တအာင်းအမျိုးသားပါတီ မိုင်းကိုင်မြို့နယ် ဥက္ကဌနှင့်မိသားစု ဖမ်းဆီးသတ်ဖြတ်ခံရမှုအတွက် "ဝ"အမျိုးသားပါတီက ဝမ်းနည်းကြောင်း သဝဏ်လွှာထုတ်

တအာင်းအမျိုးသားပါတီ မိုင်းကိုင်မြို့နယ် ဥက္ကဌနှင့်မိသားစု ဖမ်းဆီးသတ်ဖြတ်ခံရမှုအတွက် "ဝ"အမျိုးသားပါတီက ဝမ်းနည်းကြောင်း သဝဏ်လွှာထုတ်
By Tachileik News Agency

တအာင်းအမျိုးသားပါတီ၏ မိုင်းကိုင်မြို့နယ် ဥက္ကဌ မိုင်းနုမ်ဟန်နှင့် မိသားစု မတရား ဖမ်းဆီးအကြမ်းဖက် သတ်ဖြတ်ခံရသည့်ဖြစ်ရပ်အတွက် ဝ အမျိုးသားပါတီက ဝမ်းနည်းကြောင်းသဝဏ်လွှာကို ၂၀၂၂ ခုနှစ် မတ်လ (၁၄) ရက်နေ့တွင် ထုတ်ပြန်လာသည်ကို တွေ့ရသည်။



"မိမိတို့အနေဖြင့် ဤကဲ့သို့သော ဆိုးဝါးယုတ်ညံ့လှသည့် အကြမ်းဖက်လုပ်ရပ်ကို ပြုမူဆောင်ရွက်သောသူများကို ပြင်းပြင်းထန်ထန် ကန့်ကွက်ရှုတ်ချပါသည်"ဟု "ဝ"အမျိုးသားပါတီက ဖေါ်ပြထားသည်။

ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုင်းကိုင်မြို့နယ် တအာင်းအမျိုးသားပါတီ (TNP)ဥက္ကဌ  မိုင်းနုမ်ဟန်နှင့် ဇနီး၊ (၇)လသားအရွယ် ကလေးတို့ပါဝင်သည့် မိသားစုကို ၂၀၂၂ ခုနှစ် ဇန်နဝါရီလ (၁၀) ရက်နေ့က တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့တစ်ဖွဲ့က ဖမ်းဆီးသွားပြီး မတ်လ (၉) ရက်နေ့တွင် အလောင်းများကို တွေ့ခဲ့ရခြင်းဖြစ်သည်။