွင်း မြို့ကွက်သစ်တွေဖော်ထုတ်ရာမှာ လမ်းနဲ့ရေမြောင်းစနစ်တွေ စနစ်ကျစေဖို့အတွက် Town Plan ရေးဆွဲဖို့စီစဉ်နေပါတယ်။

မြေပိုင်ရှင်တွေအနေနဲ့ ကိုယ့်သဘောနဲ့ကိုယ် အကွက်ရိုက်ရောင်းနေပြီး စနစ်တကျမရှိတဲ့အတွက် ရေရှည်အတွက်ရေးဆွဲဖို့ စီစဉ်တာလို့ ပြည်နယ်လွတ်တော်ကိုယ်စားလှယ်ဦးခင်မောင်တင့်က ပြောပါတယ်။

မြေကွက်တွေဖော်ဆောင်ရာမှာ လမ်းအကျယ်ဘယ်လောက်ရှိရမယ်ဆိုတဲ့သတ်မှတ်ချက်တွေကို မူဝါဒချထားပေးဖို့လိုကြောင်း တာချီလိတ်မြို့နယ်စည်ပင်သာယာရေးဌာနမှ အမှုဆောင်အရာရှိ ဦးစိုင်းခွန်ဇော်ဦးက ပြောပါတယ်။

ဒေသတွင်းဖွံ့ဖြိုးရေးလုပ်ငန်းများအတွက် ဌာနဆိုင်ရာများနှင့် တာချီလိတ်မဲဆန္ဒနယ်အတွင်းက လွှတ်တော်ကိုယ်စားလှယ်များ ပါဝင်တဲ့အဖွဲ့ဖြင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို စုပေါင်းရုံးအစည်းအဝေးခန်းမမှာ ကျင်းပခဲ့ရာ လွှတ်တော်ကိုယ်စားလှယ်များက လက်ရှိမြို့ရှောင်လမ်းဖောက်လုပ်နေချိန်တွင် လူနေရပ်ကွက်တွေနဲ့ ချိတ်ဆက်လမ်းတွေ စနစ်တကျဖြစ်စေဖို့အတွက် ဆွေးနွေးခဲ့တာဖြစ်ပါတယ်။

Tachileik News Agency
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~