လေထိုးတံဖြင့် ပြုလုပ်ထားသည့် လက်လုပ်လေထိုးတံသေနတ်များကို သိမ်းဆည်းကာ လမ်းကြိတ်စက်ဖြင့် ဖျက်ဆီး

လေထိုးတံဖြင့် ပြုလုပ်ထားသည့် လက်လုပ်လေထိုးတံသေနတ်များကို သိမ်းဆည်းကာ လမ်းကြိတ်စက်ဖြင့် ဖျက်ဆီး
ဖေဖော်ဝါရီ 5, 2020
By Tachileik News Agency

လေထိုးတံဖြင့် ပြုလုပ်ထားသည့် လက်လုပ်လေထိုးတံသေနတ်များကို သိမ်းဆည်းကာ လမ်းကြိတ်စက်ဖြင့် ဖျက်ဆီး

ကချင်ပြည်နယ် မံစီမြို့နယ်အတွင်း သိမ်းဆည်းရမိသည့် လက်လုပ်လေထိုးတံသေနတ်များကို လမ်းကြိတ် စက်ဖြင့် ဖျက်ဆီးပြသမှု ၂၀၂၀ခုနှစ် ဖေဖော်ဝါရီလ(၃)ရက်နေ့က မံစီမြို့နယ်အုပ်ချုပ်ရေးမှူးရုံးရှေ့တွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

မံစီမြို့နယ်အတွင်း လက်လုပ် လေထိုးသံသေနတ်များကို ပိုးသတ်ဆေးဖြန်းပုံးတွင် အသုံးပြုသည့် ပိုက်ချောင်း နှင့် လေထိုးသံတို့ဖြင့် ပြုလုပ်ပြီး စက်ဘီးနောက်ဝင်ရိုးအတွင်း အသုံးပြုသည့် သံဘောသီးလုံးဖြင့် ပစ်ခတ်ကြောင်း နှင့် ကလေးများပါ  ပြုလုပ်ကိုင်ဆောင်သည်များရှိကြောင်း မံစီမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ဖော်ပြထားရှိသည်။

သိမ်းဆည်းရမိသည့် လက်လုပ်လေထိုးတံသေနတ် စုစုပေါင်း (၃၄)အား ကျောင်းသူ ကျောင်းသားများရှေ့တွင်  လမ်းကြိတ်စက်နှင့် ဖျက်ဆီးပြသခဲ့ပြီး မံစီမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ခေါင် နှင့် မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးခင်မောင်ချို အပါအဝင် တာဝန်ရှိသူများက အသိပညာပေးကာ ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။

အဆိုပါ လက်လုပ်လေထိုးတံသေနတ်များကို မံစီမြို့နယ်အတွင်း ရပ်ကွက်နှင့်ကျေးရွာများမှ သိမ်းဆည်းရမိခြင်း ဖြစ်ပြီး ဆက်လက် ပြုလုပ်ကိုင်ဆောင်သူများကိုလည်း အရေးယူသွာမည်ဖြစ်ကြောင်း သိရသည်။

Tachileik News Agency
Source: မံစီ ပြန်/ဆက်
ဓါတ်ပုံ - ရိန်(ပြန်/ဆက်)

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~


~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~