တာခ်ီလိတ္ၿမိဳ႕ ပံုလို႔ဆရာေတာ္၏ သက္ေတာ္(၄၉)ႏွစ္ျပည့္ ဝိဇာတေမြးေန႔မဂၤလာပြဲသို႔ ရွမ္းျပည္နယ္အေရွ႕ပိုင္းမွ ဆရာေတာ္ (၁၅၀) ေက်ာ္ၾကြေရာက္

တာခ်ီလိတ္ၿမိဳ႕ ပံုလို႔ဆရာေတာ္၏ သက္ေတာ္(၄၉)ႏွစ္ျပည့္ ဝိဇာတေမြးေန႔မဂၤလာပြဲသို႔ ရွမ္းျပည္နယ္အေရွ႕ပိုင္းမွ ဆရာေတာ္ (၁၅၀) ေက်ာ္ၾကြေရာက္
ဇွန် 2, 2019
By 🌸
ရွမ္းျပည္နယ္အေရွ႕ပိုင္း၊ တာခ်ီလိတ္ၿမိဳ႕ လြယ္စတံုသြားရာလမ္းရွိ ပံုလို႔ေတာရေက်ာင္းတိုက္၏ ဦးစီးပဓာန နာယကဆရာေတာ္ အဘိ၀ိေသသလဇၨိေပသလ သာသနာလကၤာရ၊ မဟာသဒၶမၼေဇာတိကဓဇ ဘဒၵႏၱပညာစာရ အဂၢဓမၼ၏ သက္ေတာ္ (၄၉)ႏွစ္ျပည့္ ဝိဇာတေမြးေန႔ကို ၂၀၁၉ ခုႏွစ္ ဇြန္လ (၂) ရက္ေန႔က က်င္းပရာ ရွမ္းျပည္နယ္အေရွ႕ပိုင္းမွ ဆရာေတာ္ (၁၅၀) ေက်ာ္ၾကြေရာက္ၾကေၾကာင္း သိရသည္။

"ရွမ္းျပည္နယ္အေရွ႕ပိုင္းမွာရိွတဲ့ ေက်ာင္းႀကီးေတြေပါ့။ (၁၅၀) ေက်ာ္တယ္။ သံဃာေတာ္ေတြကေတာ့ အမ်ားႀကီးပဲေပါ့။ မေန႔ကက်ေတာ့ ဘုရားႏွလံုးသြင္းတာေပါ့။ အရင္ကကၽြန္ေတာ္တို႔မေတြ႕ဖူးဘူး။ ဆရာေတာ္နဲ႔က်မွ ေတြ႕ဖူးတာေပါ့။ အသည္းတို႔၊ အူတို႔၊ အဆုတ္တို႔ အစံုလုပ္ၿပီးမွ ေရႊေတြ ေက်ာက္စိမ္း၊ ပတၱျမားေတြနဲ႔ ဌာပနာထည့္ၿပီးမွ ႏွလံုးသြင္းတာေပါ့။ ညက်ေတာ့ ဘုရားအေနကဇာတင္တယ္။ ေတာင္ေပၚမွာ ထီးတင္တယ္။ တစ္ဆူကို ဌာပနာထည့္တာေပါ့။ လြယ္စတံုေတာင္ေပၚမွာေပါ့။ (၇) လပိုင္း (၇) ရက္ေန႔မွာ ဆရာေတာ္ ေျမာင္းျမမွာထီးတင္မယ္။ ထီးတင္ၿပီးရင္ ပုဂံမွာလည္း ဒကာေတြေက်ာင္းလွဴထားတဲ့ဟာ ပႏၷက္ရိုက္ဖို႔ ၾကြရမယ္"ဟု ဆရာေတာ္၏ ဒကာရင္းျဖစ္သူ ဦးစိုင္းစိုင္းက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

