ကျိုင်းတုံကက်သလစ်သာသနာ၏ သာသနာပိုင်ဆရာတော်ကြီးအတွက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ဝမ်းနည်းကြောင်းသဝဏ်လွှာ ပေးပို့

ကျိုင်းတုံကက်သလစ်သာသနာ၏ သာသနာပိုင်ဆရာတော်ကြီးအတွက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ဝမ်းနည်းကြောင်းသဝဏ်လွှာ ပေးပို့
ဖေဖော်ဝါရီ 22, 2020
By Tachileik News Agency

ကျိုင်းတုံကက်သလစ်သာသနာ၏ သာသနာပိုင်ဆရာတော်ကြီးအတွက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ဝမ်းနည်းကြောင်းသဝဏ်လွှာ ပေးပို့

ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံမြို့တွင် ခရစ်တော်၌ အိပ်ပျော်သွားသည့် ကျိုင်းတုံကက်သလစ်သာသနာ၏ သာသနာပိုင်ဆရာတော်ကြီး ပီတာလွီးစ်ကျာခူအတွက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ပေးပို့သည့် ဝမ်းနည်းကြောင်းသဝဏ်လွှာကို ၂၀၂၀ ခုနှစ်၊ ဖေဖေါ်ဝါရီလ (၂၂)ရက်နေ့ ည(၇)နာရီဝန်းကျင်တွင်တြိဂံဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူးဗိုလ်ချုပ်ခင်လှိုင်က လာရောက်ပေးအပ်ကြောင်း သိရသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်မှ ပေးပို့သည့် ဝမ်းနည်းကြောင်း သဝဏ်လွှာကို  တြိဂံဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ခင်လှိုင်က ပေးအပ်ရာ ကျိုင်းတုံကက်သလစ်သာသနာဘုန်းတော်ကြီး ဖာသာရ်ပေါလ်စိုင်းခမ်းက လက်ခံရယူသည်။

ကျိုင်းတုံကက်သလစ်သာသနာ၏ သာသနာပိုင်ဆရာတော်ကြီး ပီတာလွီးစ်ကျာခူသည် ဖေဖေါ်ဝါရီလ (၂၀)ရက်နေ့ နံနက် (၆) နာရီခွဲ၌ ကျိုင်းတုံမြို့ရှိ ဂိုဏ်းအုပ်ဆရာကြီးကျောင်းတိုက်၌  ခရစ်တော်တွင် အိပ်ပျော်သွား၍  ဈာပနအခမ်းအနားကို ကျိုင်းတုံမြို့၊ စွမ်ဆတ်ကုန်း၊ အမှတ် (၁)ရပ်ကွက်ရှိ ကက်သလစ်သာသနာ ကျောင်းဝင်းတွင် ၂၀၂၀ ခုနှစ်၊ ဖေဖေါ်ဝါရီလ (၂၄)ရက်နေ့ နံနက်(၇)နာရီက စ၍ကျင်းပမည်ဖြစ်ကြောင်း သိရသည်။

Tachileik News Agency
ဓါတ်ပုံ - အိုက်သား

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~