စစ်ဖက်ဆိုင်ရာမှ အသက်(၆၀)ပြည့်ရန် လပိုင်းသာ လိုသည့် ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်အား ပြည်ထဲရေး ပြည်ထောင်စုဝန်ကြီးအဖြစ် အမည်စာရင်း တင်သွင်း

စစ်ဖက်ဆိုင်ရာမှ အသက်(၆၀)ပြည့်ရန် လပိုင်းသာ လိုသည့် ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်အား ပြည်ထဲရေး ပြည်ထောင်စုဝန်ကြီးအဖြစ် အမည်စာရင်း တင်သွင်း
ဖေဖော်ဝါရီ 6, 2020
By Tachileik News Agency

စစ်ဖက်ဆိုင်ရာမှ  အသက်(၆၀)ပြည့်ရန် လပိုင်းသာ လိုသည့်  ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်အား ပြည်ထဲရေး ပြည်ထောင်စုဝန်ကြီးအဖြစ် အမည်စာရင်း တင်သွင်း

အသက်(၆၀)ကျော်သွားသည့် ဒုတိယဗိုလ်ချုပ်ကြီးကျော်ဆွေ၏ ပြည်ထဲရေး ပြည်ထောင်စုဝန်ကြီးနေရာအား အသက်(၆၀)ပြည့်ရန် လပိုင်းသာလိုသည့် စစ်ဖက်ရေးရာလုံခြုံရေးအရာရှိချုပ်၊ ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်အား ခန့်အပ်တာဝန်ပေးရန် ပြည်ထောင်စုလွှတ်တော်တွင် အမည်စာရင်း တင်သွင်းသည်။

စစ်ဖက်ရေးရာလုံခြုံရေးအရာရှိချုပ်ကို အစားထိုးခန့်ထားမည်ဖြစ်ကြောင်း နေပြည်တော်အသိုင်းအဝန်းမှ သတင်းများ ထွက်ပေါ်ပြီးနောက် ၂၀၂၀ခုနှစ် ဖေဖော်ဝါရီလ(၆)ရက်နေ့တွင် ကျင်းပပြုလုပ်သည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် အမည်စာရင်းတင်သွင်းလာခြင်း ဖြစ်သည်။

၂၀၂၀ခုနှစ် နိုဝင်ဘာလ(၂၇)ရက်နေ့တွင် အသက်(၆၁)နှစ်  ပြည့်မည့် ပြည်ထဲရေးဝန်ကြီးဌာန၊  ပြည်ထောင်စုဝန်ကြီး  ဒုတိယဗိုလ်ချုပ်ကြီးကျော်ဆွေသည်  မူလစစ်ဘက်တာဝန်ဝတ္တရားများ ပြန်လည်ထမ်းဆောင်စေမည်ဖြစ်သည့် အတွက် နိုင်ငံသမ္မတက ၂၀၂၀ခုနှစ် ဖေဖော်ဝါရီလ(၄)ရက်နေ့တွင် ခွင့်ပြုပေးလိုက်သည့်အတွက် ၎င်း၏ နေရာအား အစားထိုးရန် ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ် အမည်အား တင်သွင်းလာခြင်း ဖြစ်သည်။

ကာကွယ်ရေးဦးစီးချုပ်နှင့် ဒုတိယ ကာကွယ်ရေးဦးစီးချုပ်တို့နှစ်ဦး၏ ပင်စင်သက်တမ်းကို (၆၅) နှစ်သို့ ၂၀၁၆ ခုနှစ်အတွင်းက ကျင်းပသည့် တပ်မတော် (၄) လပတ်အစည်းအဝေး၌ ဆုံးဖြတ်ခဲ့ခြင်းဖြစ်သော်လည်း စစ်မှုထမ်းအားလုံး၏ သက်ပြည့်ပင်စင်မှာ (၆၀)နှစ် ဖြစ်သဖြင့် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်လက်အောက်ရှိ ပြည်ထဲရေးဝန်ကြီးဌာန၊ ကာကွယ်ရေးဝန်ကြီးဌာနှနှင့် နယ်စပ်ရေးရာဝန်ကြီးဌာနတို့မှ ဝန်ကြီးများမှာ စစ်မှုထမ်းများဖြစ်သည့်အတွက် အသက်(၆၀)ပြည့်ပါက ပင်စင်ယူရမည်ဖြစ်သည်။

Tachileik News Agency

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~