ဆရာေတာ္၏ေမြးေန႔အႀကိဳအျဖစ္ ၂၀၁၉ ခုႏွစ္ ဇြန္လ(၁)ရက္ေန႔က ေ၀ႆႏၱရာတရားဇာတ္ေတာ္ရြတ္ဖတ္ပူေဇာ္ျခင္း၊ ဉာဏ္ေတာ္(၅၀)ေပႏွင့္(၉)လက္မ အျမင့္ရွိ ဗုဒၶေမတၱာမဟာေဗာဓိဘုရားႀကီး ႏွလံုးေတာ္သြင္းပူေဇာ္ျခင္း၊ ဗုဒၶဘိေသက ေရသပၸာယ္ေတာ္မူျခင္း ႏွင့္ အေနကဇာတင္ျခင္းအျပင္ လြယ္စတံုေတာင္ေပၚရွိ ဟုမ့္ယိမ္ဆိုင္မိန္းေစတီေတာ္ႀကီးအား စိန္ဖူးေတာ္အသစ္ႏွင့္ထီးေတာ္အသစ္ တင္လွဴပြဲ အစီအစဥ္မ်ားကို ျပဳလုပ္ခဲ့ေၾကာင္း သိရသည္။

Tachileik News Agency

~~~~~~~~⊰❂ Unicode Version ~~~~~~~~
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့ လွယ်စတုံသွားရာလမ်းရှိ ပုံလို့တောရကျောင်းတိုက်၏ ဦးစီးပဓာန နာယကဆရာတော် အဘိ၀ိသေသလဇ္ဇိပေသလ သာသနာလင်္ကာရ၊ မဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တပညာစာရ အဂ္ဂဓမ္မ၏ သက်တော် (၄၉)နှစ်ပြည့် ဝိဇာတမွေးနေ့ကို ၂၀၁၉ ခုနှစ် ဇွန်လ (၂) ရက်နေ့က ကျင်းပရာ ရှမ်းပြည်နယ်အရှေ့ပိုင်းမှ ဆရာတော် (၁၅၀) ကျော်ကြွရောက်ကြကြောင်း သိရသည်။

"ရှမ်းပြည်နယ်အရှေ့ပိုင်းမှာရှိတဲ့ ကျောင်းကြီးတွေပေါ့။ (၁၅၀) ကျော်တယ်။ သံဃာတော်တွေကတော့ အများကြီးပဲပေါ့။ မနေ့ကကျတော့ ဘုရားနှလုံးသွင်းတာပေါ့။ အရင်ကကျွန်တော်တို့မတွေ့ဖူးဘူး။ ဆရာတော်နဲ့ကျမှ တွေ့ဖူးတာပေါ့။ အသည်းတို့၊ အူတို့၊ အဆုတ်တို့ အစုံလုပ်ပြီးမှ ရွှေတွေ ကျောက်စိမ်း၊ ပတ္တမြားတွေနဲ့ ဌာပနာထည့်ပြီးမှ နှလုံးသွင်းတာပေါ့။ ညကျတော့ ဘုရားအနေကဇာတင်တယ်။ တောင်ပေါ်မှာ ထီးတင်တယ်။ တစ်ဆူကို ဌာပနာထည့်တာပေါ့။ လွယ်စတုံတောင်ပေါ်မှာပေါ့။ (၇) လပိုင်း (၇) ရက်နေ့မှာ ဆရာတော် မြောင်းမြမှာထီးတင်မယ်။ ထီးတင်ပြီးရင် ပုဂံမှာလည်း ဒကာတွေကျောင်းလှူထားတဲ့ဟာ ပန္နက်ရိုက်ဖို့ ကြွရမယ်"ဟု ဆရာတော်၏ ဒကာရင်းဖြစ်သူ ဦးစိုင်းစိုင်းက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ဆရာတော်၏မွေးနေ့အကြိုအဖြစ် ၂၀၁၉ ခုနှစ် ဇွန်လ(၁)ရက်နေ့က ဝေဿန္တရာတရားဇာတ်တော်ရွတ်ဖတ်ပူဇော်ခြင်း၊ ဉာဏ်တော်(၅၀)ပေနှင့်(၉)လက်မ အမြင့်ရှိ ဗုဒ္ဓမေတ္တာမဟာဗောဓိဘုရားကြီး နှလုံးတော်သွင်းပူဇော်ခြင်း၊ ဗုဒ္ဓဘိသေက ရေသပ္ပာယ်တော်မူခြင်း နှင့် အနေကဇာတင်ခြင်းအပြင် လွယ်စတုံတောင်ပေါ်ရှိ ဟုမ့်ယိမ်ဆိုင်မိန်းစေတီတော်ကြီးအား စိန်ဖူးတော်အသစ်နှင့်ထီးတော်အသစ် တင်လှူပွဲ အစီအစဉ်များကို ပြုလုပ်ခဲ့ကြောင်း သိရသည်။

Tachileik News Agency

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net